အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(၁)

20.1K 516 5
                                    

နှစ်ဦးသားသဘောတူညီမှုရပြီးနောက် မိုးစက်သည် အကိုနှင်းထန်ကို သူတည်းသည့် ဟိုတယ်သို့လိုက်ပို့ပြီး ပြောလိုက်သည်။

"အကို... အကို ပြန်ရင်ပြန်နှင့်လိုက်လေ။ ကျွန်တော် အလုပ်ကိစ္စတွေ အပြတ်ဖြတ်လိုက်ဦးမယ်။"

နှင်းထန်သည် မိုးစက်၏ ကိုယ်လေးကို ထွေးပွေ့ထားရင်း ပုခုံးလေးကို အသာပွတ်ကာ မေးလိုက်သည်။

"စနေထွဋ်ခေါင်ကို စောင့်မလို့လား။"

မိုးစက်သည် အကိုစိတ်မကောင်းဖြစ်သွားမည်ကို သိသော်လည်း မလိမ်ချင်သဖြင့် အမှန်အတိုင်းပြောလိုက်သည်။

"ဟုတ်တယ် အကို၊ အကိုကြီးက ယုံကြည်လို့ လုပ်ငန်းအားလုံးကို အပ်နှံပြီး ပြည်ပကို အလုပ်ကိစ္စနဲ့သွားတာ။ အကိုကြီး ပြန်မလာမချင်း ကျွန်တော် ဘယ်မှမသွားနိုင်ဘူး။ "

နှင်းထန်သည် စိတ်ထဲရှိသည့်အတိုင်း ပွင့်လင်းစွာပြောချလိုက်သည့် မိုးစက်ကို ငုံ့ကြည့်ကာ သူလေး၏ ပွင့်လင်းမှုကို ယဲ့ယဲ့ပြုံးကာ ချီးကျူးမိသည်။

"မင်း အရင်လို မဟုတ်တော့ဘူး မိုးစက်။ အရင်ကဆိုရင် ကိုယ် စိတ်ဆင်းရဲမယ့်စကားဆို မင်း မြိုသိပ်ထားပြီး ကြည့်ကောင်းအောင် ပြောမှာ။ အခုတော့ မင်း အရမ်းကို ပွင့်လင်းလာတယ်။"

မိုးစက်သည် သူ့ရင်ခွင်မှ ရုန်းထွက်ကာ သူ့ကို အတတ်နိုင်ဆုံးရှင်းပြလိုက်သည်။ ၏

"အကို.... ကျွန်တော် ပြောင်းလဲတာတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အကိုကြီးနဲ့ အနေကြာ တာရယ်။ အကိုကြီးရဲ့ လေ့ကျင့်မှုကို ရခဲ့တာရယ်ကြောင့် အရင် အကိုသိတဲ့ မိုးစက် ဟုတ်ချင်မှ ဟုတ် တော့မယ်။ အခုကတည်းက ကြိုပြောထားပါရစေ။ အကို ကျွန်တော့် ပုံစံအသစ်ကို နားလည်အောင် သည်းခံပေးပါ။ "

နှင်းထန်သည် မိုးစက်ပြောင်းလဲလာသည်ကို သတိပြုမိသော်လည်း သူကိုယ်တိုင် သူ့ပုံစံသစ်ကို လက်ခံဖို့ပြောသည် အထိ ပြောင်းလဲသွားသော မိုးစက်ကို ကြည့်ကာ သက်ပြင်းရှိုက်မိသည်။

"မင်း အရင် ပုံစံပြန်ပြောင်းလို့ရတယ်လေ။"

မိုးစက်ရယ်လိုက်သည်။ မိမိ ပျော့ညံ့ခဲ့ဖူးပြီ။ အချစ်ကြောင့်ငိုကြွေးခဲ့ဖူးပြီ။ ချစ်သူကို လက်တွေ့ကျကျမကူညီနိုင်သော ဘ၀တွင် မိမိအသည်းနှလုံးကို ထုတ်ပေးလိုက်ရသည့် နာကျင်မှုကို ခံစားခဲ့ရပြီးပြီ။ မိုးစက်သည် ပျော့ညံ့သည့်အရင် ပုံစံကို ပြန်သွားရမည်ကိုကြောက်သည်။ မိမိကိုယ်တိုင်ပြောင်းလဲချင်သောကြောင့် အကိုကြီး၏ ကြံ့ခိုင်မှုကို အတုခိုးခဲ့ ခြင်းဖြစ်သည်။ မိမိချစ်သောသူကို မကာကွယ်ပေးနိုင်ရင်တောင် ရင်ဘောင်တန်းကာ အခက်အခဲများကို ရင်ဆိုင်ချင်သည်။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now