အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(27) -ပထမပိုင်း

3.3K 176 4
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(27) -ပထမပိုင်း

မိုးစက်သည် အကိုကြီးနှင့် အတူနေခဲ့ရသည့် တနေ့တာအတွက် အတိုင်းဆမဲ့ စိတ်လုံခြုံခြင်းကို ခံစားရသည်။ ကျေနပ်သည်။ ပျော်ရွင်တာထက် ငြိမ်းချမ်းသည်။ သူနဲ့အတူရှိတိုင်း စိတ်လုံခြုံသည်။ထို့ကြောင့် အကိုနှင်းထန် ကြောင့်စိတ်ညစ်သည်ပင် အနည်းငယ်ခံနိုင်ရည်ရှိသလိုပင် ခံစားလိုက်ရသည်။

"အကို ခင်ဗျား ...ဘာတွေ အလုပ်များနေလို့လဲဗျာ.....ခင်ဗျား ကျွန်တော့်ကို ဘာလို့ပြစ်ထားရတာလဲ။"

မိုးစက် အိပ်ယာထက်တွင်အိပ်ပျော်ခါနီး သူ့ကို တ ကာတိုးတိုးလေးပင် ရေရွတ်မိသေးသည်။ နောက်ဆုံး ဖက်လုံးကြီး ကို သူ့အမှတ်နှင့် ဖက်ကာ အိပ်ပျော်သွားတော့သည်။

နှင်းထန်အိမ်ရောက်တော့ ညသန်းခေါင်ကျော်နေပြီ။ 1 နာရီ တိတိထိုးနေပြီ။


"ဆရာ.. တခုခုစားဖို့စီစဉ်ပေးရမလား"

ကားဒရိုင်ဗာက နှင်းထန်ကို မေးသည်။ နှင်းထန် ခေါင်းယမ်းလိုက်သည်။


"ရတယ်။ ကျွန်တော်မဆာဘူး။ သွားအိပ်တော့။ ကျွန်တော်လည်း နားတော့မယ်.."

နှင်းထန်သည် ဒရိုင်ဗာကို ပြန်လွှတ်ပြီး အိမ်ပေါ်ထပ် မိမိတို့အိပ်ခန်းရှိရာကိုလာခဲ့သည်။ ကိုယ့်အိမ်ကို ပြန်ေ၇ာက်ပြီ။ ချစ်သော မိုးစက်ရှိသည့် အိမ်ကိုပြန်ရောက်ပြီဆိုသည့်အသိက နှင်းထန်ကို စိတ်သက်သာရာ ရစေသည်။ မိုးစက်ကို မမြင်ရသေးသည့်တိုင် မိုးစက်ရှိသည့် နေရာလေးဆိုသည်ကပင် နှင်းထန်အတွက် ခွန်အားတစ်ရပ်ဖြစ်သည်။

နှင်းထန်သည် အိပ်ခန်းတံခါးကို အသာလေးဖွင့်ကာ အထဲကို ၀င်ခဲ့သည်။ ညအိပ်မိုးလုံးပြာပြာလေးအောက်တွင် မွေ့ယာ ထက် ဖက်လုံးလေးကို ဖက်ကာ တစ်စောင်းလေး ကျောပေးကာ အိပ်ပျော်နေသည့် ကောင်လေး၏ ကျောပြင်ကို ကြည့်ရင်း နှင်းထန်၏ စိတ်တို့လှိုင်းထန်လာခဲ့သည်။

နှင်းထန်သည် အထုပ်ကို အသာချပြီး Coat ကိုချွတ်ကာ ခုတင်ဘေးသွားထိုင်ကာ ချာတိတ်လေးကို ငုံ့နမ်းလိုက်သည်။ ပါးလေးကို နမ်းပြီးနောက် အားမရတော့သဖြင့်ကလေးကို မိမိဘက်ကိုဆွဲလှည့်ကာ နူတ်ခမ်းလေးကို ဖိအပ်ကာ နမ်းလိုက်သည်။

အချစ်စစ်၏ တည်နေရာحيث تعيش القصص. اكتشف الآن