အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(24)

2.7K 161 1
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(24)

"မာန့်ကို ညစာလိုက်ကျွေးလို့ ကျေးဇူးတင်ပါတယ် ကိုဝသုန်.."

ညမိုးချုပ်လို့ ၀သုန်က မာန့်ကို လိုက်ပို့ပေးတော့ ပြောလိုက်သည်။ ၀သုန်က မာန့်ကို စောင်းကြည့်ကာ မေးလိုက် သည်။


"မာန် ဒီလောက်စကားပြောကောင်းတယ် လို့ အကိုထင်မထားမိဘူး။ အရင်က မာန်က သိပ်မသိတဲ့သူတွေဆိုရင် စကားသိပ်မပြောဘူးလေ.."

စူးရှမာန်က ရှက်ရယ်ရယ်ကာ ပြောလိုက်သည်။ သူမ၏ မျက်နှာက ရှက်သွေးဖြင့် ပန်းနုရောင်သမ်းနေသည်ကို ၀သုန် တွေ့လိုက်ရသည်။


"မဟုတ်ပါဘူး ကိုဝသုန်ကလည်း။ အတုလက မာန်သဘောကျနေတဲ့သူပါ။ သူ့ကိုတွေ့တော့ မာန်လေ အကို့ကို အရမ်းကျေးဇူးတင်သွားမိတယ်... "

မာန်က ပွင့်လင်းစွာပြောလိုက်သည်။ ၀သုန်၏ ရင်ထဲ တစ်ခုခု ဆို့နေသလို ခံစားလိုက်ရသည်။ နားထဲတွင် မာန်၏ စကားများက ခါးသက်စွာဝင်သွားသည်။ မိမိဖာသာ ဘာဖြစ်သည်ကို ၀သုန် သတိမထားလိုက်မိပေ။ မာန့်ကို ပြန်မေးလိုက်သည်။


"မာန်... အတုလကို ချစ်နေတာ မဟုတ်ပါဘူးနော်..."

မာန်က ရှက်ပြုံးလေးဖြင့် ဖြေသည်။ သူမ အဖြေက တိုးသော်လည်း ပြတ်သားသည်။


"ချစ်တယ်...အရင်ကတည်းက အတုလကို ချစ်နေတာပါ..."

ဝသုန်၏ ရင်ထဲတွင် တခုခုကျကွဲသွားသလို ခံစားလိုက်ရသည်။ သက်ပြင်းကို ချလိုက်မိသည်။ မိုးစက် လုပ်ထားတာ တလွဲစီဖြစ်ပြီဟုထင်သည်။


"ဥိီးစနေကို သဘောမကျဘူးလား မာန်.."

မာန်က နှစ်ခြိုက်စွာပြုံးလိုက်သည်။ ၀သုန်ကို စိတ်ရင်းအတိုင်းဖြေလိုက်သည်။


"သဘောကျတယ် အကို။ ဦးစနေက အရမ်းကို တော်တဲ့ပုံပဲ။ ရှာမှ ရှားတဲ့သူပါ။ အဆင်းရော၊ အချင်းရော ပြည့်စုံတယ်။ ဦးက အဲ့လို တော်လို့ အတုလက တော်တာဖြစ်မယ်။ "


"အင်း....ဟုတ်တယ်။ ဦးစနေက တကယ်ကို တော်တဲ့သူပါ မာန်။ မာန် သူ့ကို သဘောမကျဘူးလား... "

အချစ်စစ်၏ တည်နေရာWhere stories live. Discover now