အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(29) -ပထမပိုင်း

3.1K 175 5
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(29) -ပထမပိုင်း

မိုးစက်သည် အကိုနှင်းထန်လက်ထဲမှ ဖုန်းကိုလှမ်းယူကာ စောမြ၀တီကိုနူတ်ဆက်လိုက်သည်။ တကယ်ကို မိုးစက် သူ့ကို ကိုယ့်ချစ်သူ၏ ညီမလို့ပဲစိတ်ထဲမှတ်ထင်ထားသည်။ သူ့ကလေးနေမကောင်းသည့် သတင်းနှင့်ပတ်သတ်ပြီး မေးရမည့် တာဝန် မိမိမှာရှိသည် မဟုတ်လား။ တာဝန်ကြောင့်လည်းမဟုတ်ပါ။

အပြစ်မရှိသည့် ကလေးကို မိုးစက် မမုန်းပါ။ မိမိကြောင့် မိရင်း ဖရင်းနှင့် မနေရပဲ ကြီးပြင်းလာရမည်ကိုပင် အားနာနေမိသည် မဟုတ်လား။ ထို့ကြောင့် အကိုနှင်းထန် မိမိကို ချစ်လို့ အရာအားလုံးကို စွန့်လွှတ်ပြီး လူတကာမေးငေါ့ခံကာ မိမိလက်ကို ကိုင်ဆွဲထားလေ မှတော့ မိမိက ဘာကြောင့် သဘောထားမကြီးရမည်နည်းဟု မိုးစက် ခံယူထားသည်။

"ဟယ်လို ၀တီ။ နေကောင်းတယ်နော်။ ကလေးလေးလဲ သက်သာလား။"

"၀တီနေကောင်းပါတယ် မိုးစက်။ သားလေးလည်း အခြေနေအတော်ကြီးကို တိုးတက်လာပါတယ်။ တောင်းပန်ပါတယ် မိုးစက်ရယ်.."

မိုးစက်သည် ၀တီ့ဘက်မှ တောင်းပန်စကားကြောင့် အနည်းငယ်ကြောင်သွားသည်။ မိမိက သူတို့သားအမိကို အားနာနေပါသည် ဆိုမှ သူမက မိမိကို တောင်းပန်နေသည် မဟုတ်လား။

"ဘာဖြစ်လို့တောင်းပါတာလဲ ၀တီရယ်။ ၀တီတို့ကို ကျွန်တော်က အားနာရမှာပါ။"

မိုးစက် စိတ်ရင်းအတိုင်း ပြန်မေးလိုက်သည်။ နှင်းထန်သည် နံဘေးမှနေပြီး မိုးစက်ပြန်ပြောလိုက်သည်ကိုကြားတော့ ချွေးပြန်နေသည်။ ၀တီက ဘာကိုတောင်းပန်နေတာလဲ။ သူမ ရဲ့ တောင်းပန်စကားက ဘာကို ရည်ရွယ်တာလဲ။

မိိမိတို့ သာယာသည့် အခြေနေကို ဖျက်ဆီးမည့် အကြောင်းရာလား ဟု တွေးကာ ရင်တုန်လာခဲ့သည်။ နှင်းထန် တံတွေးကို အနိုင်နိုင်မျိုချနေမိစဉ် အပေါ်ထပ်မှ ဆရာတော် ဆင်းလာသည်ကိုတွေ့တော့ မိုးစက်က မိမိကိုတွန်းလွှတ် လိုက်သဖြင့် ဆရာတော်နားကိုလာလိုက်ရသည်။ စိတ်ကတော့ လေးလို့နေသည်။ မတော် ၀တီ တခုခုပြောလိုက် လျှင်ဟုတွေးကာ အသက်ရှုကြပ်လာသည်။

အချစ်စစ်၏ တည်နေရာOù les histoires vivent. Découvrez maintenant