အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(33) ဇာတ်သိမ်းပိုင်း

8.8K 437 49
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(33) ဇာတ်သိမ်းပိုင်း

မိုးစက်သည် အကိုကြီးနားတွင်နေပြီး အကိုကြီးဆေးကုသ သည်ကို အတုလ နှင့်တိုင်ပင်ကာ အသေးစိတ် စီစဉ်ပေးသည်။ ထို့နောက် အကိုကြီး ဆေးကုသည့်နောက်ကို လိုက်ချင်သော်လည်း မိမိက အိမ်ထောင်ရှိသဖြင့် ရန်ကုန်ကို ပြန်လာရန် ဆုံးဖြတ်လိုက်သည်။ လောလောဆည် အကိုကြီးမသွားခင် အနားတွင်နေပြီး ပြုစုပေးသည်။ အကိုကြီးနှင့် နေ့တိုင်းစကားတွေပြောသည်။ အကိုကြီးကလည်း မိမိအနားတွင်ရှိသောကြောင့် ထင်သည်။ အစားလည်း ၀င်လာသည်။ အနည်းငယ် သက်သာလာသလိုပင်။

ထိုစဉ် ၀သုန်ထံမှ ဖုန်းဝင်လာခဲ့သည်။ အကိုနှင်းထန်ပြောသလို ၀သုန် မိမိထံလာမည်ကို အကြောင်းကြားတာထင်ပါရဲ့ ဟုတွေးမိသည်။

"မိုးစက်.......ငါ တောင်ကြီးကိုလာနေပြီ။ အခု ဟဲဟိုးလေဆိပ်မှာ ရောက်နေပြီ။ မင်းငါ့ကို လာကြိုပေးပါလား။"

ဝသုန်က မိုးစက်ကို ဖုန်းဆက်လိုက်သည်။ ဟုတ်သည်။ ချစ်သော အတုလ၏ ဒယ်ဒီ ယခုလို ရောဂါဖြစ်ကာ ပူဆွေးနေသည့် အချိန် မိမိအနားတွင်ရှိနေပေးချင်သည်. ထို့ကြောင့် အလုပ်ပြတ်သည်နှင့် တောင်ကြီးကို လိုက်ခဲ့ခြင်းဖြစ်သည်။ ပြီးတော့ မိုးစက်ကိုလည်း သတင်းကောင်းပြောပြချင်သည်။

မိုးစက်သည် အကိုကြီးကို အကျိုးကြောင်းပြောကာ ၀သုန်ကိုကြိုရန် ဆင်းလာခဲ့သည်။


"၀သုန် ငါဒီမှာ.........."

လေဆိပ်မှ အထွက် မိုးစက်ကို တန်းတွေ့သည်။ မိုးစက်သည် ၀သုန့်ပုခုံးကို ဖက်ကာ မေးလိုက်သည်။
"မင်း က ဘာလို့ လိုက်လာတာလဲကွ။"

ဝသုန်က ဖြေရခက်သွားသည်။ မိုးစက်သိလျှင် မိမိကို ဟားမည်စိုးရသေးသည် မဟုတ်လား။
"ငါလား အပန်းလာဖြေတာပေါ့ကွာ.။"
"အင်း...အင်း... မင်း အခွေကို ဖြန့်ပြီးတော့ အပန်းဖြေလာတာပေါ့ ဟုတ်လား။ ဒါရိုက်တာ မပီသလိုက်တာ။ ငါမရှိပါဘူး ဆို.။ လိုက်လာသေးတယ်။ အန်ကယ်သာ သိရင် ငါတို့နှစ်ယောက်အထောင်းခံရလိမ့်မယ်။"

You've reached the end of published parts.

⏰ Last updated: Dec 08, 2017 ⏰

Add this story to your Library to get notified about new parts!

အချစ်စစ်၏ တည်နေရာWhere stories live. Discover now