မိုးစက်သည် သူ ရေချိုးခန်းထဲမှ ထွက်မလာခင် အိမ်အောက်ကို ဆင်းလာခဲ့သည်။ မီးဖိုထဲတွင် ဒေါ်လေးပိုက မနက်စာ အသင့်ခင်းကျင်းပေးထားသည်။ ဒေါ်လေးက မိုးစက်ကိုတွေ့သည်နှင့် လှိုက်လှဲစွာနူတ်ဆက်သည်။
"မိုးစက်လေး ဆာပြီလား။ အားလုံးအသင့်ဖြစ်ပြီနော်။"
မိုးစက်သည် ဒေါ်လေးကို နူတ်ဆက်ကာပြန်ဖြေလိုက်သည်။
"သိပ်မဆာသေးဘူး ဒေါ်လေး။ အကိုနှင်းထန်ကို စောင့်ဦးမယ်။ ဒေါ်လေးက ပိုခန့်လာတယ်။ အရင်လို နည်းနည်းမှ ရုပ်မပြောင်းဘူးနော်။ "
"မိုးစက်ရယ်။ သားက စကားပြောတတ်လာလိုက်တာ။ သားကမှ ပိုချောလာတယ်။ ပိုပြီး အပြောကောင်းလာတယ်။ အင်း... ဒီတစ်ခါ ဘယ်မှ ထွက်မသွားနဲ့တော့နော်။ သားဒီတစ်ခါ ထွက်သွားရင် မောင်နှင်းထန် ရူးပြီး သေသွားလိမ့်မယ် ကွဲ့။ "
ဒေါ်လေးပိုသည် ပိုချစ်စရာကောင်းလာသည့် မိုးစက်လေးကို ချစ်ခင်စွာကြည့်ရင်း ပြောလိုက်သည်။ ဟုတ်သည်။ မိမိ၏ သခင်လေး မောင်နှင်းထန် အတွက် ကြုံတုန်းပြောရမည်လေ။
မိုးစက်၏ မျက်နှာ ပန်းရောင်သမ်းသွားသည်။ မိမိနှင့် အကိုနှင်းထန်ကို ထပ်ဝေးသွားမှာကို အရမ်းစိုးရိမ်နေသည့် ဒေါ်လေးကို ကြည့်ကာ မိုးစက် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော် အကိုမနှင်မချင်း အနားမှာနေမှာပါ ဗျာ။ စိတ်ချပါ။"
"အောင်မယ်လေး မိုးစက်လေးရယ်။ မောင်နှင်းထန်လား မင်းကိုနှင်မှာ။ စိတ်ချ။ သေတောင် မနှင်ဘူး။ "
မိုးစက်သည် သဘောကျစွာရယ်ကာ ကတိပေးလိုက်သည်။
"စိတ်ချပါဗျာ။ ဒါနဲ့ အန်ကယ် ဦးမင်းထန် ရော နေကောင်လား ဒေါ်လေး။"
ဒေါ်ပိုက သက်ပြင်းချလိုက်သည်။
"အင်း အကိုကြီး သွေးတိုးနေတယ် မိုးစက်။ အခုတော့ သက်သာပါပြီ။ အခုတော့ သက်သာပါပြီ။ စောမြ၀တီလေးလည်း ဖြောင့်ဖြရှာပါတယ်။"
မိုးစက်ထိုအခါမှ စောမြ၀တီကို သတိရလာသည်။
"သြော် ၀တီတို့ က ဘယ်မှာနေသလဲ။ သွားလည် ရအုံးမယ်။"
![](https://img.wattpad.com/cover/111101007-288-k839015.jpg)