အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(28) -ဒုတိယပိုင်း

3.2K 192 9
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(28) -ဒုတိယပိုင်း

မိုးစက်သည် အကိုနှင်းထန်နှင့်အတူ မနက်စာစားပြီးအိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်သည်။ ပူလောင်နေသော အကို့ ရင်ထဲက အပူကို မေးပြီး နှစ်သိမ့်ပေးမည်ဟု တွေးလိုက်ပြီး အလုပ်ကို မသွားတော့ဟု စိတ်ဆုံးဖြတ်လိုက်သည်။


"ကျွန်တော် အလုပ်ကိုမသွားတော့ဘူး အကို။ ၀သုန်ကိုဖုန်းဆက်လိုက်ဦးမယ်။ ခဏလေးနော်.."

မိုးစက်၏ အပြောကြောင့်နှင်းထန်၏ မျက်နှာပြုံးသွားသည်။ မိုးစက်၏ လက်ကိုလှမ်းဆွဲကာ ပြောလိုက်သည်။


"ဒီမှာပဲပြော။ ကိုယ် ကလေး လှည့်ထွက်သွားတာကို မကြည့်နိုင်ဘူး။"

မိုးစက်က သူ့ကိုပိုရန်ကောဟူသော အကြည့်ဖြင့်ကြည့်ကာ ဘာမှမပြောပဲ ဖုန်းကို နှိပ်လိုက်သည်။ နှင်းထန်က မိုးစက်၏ အကြည့်ကို သိသည်။ သက်ပြင်းကို မိုးစက်မသိအောင် ကြိတ်ချကာ စိတ်ညစ်စရာအတွေးကို မျိုသိပ်ထားလိုက်ပြီး ချစ်သူနှင့်အတူရှိစဉ် ဘာကိုမှ မတွေးဟု ဆုံးဖြတ်လိုက်သည်။


"၀သုန်....ငါ ဒီနေ့ အလုပ်ကို မလာဖြစ်ဘူး။ ငါ့ကို ခွင့်တင်ပေးထားပါ။ "

"အင်း ... ထင်တယ်။ အလုပ်နောက်ကျကတည်းက မင်းမလာဖြစ်တော့ဘူးလို့ ထင်သား။ ဒါကြောင့် အတုလကို ပြောလိုက်ပါတယ်။ အဲ့ကောင်က မရဘူး။ ဒေါကန်ပြီး မင်းဆီဖုန်းဆက်လိုက်တာ။ မင်း ဘိုးတော်နဲ့တိုးတာလား။"


"အင်း. ... သူဘာဖြစ်နေလို့လဲ။"


"၀မ်းချုပ်နေတဲ့ မျက်နှာဖြစ်နေတယ်ကွ...."

ဝသုန်က ပြောပြီး မအီမသာရုပ်ဖြင့် ရိုက်ကွင်းကို စီမံနေသော အတုလကိုလှမ်းကြည့်ကာ တခိခိရယ်လိုက်မိသည်။ အတုလက အလုပ်တွင် တည်တင်းနေတတ်သော်လည်း ယခုလို ကျွဲမြီးတိုနေသည့် ပုံလေးကို ကြည့်ကာ စချင်၊ နောက်ချင် စိတ်က ပေါ်လာမိသည်။ သို့သော် အလုပ်ခွင်တွင်ဖြစ်သောကြောင့် ၀သုန် မနည်းကို ထိန်းထားရသည်။

အချစ်စစ်၏ တည်နေရာOnde histórias criam vida. Descubra agora