အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(9) -

4.2K 226 1
                                    

နှင်းထန်သည် မိုးစက်၏ နူတ်ခမ်းလေးကို သိမ်းပိုက်ပြီး တကိုယ်လုံးကို သူပိုင်ဆိုင်ကြောင့် တံဆိပ်ခတ်နှိပ် လိုက် တော့သည်။ မိုးစက် တားသည့်ကြားက အချစ်သင်္ကေတများကို နေရာအနံ့ ချနေတော့သည်။ နောက်ဆုံး တားမရမည့် အတူတူ မိုးစက်လည်း မျက်လုံးမှိတ်ကာ သူ့အချစ်ထဲကို စီးမျောသွား တော့သည်။

အကိုနှင်းထန် သည် အရင်က အတူနေစဉ်ကို ပိုသည်းလာသည်။ ပိုကဲလာသည်။ ကွဲကွာနေသည့် နှစ်နှစ်အတွင်း သူ အတတ်မျိုးစုံအောင် တတ်လာသည်။ ချစ်လို့အတူနေတာ သဘာဝလို့ဆိုပေမယ့် ချစ်သူကိုကျေနပ်အောင် လိုက်လျောပေးရမည်ကို သိပေမယ့် သူ့တစ်ခါချစ်ကို မိုးစက်တကယ်ကို လန့်လာသည်။ ပြန်ရောက်ကတည်းက အခန်းထဲ ခေါ်လာလိုက်တာ ဒေါ်လေးပိုချက်ပြုတ်ပြီးသည့်အချိန်လည်းသူက မပြီးနိုင်ပေ။

"မိုးစက်လေး..... ညနေစာ ကျက်ပြီနော်။ ညစာ စားချင် စားလို့ရပြီ..."

သူက ပြန်ဖြေဟန်ပြင်နေသော မိုးစက်၏ ပါးစပ်ကိုလှမ်းပိတ်ကာ ပြန်ဖြေလိုက်သည်။

"မိုးစက်အိပ်ပျော်နေလို့ ဒေါ်လေးပို။ သူနိုးလာမှ ကျွန်တော်လည်း ဆင်းလာတော့မယ်။"

"အေး... အေး... မောင်နှင်းထန်။ "

ဒေါ်လေးက တကယ်ယုံကာ ဆင်းသွားသည်။ ဒေါ်လေး ဝေးသွားမှ သူက မိုးစက်ကို စကားပြောခွင့်ပေးတော့သည်။ မိုးစက်သည် သူ့ကိုတွန်းဖယ်ကာ ထထိုင်ပြီးရန်တွေ့သည်။

"ဘာလို့ လူကြီးကို လိမ်ရတာလဲ။ ထ ရေချိုးပြီး သွားစားမယ်။"

မိုးစက်ကို သူက တွန်းလှဲပြီး တောက်ပစွာကြည့်လိုက်ပြန်သည်။ မိုးစက် တကယ်ကို လန့်လာသည်။ အခုတောင် သုံးခါ ပြီးနေပြီ။ ဒါတောင် သူ့ ထပ်ပြီး ကြည့်နေသေးသည် ဆိုတော့ မဟုတ်တော့ပေ။

"အကိုနော်...."

"ဘာ အကိုနော်လဲ။ "

သူက ပြုံးကာ မေးရင်း မိုးစက်၏ လည်တိုင်များကို ထပ်ပြီးနမ်းပြန်သည်။ မိုးစက် သေချာသွားလေပြီ။ သူ ဆေးသုံးထားတာ သေချာပြီ။ သေရောပေါ့။ မိမိကို အသေသတ်ချင်နေတာလားဟု တွေးကာ ရန်လုပ်လိုက်သည်။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now