အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(31) -ပထမပိုင်း

3.5K 199 9
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(31) -ပထမပိုင်း

မိုးစက်သည် အကိုကြီးနှင့် တွေ့ချင်ဇောဖြင့် ကားဒရိုင်ဗာကို အမြန်မောင်းခိုင်းနေသည်။ ဒရိုင်ဗာကလည်း မိုးစက် ကျေနပ် အောင် ပြောသည့်အချိန်အရှိန်တင်ပေးလိုက်ပြီး မိုးစက် သတိမထားမိသည့်အခါ အရှိကို ပြန်လျော့ လိုက်သည်။

"အကိုလေး ခဏအိပ်လိုက်ပါလား။ ရောက်ဖို့လိုသေးတယ်။ အကိုလေး အရမ်းကို စိတ်မောနေပြီ။"

"မအိပ်ချင်ပါဘူးဗျာ။"

မိုးစက် ဒရိုင်ဗာ၏ စေတနာကို သိသော်လည်းငြင်းလို်က်သည်။ မိမိအတွေးထဲတွင် အကိုကြီး အကြောင်းကို တွေးနေချင်သေးသည် မဟုတ်လား။

"ခဏအိပ်လိုက်ပါ မိုးစက်။ အခုလို မင်းစိတ်စောလည်း အမြန်ရောက်မသွားဘူး။ မင်းအနားယူသင့်ပြီ။ "

အတုလကပါ မိုးစက်ကို တိုက်တွန်းလိုက်သည်။ မိုးစက်၏ မျက်နှာက ရန်ကုန်မှ စထွက်လာကတည်းက ညှို့မှိုင်းနေသည် မဟုတ်လား။ မိုးစက် အရမ်းကို စိတ်ပူပြီး စိတ်ပင်ပန်းနေလေပြီ။

"ငါ ဘယ်လိုလုပ် အနားယူနိုင်မှာလဲ။ အကိုကြီး ကဆေးရုံပေါ်မှာ..."

မိုးစက် ပြောရင် အသက်ရှုကြပ်လာသလိုပင်။ အကိုကြီး နာကျင်နေမလား။ မောနေမလား။ အသက်ရှုရကြပ်နေမလား။ ရင်ထဲက နာကျင်နေမလားဟု တွေးကာ မိုးးစက်ရူးချင်လာခဲ့သည်။

"အဲ့ဒါကြောင့် မင်းပို အနားယုသင့်တယ်။ ဟိုရောက်ရင် ဒယ်ဒီကို ဆေးရုံတက်ဖို့ မင်းပဲတိုက်တွန်းရမှာ။ ဒယ်ဒီခေါင်းမာတာ မင်းအသိဆုံး။ မင်း ဒယ်ဒီ့ကို အနိုင်ပြောဖို့ အားရှိနေဖို့လိုတယ်လေ။ "

အတုလသည် သူငယ်ချင်းကို စေ့စေ့ကြည့်ကာ သေချာ ဖြောင့်ဖြလိုက်သည်။ ယခုပုံက မိုးစက်ပါ ဒယ်ဒီ့အကြောင်းကို ကြားသည်နှင့်စိတ်ထိခိုက်ကာ ချူံးချုံးကျသွားမည့်ပုံပေါက်နေသည်။

"ငါ...ငါ သိပါတယ်။ အကိုကြီးကို ရအောင်လည်းပြောပါ့မယ်။ ဒါပေမယ့် အကိုကြီး ဒီလောက်ဖြစ်နေတာကို မသိရလောက်အောင် ပိန်းတဲ့ ငါ့ကိုယ်ကိုယ်ကို ဒေါကန်နေမိတယ်။"

အချစ်စစ်၏ တည်နေရာWhere stories live. Discover now