အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(31) -ဒုတိယပိုင်း

2.8K 211 6
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(31) -ဒုတိယပိုင်း

မိုးစက်သည် အကိုကြီးကျေနပ်အောင် စီစဉ်ထားသည်များကို စားသောက်ပြီးနောက် မေးမည်အပြု အကိုကြီးက ခေါင်းခါကာ ပြောလိုက်သည်။

"နားလိုက်ဦး။ ရေချိုးပြီးမှ မင်းမေးတာကို ဖြေနိုင်မယ်...."

မိုးစက် သည် အကိုကြီး၏ မျက်လုံးထဲကို စိုက်ကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး အတုလကို ဆွဲခေါ်လိုက်သည်။


"လာ အတုလ ငါတို့ခရီးအရမ်းပန်းလာတာ...ရေချိုးလိုက်ကြစို့။ ပြီးမှ အေးအေး ဆေးဆေး စကားပြောကြတာပေါ့..."

အတုလသည် ဒယ်ဒီကို တလှည့်၊ မိုးစက်ကို တလှည့်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ ဒယ်ဒီ့အကြောင်းကို မိုးစက်ပိုပြီး နားလည်သည် မဟုတ်လား။


"တော်သေးတယ်။ အကိုကြီး ရဲ့ပုံစံကို ဒီထက် ဆိုးဆိုးဝါးဝါးထင်ထားတာ။ "

အတုလက မိုးစက်ကို ကြည့်ကာမေးလိုက်သည်။ဒယ်ဒီ ဒီလောက်ပိန်သွားတာကို ဒီကောင်မတွေ့ဘူးလားဟု တွေးမိသည်။


"ငါက အကိုကြီး လူ့လောကကို ငြီးငွေ့ပြီး အရှုံးပေးလိုက်မှာကိုကြောက်နေတာ အတုလ.... ရောဂါကို ကုဖို့ စိတ်ဓါတ်မကျဖို့ပဲ အရေးကြီးတယ်။"

မိုးစက်က အတုလကို သေချာ ရှင်းပြသည်။ အကိုကြီး ၏ စိတ်ဓါတ်က ပြင်းထန်နေဆဲပါ။ ထို့ကြောင့် မိုးစက် စိတ်အား တက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် အကိုကြီး ဘာရောဂါဖြစ်နေပါစေ ပျောက်အောင် ကုဖို့ တိုက်တွန်းရမည်။ မိုးစက်သည် မိမိတို့အတွက် နားရန်ပေးထားသည့် အခန်းထဲကို ၀င်ကာ ရေပူစပ်ကာ အားရပါးရ ရေချိုးလိုက်သည်။ မိမိ၏ စိတ်ရော ကိုယ်ရော လန်းနေဖို့လိုသည် မဟုတ်လား။


"အကိုကြီး.... ဘာကြောင့် ဒီလို စိတ်ကို လျော့လိုက်တာလဲဗျာ။ အကိုကြီးဆိုတာ ကျောက်တောင်ကြီးလို အင်မတန်ကို ကြံ့ခိုင်တဲ့သူလို့ ကျွန်တော်မှတ်ထားတာဗျ။ အကိုကြီး... နေကောင်းလာစေရမယ်။ ကျွန်တော့် ဘ၀အတွက် အကိုကြီး ဆက်ပြီး အသက်ရှင်ပေးပါဗျာ............"

အချစ်စစ်၏ တည်နေရာWhere stories live. Discover now