နှင်းထန်သည် မိုးစက်နှင့် စကားများပြီးအလုပ်ကို ထွက်လာခဲ့ရသဖြင့် စိတ်မကောင်းဖြစ်နေမိသည်။ အလုပ်ကို အမြန်ဖြတ်ပြီး ပြန်မည်အပြု အတွင်းရေးမှုးမလေးက နှင်းထန်ကို စကားပြောခွင့်တောင်းခဲ့သည်။
အေးစပယ်ဆိုသည့် အတွင်းရေးမှုးမလေးသည် အလုပ်ကိုင်တော်ကာ အားကိုးရသူဖြစ်သည်။ လိမ်မာရေးခြားရှိကာ တော်သောသူဖြစ်သဖြင့် နှင်းထန်ခေါင်းငြိမ့်ကာ ထိုင်ခုံတွင်ဝင်ထိုင်ကာ အေးစပယ်ကို ရှေ့ခုံတွင် ထိုင်ခိုင်းကာ မေးလိုက်သည်။
"အေးစပယ် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ။ ဆရာအတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။"
နှင်းထန်သည် ချီတုံချတုံနှင့် တုန့်ဆိုင်းနေသော အတွင်းရေးမှုးမလေးကို စကားစဖွင့်ပေးလိုက်သည်။
"ဆရာ ဘယ်လိုသိတာလဲဟင်။ ကျွန်မ အကူအညီလိုနေတယ်ဆိုတာကို။"
အေးစပယ် တကယ်ကို အံ့သြသွားပြိး မိမိသူဌေးကို မေးလိုက်သည်။
"သြော် အေးစပယ်က ဆ၇ာ့အတွင်းေ၇းမှုးလုပ်နေတာ ၂ နှစ်၇ှိပြီလေ။ ညီမလိုလည်းဖြစ်နေပြီ။ အေးစပယ် မျက်နှာအမူအယာ ဘယ်လိုဖြစ်၇င် ဘယ်လို ခံစားနေ၇တယ်ဆိုတာကို ဆ၇ာ နည်းနည်းတော့၇ိပ်မိတာပေါ့။ ကဲ ပြော။ ဆရာ ဘယ်လိုကူညီပေးရမလဲ။ ဘာအကူအညီလိုနေလဲ။ ငွေရေးကြေးရေးလား။ အားမနာနဲ့ပြောပါ။"
နှင်းထန်က ညီမလေးကို ရှင်းပြသလို စိတ်ရှည်စွာရှင်းပြလိုက်သည်။
"ဟိုလေ ဆရာ ကျွန်မအဖေ အလုပ်လုပ်ဖို့အကူညီတောင်းချင်လို့ပါ။ "
အေးစပယ်သည် မျက်နှာကိုအောက်ချကာ အကူအညီတောင်းလိုက်သည်။
"အေးစပယ် အဖေကို ဘာလို့အလုပ်လုပ်ခိုင်းစေချင်တာလဲ။ ဟိုတလောကမှ အငြိမ်းစားယူထားတာ မဟုတ်လား"
နှင်းထန်သည် ပင်စင်ယူထားသည့် ဖခင်ကို အလုပ်လုပ်စေချင်သည့် သမီးကို ပြန်မေးလိုက်သည်။
"ဟုတ်ပါတယ် ဆရာ။ ကျွန်မတို့က အလုပ်မလုပ်စေချင်ပါဘူး။ ဒါပေမယ့် ဖေဖေက အငြိမ်းစားယူပြီးကတည်းက အရမ်းကို ငြိမ်သွားတယ်။ အရင်ကဆို အရမ်းသွက်လက်တဲ့သူပါ။ သူ့သူငယ်ချင်းတွေနဲ့ သွားလာပေမယ့် မပျော်သလိုဖြစ်လာတယ်။ "
![](https://img.wattpad.com/cover/111101007-288-k839015.jpg)