အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(29) -ဒုတိယပိုင်း

3.7K 191 8
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(29) -ဒုတိယပိုင်း
"နေ့လည် ကိုယ်ကလေးကို ထမင်းစားဖို့လာခေါ်မယ်နော်။ စောင့်နေ..."

နှင်းထန်သည် မိုးစက်ကို အလုပ်တွင် ၀င်ချပေးရင်း မှာသည်။ မိုးစက် အကို့ကို နူးညံ့စွာပြုံးရင်း ပြန်ပြောလိုက်သည်။

"သိပ်တော့ မသေချာဘူး အကို။ မနေ့က အလုပ်ပျက်ထားတော့ ကျွန်တော်အလုပ်တွေ ပုံနေမလားပဲ။ ညနေမှ အတူ စား၇အောင်လားဗျာ....နော်။ အကိုလည်း အစည်းဝေးတွေ ရှိတယ် မဟုတ်လား။"

နှင်းထန်သည် ဖခင်ကြီးနှင့် တွေ့မည်ကို သတိရသွားသည်။ သေချာတာ နေ့လည်စာ စားတာ နောက်ကျဖို့များသည်။ ဒယ်ဒီ့ကို ၀တီနှင့် ကလေးအကြောင်း အပြတ်ဖြတ်ရမည် မဟုတ်လား။ ထို့ကြောင့် မိုးစက် ပြောသည်ကို လက်ခံလိုက်သည်။

"အင်းလေ။ ပြီးရော။ အကိုလည်း အလုပ်များလောက်တယ်။ ညနေကျမှ အပြင်သွားစားကြမယ်နော်.."

"ဟုတ်ကဲ့။ "

မိုးစက် လှည့်ထွက်မည်အပြု သူက လက်ကိုလှမ်းဆွဲကာ ပြောသည်။

"ချာတိတ်..မေ့နေပြီလား။"

မိုးစက် လှည့်ကြည့်လိုက်တော့သူက ပါးပြင်ကို လက်ညှိုးနှင့်ထိုးပြနေသည်။ မိုးစက် စိတ်အိုက်သွားသည်။ သူက အလုပ်သွားခါနီး နူတ်ဆက် အနမ်းပေးခိုင်းနေသည် မဟုတ်လား။

"အာ..အကိုကလည်း။ လူတွေမြင်ကုန်ရင် မကောင်းပါဘူး။"

နှင်းထန် အနည်းငယ် အလိုမကျဖြစ်သွားသည်။ မိုးစက်က ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းသည် မဟုတ်လား။ နှင်းထန်က မိုးစက်၏ နက်တိုင်ကို ဆွဲယူကာ စကားများနေသော နူတ်ခမ်းလေးကို ဒဏ်ခတ်လိုက်တော့သည်။

"အကိုကလဲဗျာ...သွားတော့မယ်.."

မိုးစက် တိုးတိုးပြောကာ ကားပေါ်မှ ဆင်းလာခဲ့သည်။ အကို့ကို လက်လန်သည်။ ဘယ်လိုမှ ပြောမရပေ။ သူ သိပ်ချစ်သည်ကိုသိတော့လည်း မိုးစက် အပြစ်မတင်ရက်ပါ။ အကို့နားကြာကြာနေရမှာ ကျောချမ်းလာသည်။

နှင်းထန်သည် မျက်နှာနီကာ ကားပေါ်မှ အမြန်ဆင်းသွားသော ချစ်သူကို ငေးကြည့်ကာ ကားကို မောင်းထွက်လာခဲ့ သည်။ company မှာ ဒယ်ဒီနှင့် ဆွေးနွေးရမည်က မုန်တိုင်းထန်လောက်သည်ဖြစ်လို့ ချစ်သူလေးထံမှ အားအင်တွေ ယူနေခြင်းဖြစ်သည်။ဒါကို မိုးစက်သိမည် မထင်ပါ။ သိအောင်လည်း မပြောပြရက်ပါ။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now