အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(28) -ပထမပိုင်း

3.2K 186 19
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(28) -ပထမပိုင်း

မိုးစက်သည် သံသယ၀င်သော်လည်း သက်သေမပြနိုင်သေးပဲ အလကား ကိုယ်ချစ်သောသူကို စကားနာထိုးခြင်းဖြင့် အတူရှိသည့် သာယာသည့်အချိန်လေးကို မကုန်ဆုံစေချင်ပါ။ ထို့ကြောင့် ထိုအကြောင်းကို ထပ်မပြောပဲ အောက်ထပ် ထမင်းစား စားပွဲတွင် ကော်ဖီသောက်ရင်း အကို့ကိုစောင့်နေလိုက်သည်။

"မိုးစက်လေး...မောင်နှင်းထန်ရော ဆင်းမလာသေးဘူးလား.."


"မဆင်းလာသေးဘူး ဒေါ်လေးပို။ ဘာဖြစ်လို့လဲဟင်.."


"သြော် ဒေါ်လေးပို ဈေးခဏပြေးချင်လို့။ ညနေစာအတွက် ကောင်းကောင်းလေးချက်ပေးချင်လို့ပါ။ "


"သွားလေ ဒေါ်လေး။ ကျွန်တော် ပြောလိုက်ပါ့မယ်။"

ဒေါ်လေးပိုက အကိုနှင်းထန်ကို သားလေးလိုချစ်သည်။ အကိုပြန်လာသဖြင့် အကိုကြိုက်တတ်သည်ကို ချက်ကြွေးချင်သဖြင့် ဈေးသွားချင်မှန်းသိသည်။ ထို့ကြောင့် မိုးစက်လည်း အကို့ကို ပြောပေးလိုက်မည်ဟု ကတိပေးမှ ဒေါ်လေးကထွက်သွားခဲ့သည်။

မိုးစက်သည် ဒေါ်လေးပိုထွက်သွားသည့် ဘက်ကို ငေးကြည့်ကာ အကိုနှင်းထန် ကံကောင်းသည်ကို တွေးနေမိသည်။
အကိုနှင်းထန်က မိခင်နှင့် အသက် 18 ထိအတုနေလိုက်ရသည်။ ပြီးတော့ ဒေါ်လေးပိုက အကို့ကို မိခင်တစ်ဦးလိုကို ချစ်သည်။ မိမိကသာ မွေးကတည်းက မိခင်ဆိုတာ မမြင်ဖူးခဲ့ပေ။ မိုးစက်သည် ငေးမောနေမိရာမှ မိမိအမြင်ရှေ့တွင် ခန့်ညားချောမောသည့် အကိုနှင်းထန်ကို တွေ့လိုက်ရတော့ အတွေးကိုသိမ်းလိုက်သည်။

နှင်းထန်သည် တွေတွေငေးငေးလေးဖြစ်နေသော မိုးစက်ကို တွေ့သော် အနားလာပြီးသိုင်းဖက်ထားကာ ပြောလိုက်သည်။

"ချာတိတ်လေး.... တောင်းပန်ပါတယ်...ကိုယ့်ကိုခွင့်လွှတ်ပါ.."

မိုးစက်သည် အကိုနှင်းထန်၏ တောင်းပန်စကားကြောင့် ကြောင်အသွားသည်။ အကို့ကိုပြန်ဖက်ထားပြီးမေး လိုက်သည်။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now