အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(21)

2.9K 151 1
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(21) -ပထမပိုင်း
ဒေါက်တာနှင်းထန်သည် ရုတ်တရက် စောမြ၀တီက လာဖက်ကာ ငိုနေသောအခါ တောင့်ခနဲဖြစ်သွားပြီး သားသည် အမေ၏ စိတ်ပူပန်မှုကို သိသဖြင့် ၀တီ့ကျောလေးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"အရမ်းစိတ်မပူပါနဲ့ ၀တီရယ်။ ကိုကို ရောက်လာပြီပဲ။ ကိုယ် ဆရာဝန်နဲ့ စကားသွားပြောဦးမယ်နော်။ တိတ်ပါ..."

စောမြ၀တီသည် ကိုကို၏ နှစ်သိမ့်သည့် စကားသံကို ကြားလိုက်ရသည်နှင့် တကိုယ်လုံး အားအင်အပြည့် စီးဆင်းသွားသလို ခံစားလိုက်ရသည်။

"၀တီ မျက်ရည်လွယ်မိတာ တောင်းပန်ပါတယ် ကိုကို."

"ကိုကို နားလည်ပါတယ်။ ကဲ ကိုယ် ပါရဂူနဲ့သွားတွေ့ဦးမယ်နော်။ ခဏလေး။ ကိုယ်ပြန်လာမယ်။"

"ဟုတ်ကဲ့ ကိုကို..."

ကိုကို၏ ကျောပြင်ကို ကြည့်ကာ စောမြ၀တီ စိတ်ချမ်းသာသွားသည်။ သားလေး၏ လက်ကို ဆုပ်ကိုင်ကာ တီးတိုးတိုင်တည်မိသည်။

"သားလေး...သား ဒယ်ဒီလိုက်လာပြီ။ သားလေး လုံးဝပျေက်သွားတော့မယ်နော်။ ဘာမှမပူနဲ့တော့်နော်"
စောမြ၀တီက အရူမလေးပမာ ရေရွတ်နေမိသည်။

"ကိုကို...ကိုကို...၀တီ့ကို ပစ်မထားပါနဲ့ ကိုကိုရယ်။ ၀တီလေ အခု တစ်ယောက်တည်း ဘ၀ခရီးကို လျှောက်ရမှာ ကြောက်နေမိပြီ ကိုကို...သားလေးနဲ့ ၀တီ့ကို ပစ်မထားပါနဲ့။"

စောမြ၀တီက ကိုကို့ကို တီးတိုး တိုင်တည်နေမိသည်။ တကယ်လည်း သားလေး သတိလစ်သွားကတည်းက ရူးမတတ်ဖြစ်နေမိသည် မဟုတ်လား။ အရေးကြုံလာရင် လင်ယောကျာ်း တစ်ယောက်က ဘယ်လောက် လိုအပ်သည် ကို စောမြ၀တီ ပိုပိုသိမြင်လာသည်။

ဒေါက်တာနှင်းထန်သည် ခွဲစိတ်ဆရာဝန်နှင့် စကားပြောပြီးနောက် သားအတွက်ကို စိုး၇ိမ်မကင်းဖြစ်မိသည်။ သားအတွက် အဆိုးဆုံးကို တွေးကာ အကောင်းဆုံးလုပ်ပေးရန်သာရှိတော့သည် မဟုတ်လား။

နှင်းထန်သည် သားလေးရှိသည့် အခန်းကို ပြန်လာပြီး စောမြ၀တီကိုနှစ်သိမ့်ပေးရန် စကားလုံးရွေးနေလိုက်သည်။

မိုးစက်သည် နေ့လည် ထမင်းစားချိန်တွင် အတုလနှင့်အတူ အကိုကြီးကိုတွေ့ရန် ထွက်လာခဲ့သည်။ အကိုကြီးတည်းနေကျ ဟိုတယ်သို့ရောက်လျှင် ပါလာတွင် အကိုကြီး ကြိုတင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

"မိုးစက်... အတုလ.."

မိုးစက်သည် အကိုကြီးကို တွေ့သောအခါ သူ့ကို တခါတည်းသွားဖက်ကာ နူတ်ဆက်လိုက်သည်။

"အကိုကြိး...အကိုကြီး..."

မိုးစက် အကိုကြီးကို နာမည်ကို တတွတ်တွတ် ရွတ်နေလိုက်မိသည်။ အကိုကြီးကို ဖက်လိုက်စဉ် မိုးစက် အနည်းငယ် သတိပြုလိုက်မိတာက အကိုကြီး အနည်းငယ်ပိန်သွားသည်။

"အကိုကြိး နေကောင်းရဲ့လား.."

စနေက မိုးစက်၏ မျက်နှာလေးကို ငုံ့ကြည့်ကာ ပြုံးပြုံးနှင့်ဖြေလိုက်သည်။

"ဒေါင်ဒေါင်မြည်ပဲ မိုးစက်လေး။"

"အကိုကြီး ပိန်သွားတယ်..."

မိုးစက် တပ်အပ်ပြောလိုက်သည်။ သို့သော် အကိုကြီးက ရယ်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"အလုပ်များလို့ပါ။ ကဲ... အတုလ...သား...ဒယ်ဒီ့ဆီ လာပါဦး။"

"ဒယ်ဒီ..."

အတုလသည် လွမ်းနေရသော ဒယ်ဒီ့ ရင်ခွင်ထဲကို ခိုဝင်လိုက်သည်။ ဒယ်ဒီ့ရင်ခွင်က မိမိကို အရင်လို နွေးထွေးသည် ခံစားချက်ကို ပေးနေဆဲဖြစ်လို့ အတုလ ကျေနပ်သွားသည်။

"သတိရလိုက်တာ ဒယ်ဒီရာ။"

"ဒယ်ဒီလည်း အတူတူပါပဲကွာ။"

စနေ နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။ တကယ်လည်းဒီကလေးကို တကယ့်ကို လွမ်းပါသည်။ အတုလ ဆိုသည့် ကလေးက မိမိ၏ ခေါင်းဆောင် အကိုကြီး ခွန်မင်းဆက်ရဲ့သား ခွန်မင်းသွေးလေး မဟုတ်လား။ မိမိမုန်းသည့် မာလာ ဆိုသည့် မိန်းမ၏ သားလည်းဖြစ်သည်။ မာလာဆိုတာကလည်း မိမိမလွဲသာပဲ လက်ထပ်လိုက်ရသည့် မိန်းမဖြစ်သည်။ အကိုကြီး ခွန်းမင်းဆက်၏ ဇနီး။ မိမိချစ်သောနှင်းကလေး၏ အစ်မ၀မ်းကွဲ။ မိမိမုန်းသော မိန်းမ။ နှင်းကလေး ဆုံးသွားမှအမြင်မှန်ရကာ မိမိကို ကွာရှင်းကာ နိုင်ငံခြားကို အပြီးးထွက်သွားသည့် မိန်းမဖြစ်သည်။

ထိုမိန်းမကို မုန်းသလောက် အကိုကြီးခွန်မင်းဆက်၏ သားလေး ခွန်မင်းသွေးလေးကို မိမိချစ်သည်။ သူလေးက နှင်းကလေး၏ တူလေးလည်း တော်သည် မဟုတ်လား။

"သား... မင်း အရမ်းကို ချောလာတယ်...."

"ဒယ်ဒီ့ကို မမှီပါဘူး ဗျာ။"
အတုလက ရှက်ပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။ မိုးးစက်သည် အင်မတန်ကို ချစ်သည့် သားအဖကို ကြည့်ကာ ပြုံး နေမိ သည်။ ဖေဖေ့ကိုလည်း သတိရသည်။ မိုးကလေးကိုလည်း သတိရမိသည်။ မိမိက ယခု တကောင်ကြွက်မဟုတ်လား။
မိုးစက်သည် အကိုကြီးကို တွေ့သည်နှင့် ၀မ်းသာလွန်းလို့ ပြုံးလို့သာနေသည်။ စနေထွဋ်ခေါင်သည် အတုလနှင့် နူတ်ဆက်စကား ပြောသည်နှင့် မိုးစက်ကို ခြေဆုံးခေါင်းဆုံး ပြုံးကြည့်ကာမေးလိုက်သည်။

"မိုးစက် ...အားလုံး အဆင်ပြေတယ် မဟုတ်လား။"

"ဟုတ်ကဲ့ပြေပါတယ် အကိုကြီး။ အကိုကြီး ဘာလို့ ပိန်သွားတာလဲ။ အကို ဒီလောက်ကျန်းမာရေးလိုက်စားတာ ပိန်သွားစရာ မရှိဘူး။ အကိုကြီး ဒီရက်ပိုင်း တခုခု ဖြစ်သေးလား။"

စနေထွဋ်ခေါင်သည် မိုးစက်၏ ခေါင်းလေးကို အသာပွတ်ကာ ပြောလိုက်သည်။ ဒီကလေးလေး မိမိကို ဒီလို ဂရုစိုက်တာလေးကို ချစ်နေမိသည် မဟုတ်လား။ အပိုမပါ စိတ်ရင်း အတိုင်းပြောနေသည်ကို မိမိအသိဆုံးဖြစ်သည်။

"အကိုကြီးက မင်းကို လိမ်ပါ့မလား မိုးစက်။ အကိုကြီးစကားကိုတောင် မယုံတော့ဘူးလား။"

မိုးစက်သည် အကိုကြီးပြောသည်ကိုကြားတော့ ရှင်းပြလိုက်သည်။ တခါတလေ စကားဆိုတာ မရှင်းပဲ ထားရင် ပိုရှုပ်သည် မဟုတ်လား။

"အကိုကြီးလိမ်တယ်လို့ မပြောပါဘူး ။ ဒါပေမယ့် အကိုကြီးက ကျွန်တော် စိတ်ပူမှာစိုးလို့ထိန်ချန်ထားမှာ စိုးလို့ပါ။ အကိုကြီး တခုခုဖြစ်ရင် ကျွန်တော် အရင်သိပါရစေ။ အကို့ညီအနေနဲ့ ဒီတစ်ခု တောင်းဆိုပါရစေ..."

အတုလသည် ဒယ်ဒီနှင့် မိုးစက်ပြောနေသည်ကို ကြည့်ကာ တစုံတခုကို မြင်လိုက်သည်။ ဒယ်ဒီက မိုးစက်ကို အရမ်းချစ်နေသလို မိုးစက်ကလည်း ဒယ်ဒီ့ကို ချစ်သည်။ ဒါပေမယ့် အချစ်များသည် သန့်စင်သလောက် ခိုင်မြဲသည်။ ပြီးတော့ မည်သူမျှ ကြားဝင်လို့မရအောင် အကြားအလပ် မရှိသလိုခံစားရသည်။ လူခြင်းဝေးနေသော်လည်း အချစ်ခြင်း မဝေးသလိုပင်။ ဦးရန်နိုင်ပြောတာ တကယ်ဆိုတာကို မိမိနားလည်လိုက်သည်။

မျက်မြင်မတွေ့ခင်က ဦးရန်နိုင်ပြောသည်ကို အပိုတွေဟု သာ ထင်ခဲ့သည်။ ဒယ်ဒီ့အချစ်ကို မိုးစက် အရယူနိုင်မည်ကို အတုလ လုံးဝမယုံကြည်ခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ မိုးပွင့်ဖြစ်အောင် လိင်ခွဲစိတ်ထားရုံသည်ကလွဲရင် မိုးစက်က ဒေါ်လေးနှင်းနှင့် လုံးဝ မတူဘူး မဟုတ်လား။

ဒေါ်လေး နှင်းကလေး၏ ပုံကို မိမိမြင်ဖူးတာပဲလေ။ ဒယ်ဒီ့အချစ်ဆုံး တစ်ဦးတည်းသော မိန်းကလေး နေရာတွင် မိုးစက်လို ယောကျာ်းလေးက ယူသွားနိုင်မည် ဆိုတာ အတုလအတွက် ရယ်စရာပဲလေ။ မာမီပြောခဲ့သည့် အိပ်ယာဝင်ပုံပြင်ကို နားထောင်ခဲ့သူပီပီ ဒယ်ဒီက ဒေါ်လေးကို မည်မျှ မြတ်နိုးသည်ကို မိမိ ခံစားမိသည်။ သိသည်။ ပြိးတော့ ဒယ်ဒီ့ကို မာမီ မည်မျှချစ်သည်ကို မိမိခံစားမိသည်။ တခါတလေ မိမိဘက်က မည်မျှ ချစ်သော်လည်း

ကံတရားအရ ကိုယ်ချစ်သူရဲ့ အချစ်ကို မရရုံမျှ မက သူ့ကို ချစ်ခွင့်ပင် မရှိသည်ကို ငယ်ကတည်းက အတုလ သိရှိကာ ဆန့်ကျင်ဘက် မိန်းကလေးများကို ချစ်ရမည်ကို ကြောက်လာမိသည်။ မာမီ့လို တဖက်သတ် ချစ်ပြီး အဝေးမှ တသက်လုံးခံစားနေရမည်ကို ကြောက်သည်။

အတုလ သက်ပြင်းရှိုက်လိုက်ပြီး ဒယ်ဒီ နှင့် မိုးစက်၏ ဆင်တူ သော အပြုံးကို ကြည့်ကာ ပြောလိုက်သည်။

"ဒယ်ဒီ ကျွန်တော်တို့ကို နေ့လည်စာ လိုက်ကျွေးဦးမှာလား။ ဗိုက်ဆာလှပြီဗျ..."

"ကျွေးမှပေါ့ သားကို ကျွေးချင်လို့ ဒယ်ဒီ ကြိုမှာထားပြီးသား။ ကဲ သွားရအောင်..."

မိုးစက်သည် သူက မိမိအမေးကို မဖြေပဲ အတုလ၏ စကားကို ပြန်ဖြေသွားသည်ကို သတိထားလိုက်မိသည်။ နေဦး။ ပြီးမှ သေချာထပ်မေးရမည်။ အကိုကြီး မိမိကို လိုအပ်သည့်အချိန် မိမိ သူ့ဘေးတွင် နေခွင့်ရချင်သည်။ အကိုကြီးက မိမိရဲ့ သွေးမစပ်သော အကိုကြီး မဟုတ်လား။

"အကိုကြီး.... ညနေ ဘယ်အချိန်အားမလဲ။ ကျွန်တော် လာတွေ့မလို့။"

စနေသည် မိုးစက်ကို ပြုံးကြည့်ကာ ငြိမ်သက်စွာပြောလိုက်သည်။

"ဒီနေ့ ကိုယ် မအားတော့ဘူး မိုးစက်။ အရေးကြီးကိစ္စရှိလို့လား။ "

မိုးစက်သည် အကိုကြီးကို ခပ်ငေးငေးကြည့်လိုက်ကာ မျက်နှာမပျက်အောင် မနည်းထိန်းထားလိုက်ရသည်။ ရင်ထဲတွင် စူးအောင့်သွားသည်။

"အရေးကြီးကိစ္စရှိမှ တွေ့ရမှာလား အကိုကြီး။ ကျွန်တော် အကိုကြီးနဲ့ အေးအေး ဆေးဆေး စကားပြောချင်လို့ပါ။ "

အတုလက မိုးစက်၏ မထင်မှတ်အောင်ပွင့်လင်းသည့် စကားကြောင့် အံ့သြသွားသည်။ မိမိဒယ်ဒီကို ယခုလိုပြောရဲသူ မရှိဖူးဘူး မဟုတ်လား။ မိုးစက်က ဒယ်ဒီဘေးတွင် ညီငယ်အနေဖြင့် နှစ်နှစ်ကြာအောင်နေခဲ့သည်ကို သိသော်လည်း ဒယ်ဒီနှင့် မည်မျှထိရင်းနှီးနေသည်ကို မိမိသေချာမသိလိုက်ပေ။ ထို့ကြောင့် ဒယ်ဒီနှင့် မိုးစက် စကားပြောနေသည်ကို တိတ်ဆိတ်စွာငေးနေမိသည်။ မိုးစက်နှင့် ဒယ်ဒီ့ကြားတွင် တစ်စုံတရာရှိနေသည်ဟု မိမိထင်မိသည် မဟုတ်လား။

စနေထွဋ်ခေါင်က မိုးစက်ကို နားလည်စွာပြုံးကြည့်ကာ အလိုလိုက်စွာပြောလိုက်သည်။ တကယ်တော့ မိမိက မိုးစက်ကို သတိရသောကြောင့်လာခဲ့ခြင်းဖြစ်သည်။ မိုးစက်ကို အမှန်တိုင်းပြောလျှင် သူ့အတွက် အကျိုးမရှိနိုင်သောကြောင့် စနေ မုသားပြောလိုက်ခြင်းဖြစ်သည်။

"မနက်ဖြန် ညနေ ၆ နာရီ တွေ့ကြတာပေါ့။ သား အတုလ မင်းလည်း လာခဲ့ပါ..."

"မနက်ဖြန်ညနေက ကျွန်တော် မအားဘူး ဒယ်ဒီ။ ချိန်းထားတာရှိတယ်။ နောက်နေ့မှ ဒယ်ဒီ့ဆီလာတော့မယ်။"

"အကိုကြီး အားရဲ့လား။ ကျွန်တော့်အကြောင့် အနှောက်ယှက်ဖြစ်နေမလား။ "

ယခုလို သူစိမ်းဆန်သည့် စကားကိုမိုးစက်က ပြောတော့ စနေ သက်ပြင်းခိုးရှိုက်ကာ ခေါင်းကို အသာယမ်းလိုက်သည်။

"ကဲ ...ကိုယ် အလုပ်ကိစ္စချိန်းထားတာ ရှိသေးတယ် ။ မင်းတို့ ပြန်ကြတော့။"

စနေ သူတို့ကို နှင်လိုက်သည်။ မိုးစက်နှင့်အတုလက နာခံစွာထပြန်သွားကြသည်။ စနေသည် ကျောခိုင်း ထွက်သွား သည့် လူငယ်လေး နှစ်ဦးကို မျက်စိတစ်ဆုံးငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။ နိုပျိုသည့် ကျောပြင်လေး နှစ်ခုကို ကြည့်ကာ စနေ ခပ်ယဲ့ယဲ့ပြုံးမိသည်။

"ကလေးလေး... မင်း နားကို ကိုယ် အကြာကြီး နေခွင့်ရချင်တယ် ကလေးလေး။ မင်းနားကို နေခွင့်မရရင်တောင် မင်းအပြုံးလေးကို အဝေးက ငေးနေခွင့်ရချင်တယ် ကလေးလေး။ "

မိုးစက်နှင့် အတုလက ဟိုတယ်မှထွက်ခဲ့သဖြင့် သူတို့ကို မျက်စိတစ်ဆုံး စနေ ကြည့်နေသည်ကို တွေ့ခွင့်မရ လိုက်ပေ။

စနေသည် ဝေးကွာသွားသော ကျောပြင်လေးနှစ်ခုကိုကြည့်ကာ ပြုံးမိသည်။ ယခုတလော မိမိ ပြုံးပဲ ပြုံးနေမိသည် ကိုလည်း ကိုယ့်ဖာသာ သတိထားမိသည်။ သြော် ဖြတ်ဖို့ကြိုးစားကာမှ သံယောဇဉ်ကြိုးတွေက ပိုပိုမြဲလာခဲ့သည်။ တွယ်မိတာနဲ့ရုန်းဖို့ခက်သည့် သံယောဇဉ်ကြိုးများကို နှမျောတသစွာဖြင့် စနေ တွေးနေမိသည်။

"ဆံပင်တွေ ဖြူပြီး သွားတွေကျိုးကုန်တဲ့အထိ အတူ နေခွင့်ရတာ ဆုတစ်ပါးပါ အကိုကြိီး။ နှင်းကလေးလေ..ဘာကိုမှ မရချင်ဘူး။ အသက်ကြီးတဲ့အထိ အကိုကြီးရဲ့ အပြုံးကို တွေ့ခွင့်လေးပဲ ရချင်တယ်... နှင်းကလေး လောဘမကြီး ပါဘူးနော်"

စနေသည် နှင်းကလေး ပြောခဲ့ဖူးသည်ကို ပြန်လည်ကြားယောင်ကာ ပြုံးမိသည်။ယခုတစ်ခါတော့ နာနာကျင်ကျင်ကို ပြုံးမိခြင်းဖြစ်သည်။

"နှင်းကလေး....အကိုကြီးလည်း မိုးစက်လေးရဲ့ အပြုံးကို အသက်ကြီးသွားတဲ့အထိ တွေ့ခွင့်ရချင်တယ် ပြောရင် တမလွန်ကနေ မင်းစိတ်ဆိုးမလားကွယ်။ ကိုယ့်ကို ခွင့်လွှတ်ပါ နှင်းကလေး။ ကိုယ် မင်းကို သစ္စာမဲ့တာ မဟုတ်ဘူး။ ကိုယ် မိုးစက်လေးကို ချစ်မိသွားပြီ နှင်းကလေး။ မိုးစက်လေး ပျော်တာကို ကိုယ် အကြာကြီးတွေ့ခွင့်လေးပဲ ရချင်တယ် နှင်းကလေး.."

စနေသည် ဟိုတယ်ဧည့်ခန်းထဲတွင် ထိုင်ကာ တစ်ယောက်တည်း အတွေးပွားနေမိသည်။ ယခုတလော စနေ ငြိမ်သက် နေမိသည်။ ငြိမ်ငြိမ်လေးထိုင်ကာ ရှေ့ဆက်ဘာလုပ်ရမည်ကို တွေးနေမိသည်။ ချစ်သော သားလေးနှင့် မိုးစက် အတွက် အကောင်းဆုံး လုပ်ပေးချင်မိသည်။

မိုးစက်သည် အကိုကြီးထံမှ ပြန်လာတည်းက အနည်းငယ်တော့ ဘ၀င်မကျသလို ခံစားမိသည်။ အကိုကြီးကို ကြည့် ရတာ အရင်ကလို ခွန်အားမရှိသလိုပင်။ မိမိပဲ မတွေ့တာကြာလို့ စိတ်ကထင်တာများလားဟုတွေးနေမိ သည်။ နောက်ဆုံး မအောင့်နိုင်သောကြောင့် အလုပ်လုပ်နေသော အတုလကို မေးရင်ကောင်းမလားဟု တွေးကာ စိုက်ကြည့်နေမိသည်။

"ဘာလဲ မိုးစက်... မင်း ဘာမေးမလို့လဲ.."

အတုလက မော့ကြည့်သည်နှင့်ကြုံသောကြောင့်မေးခဲ့သည်။ မိုးစက်က မိမိကို တခုခုမေးချင်နေသည့်ပုံပေါ်နေသည် မဟုတ်လား။ ကြည့်ရတာ ဒယ်ဒီ့အကြောင်းပဲဖြစ်မည်ဟု ထင်သည်။

"အင်း... အကိုကြီး နေကောင်းရဲ့လား အတုလ...ကြည့်ရတာ အားမရဘူး။ "

အတုလ ခေါင်းကိုယမ်းလိုက်သည်။ မိမိလည်း မသိပါ။ တကယ်တမ်းပြောလျှင် မိမိ မြန်မာပြည်ကို ပြန်ရောက်စပဲဖြစ်သည်။ ဒယ်ဒီရှိရာ ထိုင်းကို လိုက်သွားဟန်ပြင်သော်လည်း ဒယ်ဒီက မြန်မာပြည်တွင် နေခိုင်းပြီး သူလာတွေ့မည် ဆိုသောကြောင့် မိမိက ဒယ်ဒိ့ကို စောင့်နေခြင်းဖြစ်သည်။

"မသိဘူး မိုးစက်။ ငါ ဒယ်ဒီ နေမကောင်းဘူးဆိုတာ ဘာမှ မကြားရဘူး။ ဘာဖြစ်လို့လဲ။ "

"ငါ စိတ်ထဲမှာ တမျိုးဖြစ်နေလို့ပါ။ အကိုကြိး နေမကောင်းဘူးလို့ ခံစားမိနေလို့။"

အတုလက အသာယာနှစ်သိမ့်လိုက်သည်။ မိုးစက်က ဒယ်ဒီ့ကို တကယ်စိုး၇ိမ်နေသည် မဟုတ်လား။

"မပူပါနဲ့။ ဒယ်ဒီက သူနေမကောင်းရင် ငါ့ကို ပြောမှာပေါ့။ ပြီးတော့ နေမကောင်းရင်လည်း ဒယ်ဒီ့လိုလူက မကုပဲနေမယ့် သူမဟုတ်ဘူးလေ။ "

မိုးစက်သည် အတုလ၏ စကားကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသည်။ မဟုတ်လျှင် စိတ်ထဲ ထင့် လို့နေသည်။

"အင်း ဟုတ်ပါတယ်။ ငါ အတွေးခေါင်တာ နေမှာပါ။ အကိုကြီးက ငါတို့ထက်ကို ကျန်းမာရေးကို လိုက်စားတာပဲလေ။"

ဝသုန်သည် မိုးစက်၏ ထူးဆန်းသော ပုံကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ မိုးစက်က သူ့အကိုကြိးအပေါ်ကို တွယ်တာသည်က အကိုနှင်းထန်ကို တွယ်တာသည်ထက် နက်ရှိုင်းသည် မဟုတ်လား။

အခုလည်း မိုးစက်က အလုပ်လုပ်နေရင်းကို သူ့အကိုကြီးရဲ့ ကျန်းမာရေးကို စိုးရိမ်နေသည် မဟုတ်လား။ ဒိလို အမူယာကို တွေ့ရခဲသည်။ ၀သုန်တွေးနေမိစဉ် မိုးစက်က သက်ပြင်းရှိုက်ကာ အလုပ်ကို ဆက်လုပ်နေသည်။

ဝသုန်သည် ငယ်ကတည်းက မိုးးစက်နှင့် အတူကြီးလာသူပီပီ မိုးစက် စိတ်မချတချ ဖြစ်နေသည်ကို ၇ိပ်မိသည်။
မိုးစက်သည် အလုပ်ပြီးလို့ အိမ်ပြန်ရောက်တော့ အကိုနှင်းထန်ကို သတိရမိသည်။ အကို အဆင်မှပြေရဲ့လားဟု တွေးကာ ဖုန်းခေါ်ကြည့်သည်။

ဖုန်းက ၀င်သော်လည်း ကိုင်မည့်သူ မရှိသဖြင့် မိုးစက် ဖုန်းပြန်ချထားလိုက်ပြီး ပြေးစက်ပေါ်ကို ခဏတက်လိုက်သည်။ နားကြပ်ကိုတပ်ကာ သီချင်းနားထောင်ရင်း ခဏပြေးလိုက်သည်။
မောပန်းသွားမှ ရေချိုးကာ တစ်ယောက်တည်း ညစာကို ခြောက်ကပ်စွာစားလိုက်သည်။ အကို့ကို ပိုသတိရမိသည်။ အကို ခုချိန် ဘာလုပ်နေမလဲဟု တွေးကာ သက်ပြင်းကို ချမိသည်။

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(21) - ဒုတိယပိုင်း

မိုးစက်သည် ညမိုးချူပ်သည်အထိ အလုပ်ကို လုပ်နေမိသည်။ မနက်ဖြန် အကိုကြီးနှင့်သွားတွေ့လျှင် အလုပ်များကို နောက်ဆံမတင်းရစေရန်ဖြစ်သည်။ ထိုစဉ် သူ့ထံမှ ဖုန်းဝင်လာခဲ့သည်။

"မိုးစက်...ချာတိတ်..."

"အကို..... ကလေး သက်သာရဲ့လား..."

သူ့ဘက်မှ ခဏတုန့်ဆိုင်းသွားပြီး ပြန်ဖြေခဲ့သည်။

"အင်း... ခွဲပြီးပြီ။ သက်သာပါတယ်..ဒါပေမယ့် အခြေနေကိုစောင့်ကြည့်ဖို့လိုလို့ ကိုယ် ထင်တာထက် ပိုကြာလိမ့်မယ် ထင်တယ်...."

မိုးစက်သည် မိမိကို စိုးရိမ်မည်စိုးသဖြင့် သူ ထိန်းဖြေသည်ကို ရိပ်မိသွားသည်။ ကလေးလေး အခြေနေ သိပ်ကောင်းပုံမရပေ။ မိုးစက် စိတ်မကောင်းဖြစ်သွားသည်။ ကလေးလေးက ယခုမှ နှစ်နှစ် ပင်မပြည့်သေးပေ။ ဒီလောက်ငယ်သည့် ကလေးလေးကျမှ ဖြစ်ရသည်ဟု တွေးကာ သက်ပြင်းချမိသည်။

မိုးစက်သူ့ကို နှစ်သိမ့်လိုက်သည်။ အလုပ်များကို နောက်ဆံမတင်းစေချင်ပေ။

"အကို... ကလေးလေး သက်သာ တဲ့အထိနေပါ။ အလုပ်တွေ ဘာမှမပူပါနဲ့။ အလုပ်က မသေမချင်းလုပ်လို့ရတယ်။ မိသားစုဆိုတာ အစားမရနိုင်ဘူး။ သူတို့လိုအပ်ချိန်မှာ ဂရုစိုက်ပေးပါ။ "

နှင်းထန်သည် ချာတိတ်လေး၏ စကားထဲမှ သူ့မေတ္တာကို ခံစားမိလိုက်ကာ မိုးစက်ကို ထွေးပွေ့ထားချင်စိတ်တို့ ထိန်းမရအောင်ပေါ်လာခဲ့သည်။ သိပ်ကို စိတ်ထားလှသည့် မိမိချစ်သူလေး မဟုတ်လား။

"ချာတိတ်...."

"ဗျာ .."

"မင်း ပြင်သစ်ကို လိုက်ခဲ့ပါလား။ ကိုယ် ဘယ်လောက်ကြာမယ် မသိသေးဘူး။ မင်းနဲ့ ဟန်းနီးမွန်းလည်း မထွက်ရသေးဘူးလေ။ အတူ အေးအေးဆေးဆေးနေကြတာပေါ့.."

နှင်းထန် မအောင့်နိုင်တော့ပဲ မိုးစက်ကို တောင်းဆိုလိုက်သည်။ သူလက်ခံမည် မဟုတ်သည်ကို သိသော်လည်း ဖြစ်ချင်သည်ကို ကလေးလို တောင်းဆိုလိုက်မိသည်။ တကယ်ဆိုလျှင် စောမြ၀တီရှိနေသည့် နေရာကို မိုးစက် ဘယ်လိုမှ လိုက်လာမည် မဟုတ်သည်ကို မိမိသိပြီးဖြစ်သည်။ သိတာက တစ်ပိုင်း။ဖြစ်ချင်တာကို ပြောမိတာ ကတပိုင်း မဟုတ်လား။

"အကိုရာ... ကလေးလည်းမဟုတ်တော့ဘူး။ အကိုနဲ့ ကျွန်တော် နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်။ အတူတူလည်းနေပြိး ဘ၀ခရီးကို လျှောက်ဖို့ ဆုံးဖြတ်ထားတယ်၊ ဟန်းနီးမွန်းဆိုတာ ထူးလိုလို့လား ။ အကိုနဲ့ ကျွန်တော် အတူရှိတဲ့ရက်တိုင်းက ကျွန်တော့်အတွက် ဟန်းနီးမွန်းခရီးတွေပါ။ အခု အကိုအရမ်းစိတ်ညစ် နေတယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ အကို စိတ်ကို တင်းထားပါ။ အားလုံး အဆင်ပြေသွားမှာပါ။ အကို စိတ်ခိုင်မာမှ စောမြ၀တီက အားရှိမှာပေါ့... ပြီးတော့ ကျွန်တော် လိုက်လာရင် လူပိုသက်သက်ဖြစ်နေမယ်လေ။"

နှင်းထန်သည် မိုးစက်၏ အကြောင်းအကျိုးရှင်းပြသည်ကို ကြားသောအခါ ကလေးဆန်ဆန်ပြောလိုက်မိသည်ကို ပင် မိမိဖာသာ ရှက်သွားမိသည်။ ပြီးတော့ မိမိနှင့် အတူရှိသည့် နေ့ရက်တိုင်းက ဟန်းနီးမွန်းပါဆိုသည့် မိုးစက်၏ စကားက နှင်းထန်ကို ခွန်အားတွေ တိုးလာစေသည်။

နှင်းထန် ပြုံးလိုကိမိသည်။ ဒီလို ချစ်ဖို့ကောင်းသည့် ကောင်လေးကို သေသည့်တိုင် မိမိလက်လွှတ်နိုင်မည် မဟုတ်ပေ။ ချစ်သည်။ ပိုလို့ချစ်လာမိသည်။ဝေးလေ မိုးစက်ကို ပိုချစ်မိလေဖြစ်နေမိသည်။

"အင်း... ဆောရီး။ အကို ကလေးဆန်သွားမိတယ်၊ တကယ်တော့ ကိုယ်က ကလေးကို အရမ်းလွမ်းလို့ ခေါ်မိတာ။ "

မိုးစက် ကြည်နူးစွာပြုံးမိသည်။ အကိုနှင်းထန်ကတော့ ခွဲတာမှ တနေ့နှင့် တညတည်းရှိသေးသည် လွမ်းနေသည် ဆိုတော့ ကိုပို ဟု တီးတိုး ရေရွတ်မိသော်လည်း မိုးစက်၏ နူတ်ခမ်းမှ အပြုံးတို့က မရပ်တန့်နိုင်ခဲ့ပါ။ မိမိချစ်သော အကိုနှင်းထန်က မိမိကို ချစ်သည် လွမ်းသည် ဆိုတော့လည်း မိမိက ကျေနပ်မိသည်လေ။ ချစ်သူတွေ မဟုတ်လား။

"အကိုရာ.... လွမ်းရင် ညတိုင်းဖုန်းဆက်ပေါ့... ပြီးတော့ အကိုက အရမ်းကြာမှာမှ မဟုတ်တာဗျာ။"

နှင်းထန်သည် မိုးစက်၏ လေသံအေးအေးပျော့ပျော့လေးကို နားထောင်ပြီးနောက် အလွမ်းပြေသွားတော့သည်။

"မိုးစက်လေးရော ကိုယ့်ကို မလွမ်းဘူးလား.."

မိုးစက်သူ မေးသည်ကို ရယ်ရင်းအမှန်အတိုင်းဖြေလိုက်မိသည်။

"အကို စိတ်တော့ မဆိုးနဲ့နော်။ ကျွန်တော်က ၀သုန်တို့ ရိုက်ကွင်းကြောင့်အရမ်းကို အလုပ်ရှုပ်နေတာ။ အကို့ကို သတိတောင် မရဘူး..."

နှင်းထန်သည် အလုပ်သရဲလေး အကြောင်းကို သိသူပီပီ သူအမှန်တိုင်းဖြေသည်ကို သိသည်။ သို့သော် နည်းနည်းတော့မကျေ မနပ်ဖြစ်မိသည်။

"အင်... ကိုယ့်ချစ်သူနဲ့ တညတောင်ခွဲနေတာ နည်းနည်းလေးမှကို သတိမရဘူးလားကွ...ည ရောက်တော့ တယောက်တည်းအိပ်ရတာကိုလေ..."

အကိုနှင်းထန်ပြောမှ ညက ခြောက်အိပ်မက်ကို ပြန်သတိရကာ စိတ်ထဲ ထင့်သွားမိသည်။ သို့သော် အကိုနှင်းထန် ကို စိတ်အနှောက်ယှက်မပေးချင်သဖြင့် မိုးစက် မမေးတော့ပဲ သူကျေနပ်အောင်ဖြေလိုက်သည်။

"အင်း ...ညကတော့ သတိရတာပေါ့ဗျာ... ညတိုင်း အကိုနဲ့ အတူအိပ်နေကျဆိုတော့ ဟာတာတာကြီး ဖြစ်နေတာ..."

မိုးစက် မည်သူမှ မကြားသော်လည်း ခပ်တိုးတိုးပြန်ဖြေလိုက်မိသည်။

နှင်းထန် ကျေနပ်သွားမိသည်။ တော်သေးသည်။ ညရောက်တော့ မိမိကို သတိရသည် ဆိုတော့။ မဟုတ်လျှင် သေဖို့သာ ကောင်းတော့သည်။

"ကိုယ်ကတော့ ချာတိတ်နဲ့ စခွဲကတည်းက အရမ်းကိုလွမ်းနေတာ..."

ထိုစဉ် စောမြ၀တီက အခန်းထဲကို လှမ်းဝင်ရင်းပြောလိုက်သည်။

"ကိုကို...ဆရာဝန်ကြီးအားပြီ။ သူနဲ့ တွေ့ချင်တွေ့လို့ရပြီ..."

နှင်းထန် ခေါင်းငြိမ့်ပြကာ မိုးစက်ကို နူတ်ဆက်ကာ ဖုန်းချလိုက်သည်။ ပြီးတော့ သားလေးအကြောင်းပေးရန် ဆရာဝန်ကြီး ရုံးခန်းထဲကို စောမြ၀တီနှင့်အတူ ထွက်လာခဲ့သည်။

မိုးစက်သည် အကိုနှင့်ဖုန်းပြောပြိး အလုပ်များကိုလက်စသတ်လိုက်သည်။ ထို့နောက် အိပ်ယာထက်တွင် တကိုယ် တည်း လှဲရင်းအထီးကျန်သလို ခံစားလိုက်ရသည်။ အကိုနှင့်အတူနေသည့် ၃ လတာအတွင်း ပထမဆုံး ခွဲရတာ ဖြစ်လို့ တကယ် တမျိုးလိုနေသလိုခံစားရသည်။ လိင်အတွက် လိုအပ်တာမျိုးမဟုတ်ပဲ အရင်းနှီးဆုံးသူ မိမိဘေးမှ ပျောက်ကွယ်သွားလို့ ဟာတာတာဖြစ်နေခြင်းဖြစ်သည်။

ဒါဆို အကိုကြီးလည်း မိမိ မြန်မာပြည်ပြန်ခဲ့တော့ မည်မျှ အထီးကျန်မည်ကို တွေးကြည့်ကာ အကိုကြီးကို သနားသွား မိသည်။ အတုလလည်း မြန်မာပြည်ကို ပြန်လာပြီဆိုတော့ အကိုကြီးနှင့်အတူ လိုက်နေပေးလျှင် ကောင်းမည်ဟု တွေးနေမိသည်။ သို့သော် အတုလက သူ့ဖခင်၏ အလုပ်များကို ဆက်ခံရန်ပြန်လာသူဆိုတော့ အကိုကြီးနှင့် ထိုင်းတွင် လိုက်နေနိုင်မည် မဟုတ်ပေ။

အကိုကြီးဘ၀က ခြောက်သွေ့ကာ အထီးကျန်လွန်းလှသည်။ တကယ်လို့ ရုပ်ချောပြီး သဘောကောင်းသည့် မိန်းကလေးကို အကိုကြီးနှင့်ချိတ်ပေးနိုင်လျှင်... အကိုကြီးလည်း သာယာသော မိသားစု ဘ၀ကိုပိုင်ဆိုင်နိုင် လိမ့်မည်။ အကိုကြိးကို ဂရိုစိုက်မည့် သူကို မိမိရှာပေးလျှင် အကိုကြီးအတွက် မိမိလည်းစိတ်ချရလိမ့်မည်ဟု တွေးကာ အိပ်ယာထက်မှ ထကာ ၀သုန့်ထံကို ဖုန်းကောက်ဆက်လိုက်သည်။

"ဘာလဲ...ညသန်းခေါင် ငါ့ဆီကို ဖုန်းဆက်တာ..."

တဖက်မှ ၀သုန်က တန်းမေးလိုက်သည်။ ဒီကောင်က အိပ်ပျော်နေစဉ် သူ့ကိုနှိုးလျှင် အင်မတန်ကို စိတ်ဆိုးသည့်အ ကောင် မဟုတ်လား။

"မင်း အသိထဲမှာ ရုပ်ချော သဘောကောင်း ကောင်မလေး တွေ မရှိဘူးလား။"

ဝသုန်က မျက်လုံးကို လက်နှင့်ပွတ်ကာ သန်းဝေရင်းဖြေလိုက်သည်။

"ပေါပါ့ကွာ။ ပြော ဘာလုပ်မလို့လဲ..."

"အကိုကြီးနဲ့ စပ်ပေးချင်လို့... ငါ့ကို ပုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပေးစမ်းပါကွာ။"

ဝသုန် သည် အင်မတန်ကို လျှာရှည်ချင်သည့် သူငယ်ချင်းကို လှမ်းပြောလိုက်သည်။

"ဟေ့ကောင် မိုးစက် မင်း တော်ရုံပဲ ကောင်းတယ်။ မိန်းမစပ်ပေးရအောင် မင်း ဘိုးတော်က မင်းထက် အသက် တပြန်ကြီးတယ်၊ အိုဗာတွေ သိပ်လုပ်မနေနဲ့။ သူ့လို သူဌေးက လိုချင်ရင် မိန်းကလေးတွေ ခါချနေရမယ်။ သူမလိုချင်လို့ ဒီလိုနေလာတာကို မင်းက ၀င်ပူရအောင် မင်းက သူ့အဖေမို့လားကွ။ ပြီးတော့ အကိုနှင်းထန်က ခရီးသွားနေတုန်း မင်းသူနဲ့ တွေ့နေတာကို သူပြန်သိသွားရင် မကောင်းဘူးကွ။"

မိုးစက်သည် ၀သုန်၏ သာယာနာပျော်ဖွယ် ရေရွတ်သံကို သည်းခံနားထောင်ပြီးနောက် ပြန်ပြောလိုက်သည်။
"အင်းပါကွာ။ မင်း ပြောတာကို ငါနားလည်ပါတယ်။ ငါ့ကို ကောင်မလေးတွေရဲ့ ဖုန်းနံပါတ်ပေးပါကွာနော်။"
ဝသုန် ဆဲဆဲဆိုဆိုနှင့် ပြောလိုက်သည်။

"မနက်အလုပ်လာမှ ယူတော့ ဟေ့ကောင် ငါအိပ်တော့မယ်။ ထပ်နှောက်ယှက်ရင် မင်းကို လည်ပင်းလာညှစ်မယ်၊ မနက် ငါ တနေကုန် ရိုက်ကွင်းရှိတယ်..."

ဝသုန် ဒေါကန်ကန်နှင့်ပြောကာ ဖုန်းချသွားသဖြင့် မိုးစက် သက်ပြင်းချကာ ဖုန်းပိတ်ကာ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။

မိုးစက်သည် အကိုကြီးနှင့် ချိန်းထားသည့်နေရာကို တက်ကြွစွာလာခဲ့သည်။ မိုးစက်၏ ဘေးတွင် လှပသည့် မိန်းမလှလေး တစ်ဦးပါလာသည် မဟုတ်လား။ ယဉ်စစနှင့် အင်မတန်ကို အကြည့်ခံသည့် မိန်းကလေးက ၀သုန့် အသိ လုပ်ငန်းရှင်ကြိးတစ်ဦး၏ သမီးချောဖြစ်သည်။ မဟာလည်းပြီးထားသည်။ ပညာတတ်ပြီး အင်မတန်ကို မိန်းမပီသသည် ယဉ်ကျေးသိမ်မွေ့သည့် ဆံပင်ရှည်ရှည်နှင့် မိန်းကလေးကို တွေ့စက မိုးစက်ပင် ငေးသွားမိသည်။

"အကိုကြိ

အချစ်စစ်၏ တည်နေရာWhere stories live. Discover now