အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(27) -ဒုတိယပိုင်း

3.5K 182 19
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(27) -ဒုတိယပိုင်း

အကိုနှင်းထန်၏ မျက်နှာကို ကြည့်ပြီး မိုးစက် သံသယ ခိုင်မာသွားသည်။ အကိုနှင်းထန် ဒီလောက် ကမူးကရူးဖြစ် နေတာ မဟုတ်မှ မိမိနှင့် အကိုကြီးအကြောင်းကိုများ သိသွားသလားဟု တွေးလိုကိမိသည်။ မိမိတို့၏ ဖြူစင်သော ဆက်ဆံရေးကို အကိုနှင်းထန် မည်သို့နားလည်ထားသည် မသိတော့ပေ။

သို့သော် သေချာတာ တစ်ခုကတော့ အကိုနှင်းထန်က အရင်ကတည်းက အကိုကြီးကိုဆိုလျှင် ကြည့်မရခဲ့ပေ။ မိမိနှင့် အကိုကြီး၏ ဆက်ဆံရေးကို အမြဲသံသယထားခဲ့သည်။ ဒါကို မိမိမကြိုက်သော်လည်း အကျယ်အကျယ်မဖြစ်စေချင် သောကြောင့် အကို့ရှေ့ဆိုလျှင် အကိုကြီးအကြောင်းကိုသိပ်မပြောပေ။ သို့သော် ယခု မပြောလို့မရတော့ပေ။ အကိုနှင်းထန် အထင်လွဲနေပုံက မိမိသာမက အကိုကြီးကိုပါ စော်ကားရာရောက်သည်။

"အကို လွှတ်ပေးဦး။ ပြောစရာရှိလို့...."


"နောက်မှပြော..ခု ဖက်ထားချင်တယ်.."

နှင်းထန်က မိုးစက်ပြောသည်ကို ငြင်းလိုက်သေးသည်။ တကယ်လည်း ခုလို မိုးစက်ကို ရင်ခွင်ထဲမှာ ဖက်ထားချင်သေးသည်။


"မဟုတ်ဘူး အကိုနှင်းထန်။ ကျွန်တော် အကို့ကို စကားပြောရမှဖြစ်မယ်။ ကျွန်တော့်ကိုလွှတ်ပေးပါ။ စကားပြောရအောင်..."

မိုးစက်သည် အကိုနှင်းထန်ကို တည်တည်နှင့်ထပ်ပြောလိုက်သည်။ ခုရှုပ်မှ နောင်ရှင်းမည် မဟုတ်လား။ အကို့သံသယကို ပြောအောင်ရှင်းလိုက်ချင်သည်။


"အင်း...."

နှင်းထန်သည် မိုးစက်၏ လေသံနှင့် မျက်နှာထားကြောင့် မလွတ်ပေးလို့မရတော့သည်ကို သိလိုက်သည်။ ထို့ကြောင့် လွတ်ပေးလိုက်တော့ မိုးစက်က ထထိုင်ကာ ထရပ်လိုက်သည်။


"ဟေး..ဘယ်သွားမလို့လဲ။ "

နှင်းထန် ထထိုင်ကာ အလောတကြိီးမေးလိုက်သည်။ မိုးစက်က စကားပြောမည် လုပ်ပြီးထွက်သွားမည့်ပုံပြင်နေသည် မဟုတ်လား။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now