အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(22)

2.9K 155 0
                                    



မိုးစက်သည် အကိုကြီးနှင့် ချိန်းထားသည့်နေရာကို တက်ကြွစွာလာခဲ့သည်။ မိုးစက်၏ ဘေးတွင် လှပသည့် မိန်းမလှလေး တစ်ဦးပါလာသည် မဟုတ်လား။ ယဉ်စစနှင့် အင်မတန်ကို အကြည့်ခံသည့် မိန်းကလေးက ၀သုန့် အသိ လုပ်ငန်းရှင်ကြိးတစ်ဦး၏ သမီးချောဖြစ်သည်။ မဟာလည်းပြီးထားသည်။ ပညာတတ်ပြီး အင်မတန်ကို မိန်းမပီသသည် ယဉ်ကျေးသိမ်မွေ့သည့် ဆံပင်ရှည်ရှည်နှင့် မိန်းကလေးကို တွေ့စက မိုးစက်ပင် ငေးသွားမိသည်။

"အကိုကြီး..."

စနေသည် သတင်းစာဖတ်နေရာမှ မိုးစက်နှင့်အတူ ယှဉ်တွဲလာသည့် မိန်းကလေးကို သတိထားမိလိုက်သည်။ ငယ်ရွယ်နိုပျိုကာ သိမ်မွေ့သောအလှရှင်လေးဖြစ်သည်ကို အသိမှတ်ပြုလိုက်မိသည်။

"လာ...ညီလေး..."

မိုးစက်သည် နဒီခင်လေးကို ထိုင်ခုံတစ်ခုတွင် ထိုင်ရန် နေရာပေးပြီး အကိုကြီးနှင့်မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်ကာ အကိုကြီးကို ပြုံးကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။

"အကိုကြီးကို ကျွန်တော့် သူငယ်ချင်းနဲ့ မိတ်ဆက်ပေးချင်လို့။ ခင်လေး...ဒါ ကိုယ်ပြောပြောနေတဲ့ အကိုကြီး စနေပါ။ အကိုကြီးဒါ ကျွန်တော့် သူငယ်ချင်းလေး နဒီခင်လေးတဲ့၊ နဒီက ကျောင်းပြီးလို့ သူ့ဖေဖေ အလုပ်ကို ၀င်ကူနေတာ။ အကိုကြီးအကြောင်းကို ပြောပြတော့ အလုပ်နဲ့ ပတ်သတ်တာတွေကို မေးချင်တယ် ဆိုလို့၊ ပြီးတော့ အကိုကြီး မြန်မာ ပြည်ရောက်တုန်း မိတ်ဆက်ပေးဖို့ခေါ်လာတာ။ ခင်လေးကို အစစအရာရာ ကူညီပေးပါဗျာ။"

စနေသည် မိုးစက် မိတ်ဆက်ပေးသည်နှင့် နဒီခင်လေးကို လက်ကမ်းကာ လက်ဆွဲနူတ်ဆက်ပြီး ရင်းနှီးဖော်ရွေစွာ ပြောလိုက်သည်။

"တွေ့ရတာ ၀မ်းသာပါတယ် ခင်လေး။ ကျွန်တော်က စနေထွဋ္ဋ်ခေါင်ပါ။ ကျွန်တော့်ကို မိုးစက်လို ခင်မင်နိုင် ပါတယ်ဗျာ။"

နဒီခင်လေးသည် စနေဆိုသည့် အင်မတန်ကို ညှို့ဓါတ်နှင့် ပြည့်ဝသော မျက်လုံးအကြည့်စူးစူးကို တွေ့သော် ရင်အစုံ ထိန်းမ၇အောင်ခုန်လာခဲ့သည်။ သို့သော် စိတ်ကို ထိန်းကာ သိမ်မွေ့စွာပြုံးကာ ပြန်လည်နုတ်ဆက်လိုက်သည်။

"တွေ့ရတာ ၀မ်းသာပါတယ် ဥိီးစနေ။ ကျွန်မကို လိုအပ်တာရှိရင် သွန်သင်ပေးပါရှင်။ "

နဒီခင်လေးက ရင်ခုန်စွာဖြင့်ပြောလိုက်သည်။ ရင်လည်းခုန်သည်.။ ပျော်လည်းပျော်သည်။ ဦးစနေက မိမိကြုံဖူးသည့် ယောကျာ်းများနှင့်မတူသည့် ငါးကြိးကြိးဆိုတာကိုလည်သိလိုက်သည်။ ပြီးတော့ အင်မတန်ကို လည်မည်ကိုလည်း သိလိုက်သည်။ ထိုသူကိုသာ ရလျှင် မိိမိဘ၀တွင် ဘာကိုမှ ထပ်ပြီးမလိုလောက်အောင်ကို ပြည့်စုံမည်ကိုလည်း သလိုက်သည်။ ထို့ကြောင့် နဒီခင်လေးသည် ယောကျာ်းတစ်ကာတို့ ဒူးထောက်အရှုံးပေးရလောက်သည့် အကြည့်၊ အပြောတို့နှင့် သူ့ကို ကျော့ကွင်း စပြီးထောင်လိုက်သည်။

စနေသည် အင်မတန်ကို မိန်းမပီသည်သည့် နဒီခင်လေးဆိုသည့် မိန်းကလေးကို ပြုံးကြည့်ကာ မိုးစက် ဘာအကွက်ဆင်သည်ကို ချက်ချင်းသိလိုက်သည်။ သို့သော် ဟန်မပျက်ပြုံးရယ်ကာ အလိုက်ထိုက်ပြောလိုက်သည်။ မိုးစက်လေး မိမိကို စေတနာထားသည်ကိုသိသည်။ သို့သော် မိမိအတွက် ဒါတွေ မလိုဘူးဆိုတာကို သိအောင် သူ့ကို နည်းနည်းတော့ ကျီစားရန် ဆုံးဖြတ်လိုက်သည်။

"ဒီတစ်ခါ ကျွန်တော် မြန်မာပြည်ကို လာတာ တန်သွားပြီဗျာ..."

နဒီက သူ့ကို မျက်လွှာပင့်ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲဟင်။ ဦးစနေရဲ့ အလုပ်တွေ အဆင်ပြေသွားလို့လားရှင်..."

စနေက ရယ်မောကာ နဒီကိုရွှမ်းရွှမ်းစားစားကြည့်ကာ ဖြေလိုက်သည်။

"မဟုတ်ဘူး။ နဒီ့လို မိန်းမပီသပြီး သိမ်မွေ့တဲ့ မိန်းကလေးနဲ့ ခင်ခွင့်ရလို့ပါ။ ညီလေး မိုးစက်ကိုလည်း အရမ်းကျေးဇူးတင်တယ်ကွာ။"

နဒီသည် စနေ၏ အကြည့်ကြောင့် ရှက်သွေးဖြာသွားမိသည်။ ချမ်းသာသလောက် ဆွဲဆောင်မှုရှီသည့် လူချောကြီး ချီးကျူးသည်ကို မည်သည့်မိန်းကလေးက စိတ်မလှုပ်ရှားပဲ နေမည်နည်း။

မိုးစက်သည် နဒီခင်လေးနှင့် အကိုကြိး၏ အခြေအနေကို ကြည့်ကာ အနည်းငယ် စိတ်အေးသွားသည်။ သူတို့ နှစ်ယောက်ကိုခဏထားရန် ရည်ရွယ်ပြီး ခွင့်တောင်းလိုက်သည်။

"အကိုကြီးနဲ့ ခင်လေး ကျွန်တော့်ကို ခွင်ြ့ပုပါဦး။ အလုပ်ဖုန်း တစ်ခု ခေါ်စရာရှိလို့ပါ။ တောင်းပန်ပါတယ်..."

စနေနှင့် ခင်လေးက ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ မိုးစက် သူတို့နှစ်ဦးကို ထားကာ ခပ်လှမ်းလှမ်းတွင် ၀သုန့်ထံ ဖုန်းခေါ်ကာ ရောက်တတ်ရောက်ရာ ပြောရင်း အချိန်ဖြုန်းနေလိုက်သည်။

"အင်း ဒီတစ်ခါတော့ အကိုကြီးကြိုက်တာမျိုးကို ရှာနိုင်ပြီထင်တယ်။ တော်သေးတယ်ကွ။ အကိုကြီးက ခင်လေးကို ကြည့်ပုံက အိုကေမယ့်ပုံပဲကွ။"

"အေးပါကွာ။ ငါတော့ မထင်ပါဘူး။"

ဝသုန်က အေးအေးဆေးဆေး လှမ်းပြောလိုက်သည်။ မိုးစက်က ရယ်နေလိုက်သည်။ ပြီးမှ ၀သုန်လည်း အံ့အားသင့်သွား စေရမည်ဟု တွေးကာ သူတို့ကို ရအောင်လှော်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(22) - ဒုတိယပိုင်း

ဝသုန်သည် ရေချိုးပြီး TV channel မှ လက်ဝှေ့ပွဲကိုကြည့်နေစဉ် တံခါးဘဲမြည်သဖြင့် ထဖွင့်တော့ မိုးစက် ဖြစ်နေသည်ကိုတွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ ၀တ်ထားသည်ကိုကြည့်ပုံအရ အိမ်မှ လာခဲ့သည် မဟုတ်။ အပြင်မှ ပြန်လာပုံရသည်။

"မင်းက ဘယ်ကပြန်လာတာလဲ.."

ဝသုန် တံခါးဖွင့်ပေးရင်းမေးလိုက်သည်။ မိုးစက်မျက်နှာက သိပ်မကြည်သဖြင့် ဘာများဖြစ်လာတာလဲဟု လည်း ပူလိုက်မိသည်။ မိုးစက်နောက်ကိုကြည့်တော့ မည်သူမှ မမြင်ရပေ။ သူတစ်ယောက်တည်းဖြစ်နေသည်။

"အင်း တစ်ယောက်တည်း ။၇န်ဖြစ်လာတဲ့ပုံလည်း မပေါ်ပါဘူး။"

ဝသုန်ခေါင်းယမ်းကာ တံခါးကိုသော့ခတ်ပြီး တိုက်ခန်းထဲကို ပြန်ဝင်လာခဲ့သည်။ မိုးစက်က ဆိုဖာပေါ်တွင် မှီထိုင်ကာ ရေသောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာ ပန်းသွေးရောင်ပေါက်နေသည်ကို ကြည့်ပြီး မေးလိုက်သည်။

"မင်း သောက်လာတာလား။"

"အင်း ၀ိုင်နည်းနည်းပါ။"

ထိုအခါမှ စနေနှင့်သွားတွေ့ပြီးပြန်လာသည်ကို သိလို်က်သည်။ ၀သုန်သည် သူငယ်ချင်းနှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်ကာ ဒဲ့မေးလိုက်သည်။

"နေဦး။ မင်းနဲ့ ဦးစနေက ဘာလဲ။ "

မိုးစက် ဘုကြည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။ နဒီခင်လေး ဆိုသည့် မိန်းမကို စိတ်တိုသမျှ သူငယ်ချင်းထံကို ပုံချလိုက်ချင်သည်။

"ဘာလဲ မင်းမသိဘူးလား။ "

ဝသုန်သည် မိုးစက် တခုခု အလိုမကျခဲ့သည်ကို သိတော့ စိတ်လျော့လိုက်သည်။ သူငယ်ချင်းကို လောလောဆည် နှစ်သိမ့်ပေးရန်လိုသဖြင့် ရန်စချင်စိတ်ကို လျော့ထားလိုက်သည်။

"သိပါတယ်ကွ။ ဒါနဲ့ မင်း ဘာကို ဒေါကန်နေတာလဲ။ အရင်ပြောပါဦးကွ..."

မိုးစက် သက်ပြင်းရှိုက်လိုက်ပြီး ၀သုန့်ကို ရင်ဖွင့်သည်။ မိမိကြံထားသမျှကို အကိုကြီး အလွယ်တကူ ဘယ်လို ဖျက်လိုက်သည်ကို ပြောရင်း ဒေါပွနေပြန်သည်။ ၀သုန်က ကလေးလို ဖြစ်နေသော သူငယ်ချင်း၏ ပုံစံကို ကြည့်ကာ ရယ်ချင်သော်လည်း အောင့်ထားလိုက်ကာ ထပ်မေးလိုက်သည်။

"အဲ့ဒီတော့ မင်းလက်လျော့်မှာလား..."

မိုးစက် စူးခနဲကြည့်ကာ လေးနက်စွာပြောလိုက်သည်။

"ဝေးသေးတယ်။ မင်း ငါ့ကို ထပ်ကူညီဦး။ လုပ်ငန်းရှင်သမီးတွေထဲက မဟုတ်တဲ့ မိန်းမချောလေး မရှိဘူးလား။ အရင်တစ်ယောက်နဲ့ မတူပဲ အပြင်းစား ညှို့ဓါတ်ရှင်လေး လုပ်ပါဦးကွ။"

ဝသုန်က စူးရှမာန် ဆိုသည့် အဆိုတော်မလေးကို သတိရသွားသည်။ သူမ ပုံစံလေးက ခပ်ဟော့ဟော့နှင့် ဆွဲအား ပြင်းသည်။ သူမဆိုသည့်သီချင်းများလိုပဲ သွက်သည်။ လှသည်။ အန္တာရယ်များသည်။

"ရှိတော့ရှိတယ်ကွ။ စူးရှမာန် ဆိုတဲ့ မိန်းကလေး..."

"သူ ငွေမက်သလား။"

ဝသုန်က ရယ်မောကာ ဖြေလိုက်သည်။

"စိတ်ချ။ သူ့အဖေကလည်းဘောစိပဲ။ ၀ါသနာပါလို့သီချင်းဆိုနေတာ...။ သူနဲ့ဆို ဘယ်လိုလဲ...မင်း သူ့ပုံကို တွေ့ဖူးပါတယ်။ ငါ မင်းကို ဟိုတခါက ပြတဲ့တစ်ယောက်လေ.."

မိုးစက်သတိရသွားသည်။ အတော်ဆွဲဆောင်မှုရှိသည်ကို မှတ်မိလိုက်သည်။ မိုးစက် တစ်ခု တွေဝေသွားသည်။

"နေဦး။ သူ့ကို ဘယ်လိုပြောပြီး ချိန်းမလဲ..."

ဝသုန်က မာန်၏ အကြောကို သိသည်။ မာန်က မာကျောကျော ဂျစ်ကန်ကန်ပေမယ့် သူမအထာသိလျှင် ကိုင်တွယ်ရ တာလွယ်သည်။ ၀သုန်က မာန်နှင့် ဦးစနေသာ နီးစပ်သွားလျှင် မိုးစက်နှင့် ဝေးသွားမည်။ ဒါဆိုလျှင် အကိုနှင်းထန် ပြန်လာလျှင် မိုးစက် နှင့် စကားများတော့မည် မဟုတ်ဟုတွေးမိကာ ကူညီရန်ဆုံးဖြတ်လိုက်သည်။

"ရတယ်။ မာန်ကို ငါပြောလိုက်မယ်။ မနက်ဖြန် ဘယ်အချိန် ချိန်းလိုက်ရမလဲ။"

"နေဦး။ တဘက်ခါ ညနေကိုချိန်းပေး။ မနက်ဖြန် သူမအားဘူးကွ။"

"ခင်လေးကို ဦးစနေ ဘယ်လိုကိုင်တွယ်လိုက်တာလဲကွ။"

ဝသုန့်အမေးကို မိုးစက်သက်ပြင်းချလိုက်မိသည်။ မပြောချင်သော်လည်း အကိုကြီး အင်မတန် ဥာဏ်ကောင်းလွန်းသည်ကိုပြောပြလိုက်ရတော့သည်။ ၀သုန်ကရယ်ကာ မှတ်ချက်ချသည်။

"သူက လုပ်ငန်းရှင်ပဲ။ ဘယ်သူ့ကို ဘယ်လို ထိန်းရမယ်ဆိုတာ ကောင်းကောင်းသိမှာပေါ့ကွ။ နေပါဦး။ ဒါဆို မင်းလုပ်တာကို သိသိနဲ့ သူက မျှောလိုက်နေတာပေါ့..ဟေ့ကောင် ဆက်လုပ်လို့ ဖြစ်ပါ့မလား။ မာန်ကိုလည်း တခုခု နဲ့ မျှားသွားနိုင်တယ်နော်။"

"မာန်က ဘောစိသမီးဆို။ သူ ဘယ်လိုမှ မျှားမရနိုင်ပါဘူး။ ငါ့ကို သေချာချိတ်ပေးဦး။"

မိုးစက်က ပြောရင်း ပြန်ရန် ထလိုက်သည်။ ၀သုန်က မိုးစက်ကို လိုက်ပို့ပေးရင်း ပြောသည်။

"မိုးစက် မင်း လက်လျှော့လိုက်ပါတော့လား။ ငါပြောပြီးသား။ ဦးစနေက မလိုချင်လို့ ဒီအတိုင်းနေလာတဲ့သူပါ။ မင်းလုပ်လည်း အလကားပဲ။ ဒေါက်တာ ပြန်သိရင် စိတ်ဆိုးနေပါ့မယ်.။"

မိုးစက်က ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။

"အကိုနဲ့ စကားများစရာ ဘာရှိမှာလဲ၊ ဒီတစ်ယောက် မအောင်မြင်ရင် ထပ်မလုပ်တော့ဘူးကွာ။ ဒီတစ်ယောက်တော့ ကူညီဦး ၀သုန်..."

ဝသုန် မလွှဲသာပဲ ခေါင်းငြိမ့်လိုက်ရသည်။ လာပဲဖြစ်ဖြစ် မာန်ကို ငြင်းလိုက်ပါစေလို့ပဲ ဆုတောင်းရတော့မည်။ မိုးစက် ပြန်သွားတော့ ၀သုန် ဇာတ်လမ်း နည်းနည်းထိုင်ကြည့်ပြီး သတိရကာ အတုလကို ဖုန်းဆက်လိုက်သည်။

"အတုလ... မင်း ညစာ စားဖြစ်ရဲ့လား... ငါ မင်းဆီပို့ထားတာ သတိရသေးလား။ မင်း မစားရင် မနက်ကျရင် တွေ့မယ်။"

"စားမှာပါကွ။ ငါ အခုမှ ရေချိုးပြီးတာ။ စားပြီးရင် အိပ်တော့မယ်..."
"အေးပြီးရော။ မင်းစားချင်တယ် ဆိုလို့ တကူးတက သွားဝယ်ပြီး လာပို့ပေးထားတာ။ မစားဖြစ်မှာစိုးလို့။ မင်းက အခုမှ ရေချိုး၇အောင် ဘာလုပ်နေတာလဲ..."

ဝသုန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ့ထက်ကဲ အလုပ်သရဲများကို ထိန်းရတာ ၀သုန် စိတ်ညစ်လာလေပြီ။ အတုလက ညစာပုံမှန်မစားဖြစ်သည်ကို သိတော့ သူကြိုက်သည် ပြောထားသည့် စားစရာကို ညဦးပိုင်း က သွားဝယ် ကာ ပို့ပေးထားခဲ့သည်။ ပူတုန်းစားပါဟု မှာထားသည်ကို ယခု ၁၀ နာရီပင် ခွဲပင်။ ဒါကို မစားရသေးဆိုတော့ ၀သုန် သွားရိုက်လိုက်ချင်တော့သည်။

"ဘာလုပ်ရမှာလဲ။ မင်းရဲ့ အခွေကို ပြန်ပြီး editing လုပ်နေတာလေ။"

"ဟာကွာ။ မင်းကလည်း။ ညစာစားပြီးမှ လုပ်တော့ သေသွားမှာ မို့လား။"

"ခဏဆိုပြီး ငါထိုင်လိုက်တာ အချိန်ကုန်မှန်းမသိ ကုန်သွားတာကွ။ မင်းပြောမှ ငါ ဗိုက်ဆာလာပြီ။ ဒါပဲ ဟေ့ကောင်။ ငါ မုန့်စားတော့မယ်။"

အတုလ ပြောကာ ဖုန်းချသွားသည်။

"သေနာနှစ်ကောင်။ တစ်အိမ်တည်းထားရင် ငတ်သေအောင် အလုပ်လုပ်မယ့် အကောင်တွေ၊ ကလေးလည်း မဟုတ်ကွာ...."

ဝသုန် မကျေမနပ်ရေရွတ်ရင်း ဇာတ်ကားကို ပြန်ကြည့်လိုက်သည်။

အတုလသည် ရေချိုးခန်း မ၀င်ခင် က နွေးထားသည့် မုန့်ကို ထိုင်စားလိုက်သည်။ ကိုယ်ကြိုက်သည့် စားစရာကို ဗိုက်ဆာစဉ် စားလိုက်ရတော့ အတုလ ပျော်သွားသည်။

"၀သုန့်ကို ရတဲ့ ကောင်မလေး ကံကောင်းတာပဲ။ ဒီကောင် အသေးစိတ် ဂရုစိုက်တတ်သားပဲ။ "

အတုလ မုန့်စားရင်း ဖုန်းဝင်လာသဖြင့် နံပါတ်ကို ကြည့်လိုက်သည်။ မိမိခင်ခဲ့သည့် မိတ်ဆွေသစ်မှ ဆက်လာသည် ဖြစ်သောကြောင့် ထူးလိုက်သည်။

"ဟယ်လို..."

"အတုလ.....မနက်ဖြန် ပါတီရှိတယ် ။ မင်းကို ဖိတ်မလို့...."

အတုလ ထိုမိတ်ဆွေ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီးဖုန်းချလိုက်သည်။ ပြီးတော့ ကိုအောင်ကျော်ထံ ဖုန်းခေါ်လိုက်သည်။

"ကိုအောင်ကျော်..ကျွန်တော်ပါ၊ မင်းသွေးပါ။"

"အကိုလေး....အလုပ်အဆင်ပြေလား။"

"ပြေပါတယ်။ ဒယ်ဒီ့အကြောင်းမေးချင်လို့...."

အတုလသည် ဒယ်ဒီ့တပည့် ကိုအောင်ကျော်ကို သိချင်သည်ကို မေးလိုက်သည်။ ကိုအောင်ကျော်နှင့် ဖုန်းပြောပြီး အတုလ သက်ပြင်းရှိုက်လိုက်မိသည်။ ဒယ်ဒီနှင့် စကားပြောဖို့လိုနေပြီ။

အတုလသည် အလုပ်ပြီးသည်နှင့် အိမ်မပြန်တော့ပဲ ပါတီကို တန်းသွားလိုက်တော့သည်။ မီးရောင်စုံ ထွန်းကာ အရောင်စုံ လိပ်ပြာလေးများကဲ့သို့သော မိန်းမလှလေးများနှင့် အထက်တန်းလွှာ လူငယ်လေးများကို ကြည့်ကာ အတုလ စိတ်အိုက်လာသည်။ မိမိကို ဖိတ်သည့် မိတ်ဆွေကို အားနာသဖြင့်သာ လာရသည်။ ဒီလိုပွဲမျိုးကို အတုလ သိပ်မနှစ်သက်ပေ။

"အတုလ..."

"အကိုစစ်မင်း..."

အတုလ၏ မိတ်ဆွေ စစ်မင်းက အတုလကိုတွေ့သည်နှင့် ၀မ်းသာစွာဖြင့် အနားကိုကပ်လာခဲ့သည်။ အတုလသည် စစ်မင်းကို ပြုံးကာ နူတ်ဆက်လိုက်စဉ် စစ်မင်းက အတုလကို ၀မ်းသာအယ်လဲ ဖက်ကာ နူတ်ဆက်လိုက်သဖြင့် ပရိတ်သတ်များက အတုလကို နည်းနည်းသတိထားမိသွားသည်။

ပါတီရှင် အလေးထားကာ ဖက်ယမ်းနူတ်ဆက်နေသော သူသည် ပါတီရှင်၏ အလေးထားရသောသူဖြစ်သည်ကို အားလုံး သဘောပေါက်လိုက်သည်။

"လာ... အတုလ။ ကိုယ်က မင်းလာပါ့မလားလို့ စိုး၇ိမ်နေတာ။ လာ...ကိုယ့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်။"

အတုလသည် စစ်မင်းဆွဲခေါ်သွားသည့်နောက်ကို ယက်ကန်ယက်ကန်ပါသွားတော့သည်။

စစ်မင်းက အတုလကို တွေ့သည့် ဧည့်သည်တိုင်းနှင့် မိတ်ဆက်ပေးနေသည်။ အတုလသည် အစက ပါတီရှင်ကို တွေ့၊ စကားနည်းနည်းပြော ခဏနေပြီးလျှင် ပြန်မည်ဟု ရည်ရွယ်ထားသော်လည်း ယခုတော့ စစ်မင်းက မိမိလက်ကိုဆွဲကာ တရင်းတနှီးကို လူတွေနှင့်လျှောက်မိတ်ဆက်နေသည် ဆိုတော့ အတုလ စိတ်ညစ်လာသည်။ သို့သော် လက်တွဲကို ဖြုတ်ကာ မိမိမကြိုက်ကြောင်းပြောရအောင်လည်း သူ့ဘက်က မိမိအပေါ် ခင်မင်သည့် စိတ်ရင်း ကိုထည့်စဉ်းစားရအုံးမည်။
တခါတလေ မိမိစိတ်နှင့် မကိုက်ညီသောကြောင့် တဖက်သားကို လက်လွှတ်စပယ် တုန့်ပြန်တာ၊ ပြောဆိုလိုက်တာက ဆိုးဝါးသည့် ရလဒ်များရလာနိုင်သည်ကို ဒယ်ဒီက သင်ပြထားဖူးသဖြင့် အတုလ အလိုက်သင့် လိုက်လာခဲ့မိသည်။
လူတွေ၏ အကြည့်တိုင်းက တစ်ပုံစံတည်းဖြစ်နေသည်ကိုတော့ သတိပြုမိသည်။ မိမိကို ပါတီရှင်နှင့် တစ်စုံတစ်ခု တံဆိပ်ကပ်လိုက်သည့် အကြည့်ရိုင်းတွေပါ။ အတုလ မမှုပါ။ မိမိက မှန်နေလျှင်ပြီးတာပဲ။ အခုလည်း စစ်မင်းဘက်က ရိုးသားစွာမိတ်ဆက်ပေးတာလည်း ဖြစ်နို်င်သည်။ အခြားတစ်စုံတခုနှင့် မိတ်ဆက်ပေးတာလည်းဖြစ်နိုင်သည်။

သို့သော် မိမိဘက်က ရိုးသားသည်။ စစ်မင်း ဘက်ကအမှားမရှိပါ။ မိမိကသာ မှားခဲ့သည်။ မိမိက သူဖိတ်ကြားသည်ကို လက်ခံပြီး လာခဲ့မိသည်ကိုး။ မိမိမလာလျှင် ဒီလိုတွေဖြစ်စရာမရှိပါ။ သို့သော် မိမိလာခဲ့သည်။ထို့ကြောင့် ဧည့်သည်ပီသစွာ ခဏတော့ နေလိုက်ဦးမည်ဟု တွေးကာ စစ်မင်းနောက်ကို လိုက်နေခြင်းဖြစ်သည်။

ကလပ်တွင် စတွေ့ကတည်းက စစ်မင်းက ဟိုမို တစ်ဦးဆိုသည်ကို၇ိပ်မိပါသည်။ သို့သော် သူစကားပြောစဉ် သူ၏ ရည်မွန်မှုကြောင့် အတုလ သူ့ကို မည်သို့မှ ထွေထွေထုးထူး မတွေးခဲ့ပါ။ လိင်စိတ် တိမ်းညွတ်မှုနှင့် မိမိအပေါ် သူ့ခံစား ချက်တို့က သူ့အခွင့်အရေးဖြစ်သည်။ မိမိကတော့ သူ့ကို လူလို့ပဲမြင်သည်။

မိမိကိုလည်း ခင်မင်ပုံရသည်။ ထို့ကြောင့် သူဖိတ်သည့် ပါတီကိုလာခဲ့သည်။ ယခုတော့ သူ့အသိများကြား မိမိကို လိုက်မိတ်ဆက်ပေးနေသည်။ ဒါလည်းရသည်။ သူ မိတ်ဆက်ပေးတာက ကျွန်တော့်ရဲ့ သူငယ်ချင်းအသစ်လေး အတုလပါ။ တဲ့...။ သူ့စကားလုံးများက မှားမှ မမှားတာ။ မိမိဘက်က ဆတ်ဆတ်ထိ မခံဖြစ်ရအောင်လည်း မိမိက သူ့ထက် ထူးပြီးမြင့်မြတ်ပါသည် ဆိုသည့် စိတ်ထားလည်းမရှိပေ။

"ဟော ... အဆိုတော်ကြီး ကြွလာ ပြီ။ အတော်ပဲ။ ကိုယ်က ၀သုန် မလာတော့ဘူးလို့ထင်နေတာ...."

အတုလသည် ပါတီရှင်ကျွေးသမျှကို ငတ်ကြီးကျစွာစားရင်း ကျောခို်င်းလိုက်သည်နှင့် ပါတီရှင် တိုက်သည့် ကော့တေးများကို ပါတီရှင်၏ အတင်းအဖျင်းနှင့်မြည်းကာ မြိန်ရှက်စွာပြောနေသည့် တန်ဖိုးကြီးတံဆိပ်ဝတ်ဆင် ထားသည့် လူတန်းစားကို စိတ်ပျက်စွာကြည့်နေစဉ် ၀သုန်ဆိုသည့် နာမည်ကြောင့် လှည့်ကြည့်လိုက်တော့ ၀သုန်က မိမိကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်ကိုတွေ့လိုက်သည်။

အတုလက ပြုံးကာ ၀သုန်ကိုလှမ်းနူတ်ဆက်လိုက်သည်။ တော်သေးသည်။ မိမိ အသိကျွမ်းတစ်ယောက်တော့တွေ့ လေပြီ။ အနည်းဆုံး စကားပြောဖော်တော့ရသေးသည် မဟုတ်လား။

"ဟိုင်း ၀သုန်..."

အတုလ သူ့ကို ပေါ့ပေါ့ပါးပါး နူတ်ဆက်လိုက်သည်။ ၀သုန်က မိမိကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း ပါတီကို ဘယ်လိုရောက်နေတာလဲ..."

ကိုစစ်မင်းက ကြားမှ ၀င်ပြောလိုက်သည်။

"ကိုယ်ဖိတ်လိုက်တာပါ။ ၀သုန်က အတုလနဲ့သိပြီးသားပေါ့။ ဘယ်လိုသိကြတာလဲ။ ကိုယ်က အတုလ အမေရိကားက ပြန်လာကာစဆိုတော့ ဒီမှာ သူငယ်ချင်း မရှိဘူးထင်နေတာ..."

ကိုစစ်မင်း၏ အမေးကို ၀သုန် စိုက်ကြည့်ကာ ဖြေလိုက်သည်။

"ဟုတ်လားဗျ။ ကိုစစ်က တကယ် အတုလ ကိုမသိဘူးပေါ့။ သူက ကျွန်တော့် သီချင်းတွေအတွက် company က ခန့်လိုက်တဲ့ ဒါရိုက်တာ အသစ်လေ..."

အတုလသည် ၀သုန်ပြောပုံဆိုပုံကို သိပ်သဘောမကျပေ။ တစုံတခုသော တင်းမာမှုကိုတွေ့ရသည် မဟုတ်လား။ ပြီးတော့ ကိုစစ်မင်းက မိမိကိုသိနှင့်ထားသည်ကို ဖုံးကွယ်ထားသည် ဆိုသည့် အဓိပ္ပါယ်လည်း ထွက်နေသည် မဟုတ်လား။

"၀သုန်... ကိုစစ်မင်းနဲ့ငါက ကလပ်မှာ တွေ့ခဲ့တာ။ ငါ ဘာလုပ်တယ် ဆိုတာ မပြောပြထား ဘူး။ မင်း ဘာလို့ အဲ့လိုပြောတာလဲ။"

ဝသုန်သည် အတုလကို စိုက်ကြည့်ကာ ဒီကောင် ဒီလောကရဲ့အထာတွေကို မသိသေးပဲ တွေ့ရာလူ ဖိတ်သည့် ပါတီကို လာရဲသည်ကို အံ့သြနေမိသည်။ ကိုစစ်မင်းက ရယ်ကာ ၀သုန့်ကို လေအေးလေးနှင့် ၀င်ပြောလိုက်သည်။

"၀သုန်က ကိုယ့်ကို အထင်လွဲနေတယ် ထင်တယ် ။ ကိုယ် တကယ် အတုလကို ဘာအလုပ်လုပ်လည်း မသိဘူး။ ပြီးတော့ကိုယ် ဘာအလုပ်လုပ်တယ်ဆိုတာကို ပြောမပြမိဘူး။ အတုလက ကိုယ့်ကို စီးပွားရေးလုပ်ငန်းရှင်လို့ပဲ သိတာပါ။ "

အတုလက ၀သုန်နှင့် ကိုစစ်မင်းကို တလှည့်စီကြည့်ကာ အေးဆေးစွာပြောလိုက်သည်။
"ကျွန်တော်တို့ အလုပ်က အဲ့လောက် အရေးမကြီးပါဘူးဗျာ။ တယောက်ကို တယောက် စိတ်ရင်းနဲ့ခင်ဖို့ပဲ အ ရေးကြီးပါတယ် ..."
ကိုစစ်မင်းက အတုလ၏ စကားကိုကြားသော် လက်မထောင်လိုက်သည်။

"Right အတုလ။ ကဲ အဆိုတော်ကြီး ထိုင်ပါဦး။ အတုလ လည်း အဖော်ရသွားတာပေါ့။ ကိုယ် 'ဟိုဘက် ခဏသွားလိုက်ဦးမယ်နော်။"
ကိုစစ်မင်းထွက်သွားတော့မှ အတုလက လွတ်သည့် ၀ိုင်းတွင် ၀သုန်နှင့်အတူထိုင်ကာ ဖြတ်သွားသည့် စားပွဲထိုးလက်ထဲမှ ကော့တေးခွက် တစ်ခွက်စီကိုလှမ်းယူကာ သောက်နေလိုက်သည်။

အတုလသည် စင်ပေါ်မှ အဆိုတော်များ၏ သီချင်းသံကို နားထောင်ရင်း ခံစားနေစဉ် ၀သုန်က အတုလကို ကြည့်ကာ တွေးနေမိသည်။

"ကြယ်ပြာ ဆိုတာ အတုလ တကယ်ကို မသိတာလား။ ကိုစစ်မင်းက အတုလကို သေချာပေါက်သိမှာပဲ။ ဒါတောင် သူက အတုလကို ၀င်လုံးတယ် ဆိုတော့ သွေးရိုးသားရိုးမဖြစ်နိုင်ဘူး။ ဒီကောင်ကိုသတိပေးမှ...."
အတုလသည် သီချင်းဆုံးသွားတော့ ၀သုန်ကိုလှမ်းပြောသည်။

"သီချင်းလေးက မဆိုးဘူးကွ။ ဒါပေမယ့် ကောင်မလေးက ခံစားချက် ထည့်ဖို့ထက် သူ့ကိုယ်လုံးကို အလှပြဖို့ ပိုစိတ်ဝင်စားနေသလိုပဲကွာ..."
ဝသုန်က ရယ်ချင်သွားသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ တိုးတိုးပြောလိုက်သည်။

"ဟေ့ကောင် တိုးတိုးပြော ...အဲ့ဒါ အခု နာမည်ကြီးလာတဲ့ အဆိုတော်လေးပဲကွ။ ကိုယ်လုံးလှလို့ နာမည်ကြီးသွားတာ..."

"ဟုတ်လား... ထူးဆန်းတယ်ကွ..."
အတုလက ဘာရယ်လို့ ထွေထွေထူးထူးမပြောပဲ ရိုးရိုးလေးပဲ မှတ်ချက်ချလိုက်သည်။ ၀သုန်သည် ကော့တေး တစ်ခွက်သောက်ပြီး အမြည်းအနည်းငယ် စားပြီးနောက် အတုလကို ကြည့်ကာ မေးလိုက်သည်။

"မင်း ပြန်လိုက်မလား.."

"အေး။ ငါက မင်းနဲ့ အတူပြန်မလို့စဉ်းစားထားတာ.."
အတုလ လိုက်လာမည် ဆိုသောကြောင့် ၀သုန် သက်ပြင်းရှိုက်လိုက်မိသည်။ တော်သေးသည်။ ကိုစစ်မင်း၏ ပါတီက ညနက်လေ ပိုကြမ်းလေဖြစ်သည်။ အတုလကို မိမိ စိတ်မချပေ။ သူ တခုခုဖြစ်လျှင် မိုးစက် မိမိကို အပြစ်တင်နိုင်သည် မဟုတ်လား။
နှစ်ယောက်သား ပါတီရှင်ကို နူတ်ဆက်တော့ ကိုစစ်မင်းက အတုလကို ခေါ်ထားချင်သေးသည်။

"နေပါဦးလား အတုလာ။ ပါတီက ညနက်မှ ပိုပျော်စရာကောင်းလာမှာ။ အဲ့အခါမှ ကိုယ့်အ၇င်းနှီးဆုံသူတွေချည်း ကျန်ပြီး ကဲကြမှာလေ။ အတုလ ပျော်မှာ သေချာတယ်.."

"ခွင့်လွှတ်ပါ ကိုစစ်။ ကျွန်တော် အလုပ်လေး ရှိသေးလို့ပါ။ နောက်တစ်ခါပေါ့ဗျာ။"
ကိုစစ်မင်းက အတုလကို လက်ဆွဲနူတ်ဆက်ကာလှိုက်လှဲစွာပြောလိုက်သည်။

"အိုကေ...နောက်တခါ ညနက်ထိ နေရမယ် နော်။ "
ဝသုန်သည် ကိုစစ်မင်း၏ လှိုက်လှဲပုံကို မနည်းသည်းခံပြီး ပြန်လာခဲ့သည်။ ဒီဘဲကြီး မိမိကို မေတ္တာပို့နေမှာ ကြိမ်းသေ သည်။ ဘာပဲဖြစ်ဖြစ် အတုလ ပြန်ပါလာသည်ကို ၀သုန်ကျေနပ်သည်။

အတုလကို အိမ်ပြန်ပို့တော့ ၈ခွဲပဲရှိသေးသဖြင့် အတုလက ၀သုန့်ကို အိမ်ထဲ ၀င်ထိုင်ရန် ခေါ်လိုက်သည်။ ၀သုန်လည်း စပ်စုချင်သဖြင့် လိုက်လာခဲ့သည်။
အတုလက ကျယ်ဝန်းသည့် ကွန်ဒို တစ်ခုတွင် တစ်ယောက်တည်းနေသူဖြစ်သည်။ အခန်းကျယ်သော်လည်း နေရာတကာ အတုလ၏ ပစ္စည်းများပျံ့ကျဲနေသည်။ ၀သုန်သည် ဗေစင်ပေါ်တွင် ပုံနေသည့် ပန်းကန်များနှင့် ကော်ဖီခွက်များကို ကြည့်ကာ အတုလကို လှည့်ကြည်ြ့ပီးမေးသည်။

"ဟေ့ကောင်... မင်း တကယ်ကြီး ဖြစ်သလိုကို နေပါလားကွ။ အိမ်အကူတစ်ယောက်လောက် ခေါ်လေကွာ..."
အတုလက မျက်လုံးဝေ့ကြည့်ကာ ယခုမှ ရှုပ်ပွနေသည်ကို သတိထားမိကာ ၀သုန့်ကို တောင်းပန်လိုက်သည်။

"ဆောရီးကွာ။ ငါလည်း ခုရက် တည်းဖြတ်တဲ့အထဲ အာရုံရောက်သွားလို့ ရှင်းဖို့မေ့သွားတယ်။ "

"ရပါတယ်ကွ။ မင်း တယောက်တည်းဆိုတော့ ဖြစ်သလိုနေတာကို ငါနားလည်ပါတယ်။ အိမ်အကူခေါ်ဖို့ပြောတာ မင်းကို... "

"အင်း ဒယ်ဒီက တောင်ကြိးကနေ ရှာခိုင်းထားတယ်။ ဖေဖေ့ အဆက်သွယ်ထဲက လာမယ်တဲ့။ ခဏလေးနော်။ ငါရေပြေးချိုးလိုက်ဦးမယ်။ ငါက ခဏဆိုပြီး ပါတီကို သွားလိုက်တာ ပြန်ထွက်လို့မ၇တော့လို့၊ ခုထိ ရေမချိုး ရသေးဘူး.."

ဝသုန် ခေါင်းငြိမ့်လိုက်သည်။ အတုလ က ၀သုန့်ကို ရေခဲသေတ္တာကို ညွန်ပြကာ ပြောလိုက်သည်။

"အထဲမှာ အစုံ၇ှိတယ်။ မင်းကြိုက်တာ ယူသောက်ချည်။ ငါးမိနစ်ပဲ ...မကြားဘူး။"
အတုလ ထွက်သွားတော့ ၀သုန် ဘီယာ တစ်ဘူးဖောက်သောက်ကာ ရှင်းလင်းရေး စတင်သည်။ ပထမ ဆိုဖာတွေပေါ်က သူ့အ၀တ်များကို ကောက်ကာ အခန်းထောင့်မှ ခြင်းထဲကို ထည့်သည်။ ပြီးတော့ စားပွဲပေါ်ကို ရှင်းသည်။ ထို့နောက် ဗေစင်ထဲမှ ခွက်များ၊ ပန်းကန်များကို ဆေးသည်။
လုပ်နေကျဖြစ်လို့ ၀သုန်က မြန်သည်။ အတုလ ထွက်လာတော့ ၀သုန်က ပန်းကန်များကို ပန်းကန်ေ၇စစ်သည့် စင်တွင် တင်နေလေပြီ။ အတုလသည် ၁၀ မိနစ်အတွင်းအာလုးံရှင်းထားနိုင်သည့် ၀သုန်၏ စကေးကို လက်ဖျားခါ သွားသည်။

"ဟိုက် လေးစားတယ် ဆရာသမား..."
အတုလက ၀သုန့်ကို ခါးညွတ်ကာ အရိုသေပေးလိုက်သည်။ ၀သုန်က လက်ကို သုတ်ကာ ဆိုဖာတွင် ၀င်ထိုင်ပြီး အသောဖောက်လိုက်သည်။

"ဒါဆို ငါ့ကို ဌားလိုက်လေ.... အချိန်ပိုင်းလာလုပ်ပေးမယ်...."
အတုလက ပြုံးဖြီးသွားပြီး ပြန်ဖြေလိုက်သည်။

"အေးကွ။ အကြံကောင်းတယ်။ ငါလည်း မင်းကို အနီးကပ် ကြီးကြပ်ရတာပေါ့။ အလုပ်တွေကို ကူခိုင်းလို့ရတယ်..."
ဝသုန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"တော်...တော်... တနေကုန် အလုပ်မှာ မင်းကြပ်တာကို ခံရပြီးပြီ။ အားလပ်ချိန်လေး နားအေးပါးအေး နေပါ၇စေကွာ။"
အတုလက ၀သုန့်စကားကို ကြားသော်စိတ်မဆိုးပဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ခေါင်းသုတ်မည်ဖြစ်လို့ မျက်မှန်ကို ချွတ်ထားသည့် အတုလ မျက်နှာကို ကြည့်ကာ ၀သုန် အလန့်တကြားဖြစ်သွားသည်။

"ဟေ့ကောင် အတုလ...မင်း ..."
အတုလက ၀သုန်၏ အလန့်တကြားသံကြောင့်လန့်သွားပြီး မေးလ

အချစ်စစ်၏ တည်နေရာWhere stories live. Discover now