အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(16)

3.3K 191 0
                                    

နှင်းထန်သည် မိုးစက် အလုပ်သွားခါနီး အ၀တ်စားရွေးနေသည်ကိုတွေ့တော့ အနောက်မှ သိုင်းဖက်ကာ ဂုတ်သား ၀င်းဝင်းလေးကို နမ်းကာ ပြောလိုက်သည်။

"ချာတိတ်...... အလုပ်သွားမှာကို ၀တ်မယ့် အ၀တ်ရွေးလှချည်လား...."

မိုးစက်သည် အကိုနှင်းထန်ကို လှည့်ကာ မကျေမနပ်ပြောလိုက်သည်။


"ခင်ဗျားကြောင့်.... ကျွန်တော်က ပေါ့ပေါ့ပါးပါး ၀တ်မလို့ဟာကို....အခုတော့ ကော်လံပါတာ ၀တ်ရတော့မယ်..."

နှင်းထန်က ရယ်ကာ တိုးတိုးကပ်ပြောလိုက်ပြန်သည်။


"အကိုက ဘာလုပ်မိလို့ပဲ...တံဆိပ်ပဲ ခပ်လိုက်မိတာကို။ အလုပ်က မန်နေဂျာ ငယ်ငယ်တွေ ချာတိတ်ကို ကပ်ရှိုးမှာစိုးလို့ ပိုင်ရှင်ရှိကြောင့် တံဆိပ်နှိပ်ထားတာ..."


"အကို..... ကျွန်တော့်ကို မယုံလို့လား..."

မိုးစက် မျက်နှာတည်တည်နှင့် သူ့ကိုလှည့်မေးလိုက်သည်။ နှင်းထန်သည် မိုးစက်၏ မျက်နှာပေးကြောင့် ရင်ထဲ ထင့်သွားသည်။


"ချာတိတ်..... ဘာကိုမေးတာလဲ။ "


"ဟုတ်တယ်လေ။ အခြားသူကြည့်တိုင်း ပါသွားမယ်လို့ အကိုထင်နေလို့လား။ ဒါဆို ကျွန်တော့်ကို အကိုမယုံတာပဲလေ။"

မိုးစက် အေးဆေးစွာရှင်းပြလိုက်သည်။ နှင်းထန် စိတ်မကောင်းဖြစ်သွားသည်။ မိုးစက်၏ ကိုယ့်ကျင့်တရားကို မိမိမယုံတာ မဟုတ်ပေ။ မိမိရဲ့ စိတ်ကိုက မိုးစက်ကို ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ဒါကို ချာတိတ်လေး အထင်လွဲနေတာလား။


"မင်းရဲ့ ကိုယ်ကျင့်တရားကို မယုံတာ မဟုတ်ဘူး မိုးစက်။ ကံတရားကို မယုံတာ.....မင်းကိုချစ်လွန်းလို့ ကိုယ်ထပ်ပြီး ဆုံးရှုံးသွားမှာကို စိုးတာ.... ဖြစ်နိုင်ရင် ကျုပ်ရင်ကို ခွဲပြီးပြချင်တယ် မိုးစက်။"


မိုးစက်သည် မထင်မှတ်ပဲ ပြောလိုက်ပြီးမှ သူ့လေသံနှင့် မျက်နှာထားကိုမြင်တော့မှ မိမိ ပြောတာ အနည်းငယ်လွန်သွား သည်ကို သတိရလိုက်ပြီး သက်ပြင်းချကာ သူ့ရင်ခွင်ထဲကို တိုးဝင်ဖက်ထားကာ တောင်းပန် လိုက်သည်။

အချစ်စစ်၏ တည်နေရာDove le storie prendono vita. Scoprilo ora