အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(8)

3.8K 223 0
                                    

မိုးစက်သည် တကယ်တမ်းအကိုကြီးနှင့် ခွဲရတော့မည်ဆိုတော့ ရင်ဝယ်ဆို့နင့်လို့နေသည်။ အကိုကြီးကိုလက်ပြ နုတ်ဆက်လို့ ထွက်မသွားရက်ပေ။မိမိနှင့်အကိုနှင်းထန် လက်တွဲပြီး ကျောခိုင်းထွက်သွားသည်ကိုအကိုကြီးကိုမမြင်စေချေင်ပါ။

"အကိုကြီးလေဆိပ်ကိုလိုက်မပို့ပါနဲ့။ ကျွန်တော်... အကိုကြီးကို ချန်ထားခဲ့၇တာကို မခံစားနိုင်ဘူး။"

စနေသည် မိုးစက်၏ ခံစားချက်ကိုနားလည်ပါသည်။ ထို့ကြောင့် အလိုလိုက်သည့်အနေဖြင့် မိုးစက်ကိုခေါင်းငြိမ့်ပြ လိုက်သည်။ ပြီးတော့ လေဆိပ်တွင် မိမိနှင့် ဒေါက်တာနှင်းထန်တို့ဆုံလျှင် မိုးစက် နေရခက်မည်ကိုစနေစိုးရိမ်သည်။

"ကောင်းပြီလေ။ အကိုကြီးမင်းကိုလိုက်မပို့တော့ဘူးနော်။"

မိုးစက်သည် အကိုကြီးကိုကျေးဇူးတင်စွာကြည့်မိသည်။ အကိုကြီး၏ နားလည်နိုင်စွမ်းကိုမိမိလိုချင်ပါသည်။ အကိုကြီးကိုငေးငေးလေးကြည့်ရင်းဘာပြောရမှန်းမသိဖြစ်နေမိစဉ် စနေသည် မိုးစက်ကို ပြုံးကြည့်ကာပြောလိုက်သည်။

"အိုကေ။ အရမ်းမတွေးနဲ့ ။ အကိုကြီးအဆင်ပြေတယ်။ မိုးစက် ညီလေးဘယ်နေရာရောက်ရောက်၊ ဘယ်တွေလုပ်လုပ်၊ မင်းကအကိုကြီးရဲ့ ညီလေးမိုးစက်ပဲ။"

အကိုကြီး၏စကားကမိုးစက်ကိုစိတ်သက်သာရာရစေသည်။ နောက်ပိုင်း အကိုကြီးနှင့် အတူအလုပ်မလုပ်ရတော့မည် တို့ကို တတ်နိုင်သမျှ မတွေးပဲနေလိုက်သည်။ လက်ရှိ အကိုကြီးနှင့်အတူရှိသည့် အချိန်လေးများကို တန်ဖိုးရှိစွာကုန်ဆုံးချင်သည်။

"ညီလေးလည်း အကိုကြီးနဲ့ အတူနေတာ အလုပ်တွေပိနေလိုက်တာကွာ။ ရန်ကုန်ရောက်မှ အေးအေးဆေးဆေးနား ရတော့မယ်။ "

စနေသည် မိုးစက် စိတ်ပြောင်းသွားရန် ပေါ့ပေါ့ပါးပါး စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူပြောမှ မိုးစက် ရန်ကုန်ရောက်လျှင် အကိုနှင်းထန်နှင့်အတူနေရလျှင် မိမိအလုပ်လက်မဲ့ဖြစ်မည်ကိုတွေးမိသွားသည်။ အကိုနှင်းထန်က သူ့လုပ်ငန်းထဲတွင် မိမိကို လုပ်ခွင့်ပြုမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အကိုနှင်းထန်၏ဖခင်ကြီးက မိမိကို လိုလားမည် မဟုတ်တာ သေချာသည်။ ယခုကိစ္စကိုလည်း ဦးမင်းထန် သိချင်မှ သိလိမ့်မည်။

အချစ်စစ်၏ တည်နေရာOnde histórias criam vida. Descubra agora