အချစ်စစ်၏ တည်နေရာSeason (4)အပိုင်း(30) -ဒုတိယပိုင်း

3.1K 186 6
                                    

အချစ်စစ်၏ တည်နေရာ

Season (4)

အပိုင်း(30) -ဒုတိယပိုင်း

ညနေစာကို နှစ်ယောက်သား တိတ်ဆိတ်စွာစားနေမိသည်။ ဒေါ်လေးပိုလည်း အခြေနေကို အကဲခတ်ကာ စိတ်ညစ်နေမိသည်။ ဒီ အတွဲ တစ်ယောက်ကို တစ်ယောက် မချစ်တာလည်းမဟုတ်။ မျက်စိအောက်က အပျောက်မခံအောင်ကို ချစ်ကြလျက်နဲ့ မောင်နှင်းထန်ကလည်း မိုးစက်လေး ဘာဖြစ်နေသည်ကို မမေးပဲ အရိပ်တကြည့်ကြည့်နှင့် ငြိမ်နေသည်ကို ဒေါ်လေး အူယားလာမိသည်။ မိုးစက်လေးကို ယောကျာ်းလေးမှန်းသိသည့်တိုင် မောင်နှင်းထန်ကို ချစ်ပေးသည့်အတွက် ဒေါ်ပို ကျေးဇူးတင် မဆုံးတော့ပါ။


"မိုးစက်လေး နေမကောင်းဘူးလား မျက်နှာလည်း မကောင်းဘူး။"

မိုးစက်သည် ဒေါ်လေးပို၏ စကားကြောင့်သတိဝင်လာသည်။ မိမိက အကိုကြီးကို စိုး၇ိမ်ကာ အတွေးထဲ နစ်နေမိသည် မဟုတ်လား။ မိုးစက် ပြုံးလိုက်ပြီး ဒေါ်လေးကို ပြန်ဖြေလိုက်သည်။


"ကောင်းပါတယ် ဒေါ်လေး။ အကိုတစ်ယောက်က အတော်ကြီးကို နေမကောင်းဖြစ်နေလို့ အဲ့ဒါ သူ့အတွက် စိုး၇ိမ်နေလို့ပါ။ အကို ဘာမှလည်း မစားဘူး။ ရော့...အကိုကြိုက်တဲ့ဟင်းလေး။"

မိုးစက်သည် အကိုနှင်းထန်ကိုလည်း အားနာသွားသည်။ အကိုကြီး ကို စိုး၇ိမ်တာက အကိုနှင်းထန်ကိုပါ စိတ်မသက်မသာ ဖြစ် အောင် မိမိမလုပ်သင့်ပေ။ သူ့ကိုခွင့်တောင်းပြီး သွားတာက သွားတာပေါ့။အခုလို အကိုနှင်းထန်နှင့်အတူရှိစဉ် မိမိကြောင့်အကိုနှင်းထန် ယခုလိုဖြစ်ရတာကို တော့မလိုလားပါ။

နှင်းထန်သည် မိုးစက်လေး မိမိကို ထိုသို့ အားနာဟန်လေးဖြင့် မေးမြန်းကာ ဟင်းထည့်ပေးသည်ကို တွေ့တော့လည်း နှင်းထန်၏ စိတ်တို့ ပြေသွားရပြန်သည်။ မိုးစက်၏ စကားအရ စနေထွဋ်ခေါင် နေမကောင်းဖြစ်သည်ကို သိလိုက်ရသည်။ မိုးစက် ထိုလူကြောင့် စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေသည်ကိုတွေ့တော့ မည်သူ့ကိုပဲ စိတ်တိုရမလိုပင်။

နှင်းထန်သည် စိတ်ကိုလျော့ကာ မိုးစက်ထဲကို သူကြိုက်တတ်သည်ကိုပြန်ခပ်ထည့်ပေးပြီး ပြောလိုက်သည်.။

အချစ်စစ်၏ တည်နေရာWhere stories live. Discover now