Chapter 1 : Sealed

8.6K 667 15
                                    



Unicode

တစ်စုံတစ်ရာမှားယွင်းခဲ့သည်ရှိသော် ဘာသာပြန်သူ
ကိုယ့်ရဲ့အမှားသာ......။

" သားတော် Taehyung ကိုစောင့်ရှောက်နိုင်
  တယ်။ သားတော်တို့အားလုံး သူ့ကို ကာကွယ်
  နိုင်တယ်။ Taehyung က သူလုံခြုံဖို့အတွက်နဲ့ အိမ်ကထွက်သွား
  စရာမလိုဘူး.....။ "

Yoongi ကသူ့၏ ခမည်းတော်အားပြောလိုက်သည်။

" မင်းဂရုစိုက်ဖို့လိုအပ်တာက Jimin နဲ့
  မင်းရဲ့ပြည်သူတွေကိုဘဲ။ Taehyung လုံခြုံဖို့
  အတွက် လိုအပ်တာအကုန်လုံးကို ဘာဘဲလုပ်ရ
  လုပ်ရ ငါလုပ်မယ်....။ "

Sehyun က ဒီလိုပြန်ပြောလာတဲ့အခါ Yoongi ကခေါင်းကိုခါရင်း

" ပြီးတော့ ဒီအကြံကို ဘုရင် Jaehwan က
  လက်ခံမယ်လို့ ခမည်းတော်က ထင်နေတာလား " Yoongi ကမေးလိုက်သည်။

" မင်းရဲ့ အစ်ကိုတော် က ဘုရင် Jaehwan ရဲ့
  သားတော်တစ်ပါးနဲ့လက်ထပ်ထားပြီးပြီး....။
  ပြီးတော့ အခုလက်ထပ်ပွဲကလဲ ခမည်းတော်တို့တိုင်း
  ပြည်နှစ်ပြည်ကို ကံကောင်းခြင်းတွေယူဆောင်
  ပေးလာနိုင်တယ် "

" သားတော်တို့က အခု ခြိမ်းခြောက်ခံနေရတာ၊
  ဒါကိုခမည်းတော်က Taehyung ကို လက်ထပ်ပေး
  ဖို့စီစဉ်နေတယ် "

ပြောပြီးနောက် Yoongi သက်ပြင်းချလိုက်သည်။

" ဟုတ်တယ် Yoongi... ခမည်းတော်တို့ ခြိမ်းခြောက်
  ခံနေရတယ်....။ ဒါတွေအားလုံးကလဲ သူ
  Taehyung ကိုလိုချင်လို့ဖြစ်ရတာ။
  Taehyung သာဒီမှာမရှိနေရင် ခမည်းတော်တို့
  ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီကိစ္စကိုဖြေရှင်းလို့ရတယ်"

ဖခင်ဖြစ်သူပြောတဲ့စကားတွေက မှန်နေတာကြောင့်
Yoongi ဘာစကားမှဆက်မပြောတော့ဘဲ
တိတ်တဆိတ်သာနေလိုက်မိသည်။
အခုဆို Eriden တိုင်းပြည်က က Taehyung ကို သူတို့ရဲ့ ရှင်ဘုရင်ဖြစ်သူ
ဘုရင် Wongjae ကိုမပေးလျှင် တိုင်းပြည်ကို
တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။
အကြောင်းရင်းမှာ Taehyung ကို သူရဲ့
လိင်ပိုင်းဆိုင်ရာ စိတ်အာသာဖြေရန် အသုံးပြု
လိုခြင်းကြောင့်ဖြစ်သည်။

ဒါပေမယ့် Taehyung လုံခြုံဖို့အတွက် Jeongguk နဲ့ လက်ထပ်ပေးမယ်ဆိုတာက Taehyung နဲ့ Jeongguk တို့နှစ်ယောက်လုံးအတွက်လဲ မတရား ရာကျသည်။ သူတို့က တစ်ယောက်နဲ့တစ်ယောက်တောင် အပြင်မှာတောင် မတွေ့ဖူးကြပေ။ Yoongi စိတ်ထဲအတွေးပေါင်းများစွာ ရှိနေခဲ့သည်။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now