Chapter 33 : Guests

2.7K 284 49
                                    

ZawGyi Font

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ......။

Flashback~

" အချစ်​​​ရေ~? "

ခေါင်းကို နှိပ်​​ပေး​နေတဲ့ Taehyung ကို​ သူ​ခေါ်လိုက်​သည်​။
Jeongguk က Taehyung ရဲ့ ရင်​ဘက်​​ပေါ်တွင်
ခေါင်းတင်​ကာ လှဲ​နေပြီး လက်​ဖြင့်​ Taehyung ၏ ဗိုက်​ကိုလဲ ကိုင်​ကစား​နေသည်​။

" ဟမ်​...." ဟုသာ Taehyung ဘက်​က ပြန်​တုံ့ပြန်​သည်​။ သူတို့နှစ်​​ယောက်​လုံး အိပ်​ယာ​ပေါ်တွင်​ လှဲ​နေကြသည်​။ အပြင်​ဘက်​မှာလဲ ရာသီဥတုက နှင်း​တွေပါ
ကျ​နေတာ​​ကြောင့်​ Jeongguk က ​လေ့ကျင့်​​ရေးကွင်းထဲမသွားချင်​​တာမို့ Taehyung နှင့်​အတူရှိ​နေခြင်းဖြစ်​သည်​။

" Tae ရဲ့နံ့က နည်းနည်း​ပြောင်း​နေသလိုဘဲ "

Taehyung ရယ်​​နေရင်းပင်​ မျက်​​မှောင်​ကြုတ်​လိုက်​မိသည်​။

" တကယ်​ဘဲလား "

" အင်း ရနံ့က ပိုပြင်းလာပြီး​တော့ နည်းနည်းလဲ ​ပြောင်း​နေသလိုဘဲ။ ချို​နေပြီး​တော့ ပိုပြီး စွဲမက်​ဖို့ ​ကောင်းလာတယ်​။ "

" ကြည့်​ရတာ ငါ့ရဲ့​ပြောင်းလဲမှု​ကြောင့်​ထင်​တယ်​ "

" အင်း ဟုတ်​မယ်​​နော်​ "

ပြီး​နောက်​ Taehyung နှိပ်​​ပေးတာကိုငြိမ်​ခံ​နေရင်း
ရင်​ဘက်​​ပေါ်မှာတင်​ သူအိပ်​​ပျော်​သွားခဲ့သည်​။

( my note: Taehyung ရဲ့ ​နောက်​ထပ်​ပုံစံတစ်​မျိုး​ကြောင့်​လို့ သူတို့က ထင်​​နေကြတာပါ။ )

Flashback end~

ထို​နေ့ရက်​က နှစ်​ပတ်​​လောက်​​တောင်​မကြာ​သေးဘူး ဆိုတာကို Jeongguk မှတ်​မိသည်​။ Taehyung ရဲ့ ရနံ့​ပြောင်းလာတယ်​လို့ သတိထားမိတဲ့အချိန်​....
အများကြီးစားမိရင်​ အန်​ချင်​သလိုဖြစ်​တာ​ကြောင့်
Taehyung အစား သိပ်​မစား​တော့ဘူးဆိုတာကို
သူသတိထားမိတဲ့အချိန်​....

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ