Chapter 17 : Dream

3.6K 392 42
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ.....။

သူတို့နှစ်​ဦး ထိုအ​ခြေ​နေတစ်​ခုအထိ ပြီးစီးခဲ့​တာ​တောင်​မှ သူတို့အတွက်​လုံ​လောက်​မှုမရှိ​သေးသည့်​နှယ်​။
Taehyung မှာ Jeongguk ရဲ့​ပေါင်​​ပေါ်တွင်
ထိုင်​ကာ အသက်​ရှူမှား​လောက်​​အောင်​ ​မောဟိုက်​သည်​အထိ အပြန်​အလှန်​ နမ်းရှုံ့ ​နေကြဆဲပင်​။
ခန္ဓာကိုယ်​တစ်​ပိုင်းက အဝတ်​ဗလာနှင့်​ Jeongguk ရဲ့​ပေါင်​​ပေါ်​တွင်​ထိုင်​ကာ ထိုကဲ့သို့ အပြန်​အလှန်​ အနမ်း​ပေး​နေခြင်းက ယခုကဲ့သို့ သာယာကြည်​နူးစရာ​ကောင်းလိမ့်​မည်​ဟု Taehyung ဘယ်​​တုန်းကမှ မ​တွေးခဲ့ဖူး​ပေ။ ထို့​အပြင်​ လွန်​ခဲ့တဲ့ အချိန်​အနည်းက Jeongguk ​ပေးတဲ့ သာယာမှုကိုလဲ သူဘယ်​​တော့မှ ​မေ့နိုင်​​တော့မည်​မဟုတ်​​ပေ။

" မင်း ခုနက မျှမျှတတ မပြိုင်​ဘူး​နော်​... "

Jeongguk က အနမ်းကို အဆုံးသတ်​၍
Taehyung ရဲ့ခါးကို အသာယာပွတ်​သပ်​​နေရင်း
ပြောလိုက်​သည်​။

" oh တကယ်​ကြီးလား? ဒါ​ပေမယ့်​ မင်းအာရုံလွဲသွားခဲ့တယ်​​လေ... တိုက်​ခိုက်​​နေတဲ့အချိန်
အဲ့လိုဖြစ်​တာက မ​ကောင်းဘူး​နော်​..."

Taehyung က စ ​နောက်​ကျီစယ်​၍ ပြန်
တုံ့ပြန်​သည်​။

" ကိုယ့်​ကို ဘယ်​လိုထိန်းချုပ်​ရမလဲဆိုတာ
မင်း​ကောင်း​ကောင်းသိတယ်​​ပေါ့ ဟမ်​? "

ထိုအခါ Taehyung ကခပ်​လွယ်​လွယ်​ရယ်​၍

" ဖြစ်​နိုင်​တာ....ဘဲ "

ပြီး​နောက်​ သူ Jeongguk ရဲ့နှုတ်​ခမ်းအား
တစ်​ချက်​နမ်းလိုက်​သည်​။

" Daniel တို့ Hoseok နဲ့ Yugyeom တို့က​တော့ ကိုယ့်​ကို မြက်​တာနဲ့ စ ​နေကြ​တော့မှာ "

Jeongguk ကချစ်​စရာ​ကောင်းစွာ နှာတစ်​ချက်​ရှုံ့ ၍​ပြောလိုက်​သည်​။
Taehyung စကား​ပြန်​မ​ပြောခင်​မှာဘဲ
တံခါး​ခေါက်​သံ ကြားတာ​ကြောင့်​ သူတို့နှစ်​ဦးလုံးရဲ့
ခန္ဓာကိုယ်​မှာ ​တောင့်​မတ်​သွားရသည်​။

" Prince Taehyung.... Queen Jihyum က ​Prince Taehyung ကို
တွေ့ဖို့​ရောက်​​နေပါတယ်​... "

အခန်းတံခါး​ရှေ့မှ အသံ​ကြောင့်​ သူတို့နှစ်​ဦးလုံး
ထိတ်​လန့်​သွားရသည်​။ Jeongguk ​ပေါင်​​ပေါ်က​နေ ကမန်းကတန်း ထလိုက်​ပြီး Jeongguk မှာလဲ
အ​ပေါ်ပိုင်း အဝတ်​ဗလာနဲ့မို့ အင်္ကျီတစ်​ထည်​ကို
အသည်းသန်​ရှာ​တော့သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now