Chapter 9 : Betrothed

3.9K 464 21
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ....။

အသက်​ရှင်​​နေထိုင်​ရာဘဝတစ်​​လျှောက်​လုံးတွင်
အ​ကောင်းဆုံး​သော အရာများစွာရှိသည့်​တိုင်
မိမိရဲ့ ပထမဦးဆုံး အနမ်း​က​တော့ မည်​ကဲ့သို့​သော
ကောင်းတဲ့အရာများနှင့်​ နှိုင်းယှဉ်​လို့မရနိုင်​​ချေ။
ထိုအနမ်းက Jeongguk နှင့်​ Taehyung တို့
နှစ်​​ယောက်​လုံးအတွက်​ ပထမဦးဆုံးအနမ်းဖြစ်​သည်​။

သူတို့နှစ်​ဦးရဲ့ အချစ်​စိတ်​​တွေပြင်းထန်​​နေတဲ့
ဦးဦးဖျားဖျားအနမ်း​လေးက အရမ်းကိုလှပတယ်​။
ချိုမြိန်​တယ်​။ အခုဆို သူတို့ကိုယ်​တိုင်​​တောင်
မသိသလို မ​မျှော်​လင့်​ထားတဲ့ ခံစားမှုတစ်​စုံတစ်​ရာ
ထဲကို ​ခြေစုံပစ်​ဝင်​၍ တစ်​​​ယောက်​နှင့်​တစ်​​ယောက်
လက်​မလွှတ်​နိုင်​​တော့အထိ ဖက်​တွယ်​ထားခဲ့ပြီး
နူးညံ့တဲ့နှုတ်​ခမ်း​သား​တွေကလဲ ရန်​ခုန်​သံ​တွေနှင့်
အတူကခုန်​​နေ​တော့သည်​။

Jeongguk မှာစည်း​ဘောင်​​တွေကို မ​ကျော်​မိ​စေရန်​ သတိပြု၍ သူ့နှုတ်​ခမ်း​တွေကို ဖြည်းညှင်းစွာ
စတင်​လှုပ်​ရှားသည်​။
နောက်​တွင်​ Taehyung က သူကိုယ်​တိုင်
ထိုအနမ်းထဲ စိတ်​ချလက်​ချ ​ပျော်​ဝင်​ခဲ့တာမို့
Jeongguk မှာ စိတ်​ကို​ဖြေ​လျှော့ကာ
Taehyung နှင့်​အတူ လိုက်​ပါနမ်းရှုံ့ မိသည်​။
အ​လောတကြီးလှုပ်​ရှားနမ်းရှုံ့ ​နေတာမျိုးမဟုတ်​​ပေမယ့်​ ရမက်​ ဆန္ဒ အချစ်​​စိတ်​​တွေပြင်းပြ​​စေတာမို့
ထိုအနမ်းက သူတို့နှစ်​ဦးလုံးကို အငမ်းမရ
မက်​​မော​တောင်းတမှုမျိုးကိုဖြစ်​​စေသည်​။

Taehyung ရဲ့ ​သေးသွယ်​တဲ့ ခန္ဓာကိုယ်​​လေးကို
သူပိုပြီး ဖက်​တွယ်​ထားချင်​တာ​ကြောင့်​ သူ မ ချီလိုက်​သည်​နှင့်​ ​ပေါ့ပါးတဲ့ ခန္ဓာကိုယ်​​လေးက အလိုက်​သင့်
သူ့လက်​ထဲတွင်​ပါလာပြီး Taehyung ရဲ့
ခြေ​ထောက်​​တွေက ကြမ်းပြင်​မှခွာ၍ ​​လေ​ထဲတွင်
တွဲလွဲ​လေးဖြစ်​​နေသည်​။
သူ Taehyung ရဲ့​အောက်​နှုတ်​ခမ်းသားကို
စုပ်​ယူ​တော့ Tahyung မှာ သူ့ကုပ်​ပိုးမှ
ဆံနွယ်​တို့ကို ဆုတ်​ကိုင်​ကာ အနမ်း​တွေကြားထဲမှာ
ညည်းသံပြုလုပ်​​လေသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now