Chaptet 25 : Humble

2.7K 296 48
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ.....။

အလွန်​အကျွံ စိတ်​အားတက်​ကြွလာမှု​ကြောင့်​ Taehyung တစ်​​ယောက်​ သတိလစ်​သွား​တော့မလိုပင်​။ ထိုအချိန်​မှာ အတိုင်းအဆမရှိတဲ့ သာယာ​ပျော်​ရွှင်​မှုကိုသာ သူခံစား​နေရသည်​။ သူ့ခန္ဓာကိုယ်​တစ်​ခုလုံး နုံးချိ​နေပြီး လည်​ပင်းမှ နာကျင်​မှုကိုခံစား​နေရ​ပေမယ့်​လဲ ထိုနာကျင်​မှုက သူယခုခံစားသိရှိ​နေတဲ့ သာယာမှုနှင့်​ ယှဉ်​လျှင်​ ​တောင်​​ခြေ​အောက်​မှ ပုရွက်​ဆိတ်​သာသာ ဖြစ်​သည်​။

သူပြီး​မြောက်​သည်​မှာ သုံးကြိမ်​ရှိပြီဖြစ်​သည်​။ heat ​ကြောင့်​ဖြစ်​တဲ့နာကျင်​မှုတစ်​စုံတစ်​ရာကို သူမခံစားရ​တော့​ပေမယ့်​ လည်​ပင်းမှ mark က​တော့ စိတ်​ရှုပ်​စရာ​ကောင်း​လောက်​​အောင်​ နာကျင်​ကိုက်​ခဲ​နေဆဲဖြစ်​သည်​။ သူ့မျက်​လုံးတို့​မှေးစင်းကာ ပင်​ပန်း​နေ​ပေမယ့်​လဲ အိပ်​မ​ပျော်​သွား​အောင်​ သူကြိုးစား​နေသည်​။ သူတကယ်​ကို ပင်​ပန်း​နေပြီဖြစ်​သည်​။ သူ့တစ်​ကိုယ်​လုံးလဲ ​ချွေးနှင့်​အရည်​ကြည်​တို့ ​ရောယှက်​ကာ ​ပေပွ​နေသည်​။

Taehyung ထံတွင်​ heat ​ကြောင့်​ဖြစ်​တဲ့နာကျင်​မှု​တွေ မရှိ​တော့ဘူးဆိုတာ ​​သေချာပြီးဆိုမှ ဒီနာကျင်​မှုက မနက်​ဖြန်​​ထိ​လောက်​​တော့ မခံစားရ​လောက်​​တော့ဘူးဆိုတာ​သေချာသွားပြီဆိုမှ Jeongguk က Taehyung အား နူးညံ့စွာတစ်​ချက်​နမ်း၍ အိပ်​ယာမှ ထလိုက်​​သည်​။

သူ အံ့အားလဲသင့်​သွားသလို စိတ်​လဲရှုပ်​​ထွေးသွားခဲ့သည်​။ Jeongguk ​တွေးခဲ့တာက သူသာ Taehyung ကိုထိ​တွေ့ခဲ့ရင်​ Taehyung နာကျင်​လိမ့်​​ပေါ့.....။ သို့​ပေမယ့်​ သူ​တွေးထင်​သလိုမဟုတ်​ခဲ့​ပေ။ ဒါ​ပေမယ့်​ အမှန်​တရားက သူ့ကိုထိုးနှက်​လိုက်​ပြီဖြစ်​သည်​။

Taehyung က တခြားသူတစ်​​ယောက်​ရဲ့ mark ​ပေးခြင်းကို ခံထားရတာ။

Mark က ​နောက်​တစ်​​ခေါက်​ထပ်​ပြီး နာကျင်​လာဦးမှာဘဲ။

သူနာကျင်​ရလိမ့်​မယ်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now