Chapter 15 : Blamed

3.4K 404 48
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ.....။

Taehyung ရဲ့မျက်​နှာ​ပေါ်တွင်​ စက္ကန့်​ပိုင်းအတွင်း ဖြစ်​​ပေါ်​ပြောင်းလဲ​နေတဲ့ စိတ်​ခံစားချက်​အားလုံးကို
သူမြတ်​နိုးသည်​။
စိတ်​ရှုပ်​​နေရာမှ ​ပျော်​ရွှင်​လာပြီး​နောက်​ စိတ်​ဆိုး​ဒေါသ ဖြစ်​ချင်​လဲဖြစ်​လာမယ်​ ထိုမှတစ်​ဆင့်​ စတင်​ ပြုံးလာမယ်​....။

ပြောရမည်​ဆိုလျှင်​ ရှက်​တတ်​တဲ့ Taehyung ကို သူသိပ်​​တော့သ​ဘောမကျ​ချေ။ သူတို့နှစ်​ဦးနမ်းပြီးတိုင်း ​နောက်​​နေ့​တွေဆို Taehyung က Jeongguk ကိုသာ စိုက်​ကြည့်​​နေတတ်​ပြီး
သူ ကြည့်​​နေသည်​ကို Jeongguk မိသွားတဲ့အခါမျိုးဆို ပါးမို့မို့​လေး​တွေရဲတက်​လာကာ ရှက်​​သွေးဖြာသွားတတ်​သည်​။

သူတို့နှစ်​ဦလုံး dinner စားကြပြီး​နောက်
အိပ်​​ဆောင်​ဆီသို့ အတူတူပြန်​လာကြစဉ်​တွင်
Jeongguk က Taehyung လက်​အား
ကိုင်​ရန်​ကြိုးစားပါ​သော်​လည်း Taehyung မှာ
မျက်​နှာတို့နီရဲလာလျက်​ ခပ်​လွင်​လွင်​ရယ်​​မောကာ
သူ့အိပ်​​ဆောင်​ခန်းထဲသို့ ​ပြေးဝင်​သွား​တော့သည်​။

Taehyung ရဲ့ အပြုမူ​တွေကို သ​ဘောကျစွာပြုံးရင်း Taehyung အခန်းဆီသို့ သူ​လျှောက်​သွားလိုက်​သည်​။ သူတံခါး​ခေါက်​လိုက်​​ပေမယ့်​ အထဲမှ
ဘာတုန့်​ပြန်​မှုမှမရခဲ့။ သူ​နောက်​ထပ်​တစ်​ဖန်​ တံခါးထပ်​​ခေါက်​​တော့ အထဲမှ Omega ရဲ့ နားဝင်​ချိုလှတဲ့ ရယ်​သံ​လေးအား ကြားလိုက်​ရသည်​။

" ​အခန်းထဲကို ဝင်​ခွင့်​ပြုမလား your highness ? "

" ခွင့်​မပြုဘူးလို့ ​ပြောရင်​​ရော ? "

" အဲ့လိုဆိုရင်ေ​တာ့ ထွက်​သွားမှာ​ပေါ့ "

" ဟင့်​အင်း မသွားပါနဲ့... "

Jeongguk သ​ဘောကျစွာပြုံးလိုက်​မိသည်​။

" okay....ဒါဆို အခုဝင်​ခွင့်​ပြုပြီလား ? "

" ဝင်​လာလို့ရပါတယ်​ prince Jeongguk "

အထဲမှပြန်​လည်​ တုံ့ပြန်​သံကြားသည်​နှင့်​ Jeongguk တံခါးကိုဖွင့်​လိုက်​သည်​။
တံခါးဖွင့်​ပြီးသည်​နှင့်​မြင်​လိုက်​ရသည်​မှာ
Taehyung က အိပ်​ယာအလယ်​တွင်​ထိုင်​​နေခဲ့ပြီး
အခန်းထဲဝင်​လာတဲ့ သူ့ကို​တွေ့သည်​နှင့်​ မတ်​တပ်​ထရပ်​​လေသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now