Chapter 35 : Believe

2.8K 313 43
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆို ကိုယ့်​ရဲ့အမှားသာ......။

" Yujin ကို တစ်​​ယောက်​​ယောက်​နဲ့ လက်​ထပ်​​ပေးဖို့
စီစဉ်​​နေတယ်​လို့ ကြားတယ်​ "

သူတို့အားလုံး ညစာ စားပွဲဝိုင်း​တွေရှိ​နေကြပြီး
Jeongguk ရဲ့​မေးခွန်းက Soojin ကို ​မေး​နေတာမှန်း သိသာလှပါသည်​။
အားလုံးရဲ့ အာရုံ​တွေကို Jeongguk ဆီသို့ ချက်​ချင်း​ရောက်​လာသည်​။

" ဟုတ်​ပါတယ်​ အရှင်​..... အခုချိန်​လက်​ထပ်​တာက
သူ့အတွက်​ ပို​ကောင်းလို့ပါ "

Soojin ကပြန်​​ဖြေသည်​။
Yujin မှာလဲ မျက်​ရည်​တို့ရစ်​ဝဲလာသည်​။

" ဘယ်​သူ့နဲ့လဲ "

Jeongguk က​မေးသည်​။
Taehyung ကိုယ်​တိုင်​လဲ အနည်းငယ်​စိတ်​အလိုမကျ ဖြစ်​ကာ မျက်​​မှောင်​ကြုပ်​လိုက်​မိသည်​။
ဘာလို့ Jeongguk က ဒီကိစ္စကိုစိတ်​ဝင်​စား​နေရတာလဲ?

" ဒီ​ချောင်းငယ်​​လေး အလွန်​က ကုန်​သည်​တစ်​​ယောက်​နဲ့ပါ "

Soojin က ပြန်​​ဖြေသည်​။
စားပွဲဝိုင်းမှာရှိ​နေတဲ့သူ​တွေကလဲ Jeongguk က
တစ်​ခုခုကို ​သေချာ​ပေါက်​သိထားပြီး ဒီတိုင်းလွှတ်​ထားလို့မရတဲ့ ကိစ္စမှန်းသိတာ​ကြောင့်​ငြိမ်​​နေကြသည်​။

" Yujin က​ရော ဒါကို ​ကျေနပ်​ရဲ့လား "

Jeongguk ရဲ့​မေးခွန်းအဆုံးမှာ Taehyung မျက်​ဝန်း​တွေ ပြူးကျယ်​လာပြီး Jeongguk ကိုသာ စိုက်​ကြည့်​​နေမိသည်​။ သူ ဗိုက်​လဲမဆာ​တော့သလို ဆက်​လဲမချင်​​တော့ပါ။
Jeongguk ကိုယ်​တိုင်​ကလဲ Taehyung ဘာ​ကြောင့်​ ဒီလိုကြည့်​​တယ်​ဆိုတာကို ​ကောင်း​ကောင်း နားလည်​သ​ဘော​ပေါက်​ပါသည်​။ ဒါ​ပေမယ့်​ အခုချိန်​ခဏ​တော့ Taehyung အပါဝင်​ အားလုံးကို လျစ်​လျူရှု ထားဖို့သာ သူဆုံးဖြတ်​လိုက်​သည်​။

" သူ ​ကျေနပ်​မှာပါ...။ ဘာလို့မ​ကျေနပ်​ရမှာလဲ
ဟုတ်​တယ်​မလား သမီး​လေး "

သူမကို​တောင်​ ပြန်​မကြည့်​ရဲတဲ့ Yujin ကို Soojin ပြုံးကာ ​မေးလိုက်​သည်​။

" Taeyong? ဒီလက်​ထပ်​မဲ့ကိစ္စကို မင်း​ရော
သ​ဘောတူလား "

Jeonnguk က Taeyong ကို​မေးလိုက်​သည်​။
ထိုအခါ Taeyong ကလဲ Jeongguk ကိုကြည့်​၍
ရှင်းလင်းစွာပင်​ ပြန်​​ဖြေသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now