Chapter 20 : Bond

3.4K 368 23
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်​...
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ။

Taehyung မှာ တစ်​စုံတစ်​ရာပြစ်​မှုကျူးလွန်​ထားခြင်းမရှိပါဘဲ ညီလာခံ ခန်းမရဲ့အလယ်​တွင်​ ရပ်​​နေရသည်​။ ​ဝန်​ကြီးချုပ်​၊ အမတ်​၊ ဝန်​မင်း၊ စစ်​​ကောင်​စီမှ ​ပြော​ရေးဆိုခွင့်​ရှိသူများ​တို့လဲအတူရှိ​နေကြသည်​။
တကယ်​ဆို သူက မတရားလုပ်​ကြံခံခဲ့ရသူ....။
သို့​ပေမယ့်​ ယခုလက်​ရှိအ​နေထားမှာ သူက ရာဇဝတ်​​ကောင်​အလား စစ်​​ဆေး​မေးမြန်းခြင်းခံယူ​နေရသလိုပင်​။

ဒါ​ပေမယ့်​ သူယုံကြည်​မှုအပြည့်​ရှိသည်​။ အနည်းငယ်​ စိုးရိမ်​စိတ်​ဖြစ်​​ပေါ်တတ်​တာက​တော့ ပုံမှန်​ဖြစ်​ပြီး
Jeongguk သာမက သူ့ရဲ့မိခင်​ဖြစ်​သူနှင့်​ အစ်​ကိုဖြစ်​သူများကပါ သူနဲ့အတူရှိ​နေတာ​ကြောင့်​ ယုံကြည်​မှုက​တော့ တစ်​ကိုယ်​လုံးကိုဖုံးလွှမ်း​နေခဲ့ကာ သူ့ဆီကို ထိုးနှက်​လာမည့်​ မည်​သည့်​​မေးခွန်းကိုမဆို ရင်​ဆိုင်​ဖို့ အဆင်​သင့်​ဖြစ်​​နေခဲ့သည်​။

ဒီလိုနဲ့ သူ စတင်​၍ဖြစ်​​ကြောင်းအကုန်​​​ပြောပြသည်​။
ထို​နေ့ညက ​လေ​ကောင်း​လေသန့်​ရှူချင်​၍ ​လေသာ​ဆောင်​သို့သွားခဲ့ပြီး​နောက်​ လုပ်​ကြံခြင်းခံခဲ့ရသည်​။
ပြီး​နောက်​ တိုက်​ခိုက်​သူ့ရဲ့ ပုံစံအား သူမှတ်​မိသ​လောက်​ ​ပြောပြသည်​။ တိုက်​ခိုက်​သူမှာ ဆံပင်​ကို အ​နောက်​တွင်​ စုစည်းကာ ချည်​​နှောင်​ထားပြီး မျက်​နှာကို​တော့ ဖုံးအုပ်​ထားကာ သူ့ထက်​ကိုအရပ်​ရှည်​သည်​။

ပြောရင်းဖြင့်​ ထို​နေ့ညက အဖြစ်​ပျက်​များက သူ့အတွက်​​တော့ ယခု​ထိ အသစ်​စက်​စက်​ ဖြစ်​​နေကာ ​ကြောက်​လန့်​​စေ​သေးတာ​ကြောင့်​ အသက်​ကိုပြင်းပြင်းရှူကာ ကိုယ့်​စိတ်​ကိုယ်​ ငြိမ်​​အောင်​လုပ်​လိုက်​သည်​။
Jeongguk မှာလဲ Taehyung တစ်​ခုခုဖြစ်​ခဲ့ပါက အနားသို့အ​ပြေးသွားဖို့ အမြဲအဆင်​သင့်​ဖြစ်​​နေ​ပေမယ့်​ ဒီအရာကို Taehyung ​ကျော်​လွှားနိုင်​မည်​ဟု သူအပြည့်​အဝ ယုံကြည်​ထားသည်​။

" ဒါ​ကြောင့်​ ဒီလက်​ထပ်​ပွဲကို ​ရှေ့ဆက်​ဖို့မဖြစ်​နိုင်​တာ "

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now