Chapter 3 : Stain
4.6K 537 11
တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ....။
ဘာလို့ Jin hyung က လာ​မ​တွေ့တာလဲဆိုတာ
စဉ်းစားမရဖြစ်​​နေသည်​။
Jin hyung တင်​မက Namjoon hyung ပါလာမ​တွေ့ဘူး....။
တကယ်​ဆို သူတို့နန်း​တော်​မှာဘဲရှိ​နေတယ်​ဆိုရင်
ကျွန်​​တော်​​ရောက်​​နေတာကို မသိနိုင်​စရာအ​ကြောင်း မရှိဘူး​လေ....။ ဒါ​ပေမယ့်​ ဘာလို့ တစ်​​ယောက်​မှ လာမ​တွေ့ရတာလဲ.....။
Jin hyung ဘယ်​​ရောက်​​နေလို့လဲ.....။
ခရီးပန်းလာတာ​ကြောင့်​ ​ထွေ​ထွေထူးထူးဘာမှ
သိပ်​မ​တွေး​နေ​တော့ဘဲ ဝတ်​ထားတဲ့ ချည်​ကတ္တီပါ Coat အင်္ကျီကိုချွတ်​ကာ နူးညံ့​ပျော့​ပြောင်းတဲ့ အိပ်​ယာ​ပေါ် လှဲချကာ အနားယူ​တော့သည်​။
===========================
" သူ့ပုံစံက မင်းကိုမုန်းတဲ့ပုံစံမ​ပေါ်ဘူး "
Hoseok အ​ပြော​ကြောင့်​ Jeongguk က
" သူကျွန်​​တော့်​ကိုမုန်း​နေတယ်​လို့ ကျွန်​​တော်​မ​ပြော
  မိပါဘူး....။ သူ ဒီတိုင်း ကျွန်​​တော့်​ကို အထင်​​သေး
" အင်း အဲ့ဒါကအဆိုးဆုံးဘဲ "
" သူမိဘ​တွေနဲ့ ကျွန်​​တော့်​ကို သူဘယ်​လိုကြည့်​လဲ
  ဆိုတာ Hyung နားလည်​မှာမဟုတ်​ဘူး.....။
  ကျွန်​​တော်​တို့က သူ့ကို သစ္စာ​ဖောက်​လိုက်​သလိုမျိုး
  ပြီး​တော့ ကျွန်​​တော့်​ကိုကြည့်​တဲ့ သူ့ရဲ့အကြည့်​​တွေ
  ကျွန်​​တော်​အပြစ်​ရှိသလိုခံစားရတယ်​ hyung..."
" ဘာအတွက်​အပြစ်​ရှိသလို ခံစားရတာလဲ..."
" လက်​ထပ်​ပွဲကိုငြင်းဖို့ သူကျွန်​​တော့်​ကို​တောင်းဆို
  ခဲ့တယ်​....။ ဒါ​ပေမယ့်​ ကျွန်​​တော်​မငြင်းခဲ့ဘူး..။
  မငြင်းနိုင်​ခဲ့ဘူး။ သူ ဒါကို အခုထိ သူ့နှလုံးသားထဲ
  မှာ အခဲမ​ကျေဖြစ်​​နေပုံဘဲ.... "
Jeongguk အ​ပြော​ကြောင့်​ Hoseok က
ခေါင်းခါ၍
" မဆိုင်​ဘူး Jeongguk... အဲ့လိုမ​တွေးပါနဲ့
  သူ့ကိုအချိန်​​​ပေးလိုက်​ပါ...။ ဒီ​နေရာနဲ့ အရင်​ဆုံး
  ကျင့်​သားရ​အောင်​ အချိန်​​ပေးလိုက်​ပါဦး
  ပြီး​တော့ Prince Soekjin လဲ ဒီမှာရှိ​နေမှာ
  ဆို​တော့ သူ့တွက်​အခက်​ခဲသိပ်​မရှိ​လောက်​ဘူး...
  Hyung ​ပြောတာကို ယုံပါ..."
𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now