Chapter 7 : Doleful

3.7K 486 9
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ......

Taehyung ရဲ့စိတ်​ကို ဖုံးလွှမ်း​နေတဲ့
ထို​ကြောက်​ရွံ့ ဖွယ်​ရာ စိတ်​ခံစားချက်​​ကြောင့်
ကောင်း​ကောင်းအနားမယူနိုင်​​ချေ။
Seokjin hyung က​တော့ ​ဖေ​ဖေတို့
အဆင်​​ပြေတယ်​ဆိုတာကို အခိုင်​မာ​ပြောန​ပေမယ့်
ဘာ​တွေဖြစ်​မလဲဆိုတာကို သူမသိတာ​ကြောင့်
ထိုစကားကို သူနားမဝင်​ဘဲရှိသည်​။
Taehyung ၏ ​တောင်းဆိုမှု​ကြောင့်
Seokjin က သူ့အနား​တွင်​ အ​ဖော်​​နေ​ပေး​နေရသည်​။

Taehyung မှာညဘက်​​တွေ အိပ်​မ​ပျော်​နိုင်​ဘဲ
ဘာ​ကြောင့်​ရယ်​မသိ သူ့၏ ဖခင်​ဖြစ်​သူကိုသာ
လွမ်းဆွတ်​တမ်းတ​နေသည်​။
သူ့​ဖခင်​နဲ့ပတ်​သက်​တဲ့ အိပ်​မက်​ဆိုးကို
သူမက်​ပြီး ကတည်းက ​အေးချမ်းစွာ သူမ​နေနိုင်​ဖြစ်​သည်​။

အားလုံးအဆင်​​ပြေသွားမှာပါ။ စိတ်​မပူပါနဲ့....

သူ့ကိုသူ​ဖြေသိမ့်​​နေ​ပေမယ့်​လဲ ထိုစိုးရိမ်​စိတ်​​တွေက
သူ့အ​တွေးထဲက မ​ပျောက်​သွား​ချေ။

===========================

နှစ်​ရက်​ကြာပြီး​နောက်​.....

Namjoon Jeongguk နှင့်​ Hoseok တို့
သုံး​ယောက်​ King ၏ အိပ်​​ဆောင်​ခန်းတွင်ရပ်​​နေကြပြီး King ၏ လက်​တစ်​ဖက်​တွင်​ ​တော်​ဝင်
ကြေးနန်းစာကိုကိုင်​ထားသည်​။

" အ​ဖေ...အားလုံးအဆင်​​ပြေတယ်​မဟုတ်​လား "

ဖခင်​ဖြစ်​သူ၏ ဝမ်းနည်းမှုနဲ့ စိတ်​​ကြောင့်​ကြမှု
အမူရာကိုရိပ်​မိ၍ Namjoon က​မေးလိုက်​သည်​။

" မ​ပြေဘူး သား
  အဆင်​မ​ပြေဘူး "

King ရဲ့အ​ပြော​ကြောင့်​ သုံး​ယောက်​လုံး
မျက်​​မှောင်​ကြုတ်​၍....။
King က စာကို Namjoon ကိုကမ်း​ပေး၍
Namjoon က အားလုံးကြား​စေရန်​ အသံထွက်
ဖတ်​ပြသည်​။

King Sehyun ​သေဆုံးတဲ့ သတင်း သူတို့
နားထဲကြားရသည်​နှင့်​ အားလုံး အံ့သြကာ
မယုံနိုင်​စွာဖြစ်​​နေကြသည်​။

" ဘယ်​လို....ဘယ်​လိုဖြစ်​သွားရတာလဲ? "

Namjoon က​မေးလိုက်​သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now