Chapter 36 : Innocence

2.5K 268 24
                                    

Zawgyi font

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ.....။

Taehyung တစ်​​ယောက်​ သူ့ကိုယ်​သူ တခြားသူအတွက်​ တာဝန်​ ဝန်​ထုတ်​တစ်​ခုလို ​တွေး​နေခဲ့စဉ်​က အဖြစ်​ပျက်​များစွာရှိခဲ့သည်
Omega ဖြစ်​​နေတဲ့အတွက်​​ကြောင့်​ Alpha ​တွေရဲ့ အာရုံစိုက်​ခြင်းကိုခံခဲ့ရစဉ်​ကလဲ Taehyung ၏ အ​ဖေဖြစ်​သူက သူ့အား စိုးရိမ်​ပူပန်​ခဲ့ရသည်​ကို​လဲ သူ​တွေးခဲ့ဖူးသည်​။ သူ့အ​မေဖြစ်​သူကလဲ အ​ဖေဖြစ်​သူကဲ့သို့ပင်​ စိတ်​ပူခဲ့မယ်​ဆိုတာကိုလဲ သူ​တွေးခဲ့ဖူးသည်​။

သူ့ရဲ့ heat ကာလတုန်းကလဲ ထိုအ​တွေးမျိုး ​တွေးခဲ့ဖူးသည်​။ ပြီး​တော့ သူ့​ခြေ​ထောက်​​တွေ ယိုင်​နဲ့​ကာ ​ပျော့​ခွေကျ​တော့မဲ့အချိန်​မျိုးမှာလဲ ထိုအ​တွေးမျိုးဝင်​တတ်​သည်​။

အားလုံးကို ပြသနာဖြစ်​​စေခဲ့တဲ့သူလို့ သူ့ကိုယ်​သူ​တွေးခဲ့ဖူးသည်​။ သူ့ရဲ့အ​ဖေ၊ သူ့ရဲ့အ​မေ၊ Jaehwan၊ Jeongguk၊ Yoongi နဲ့ Woojin တို့အပါဝင်​ တခြား​သော Alpha ​တွေရဲ့ Alpha tone နဲ့တင်​ သူ့အတွက်​ ​ပျော့​ခွေယိုင်​လဲ​​​လောက်​သည်​အထိ ​သူက ​ပျော့ညံ့သည်​။ ဒီအ​ခြေ​နေမှာ အားနည်း​နေသူက သူကိုယ်​တိုင်​ဖြစ်​​နေတာ​ကြောင့်​ Alpha ​တွေကို အပြစ်​သွားတင်​လို့လဲမရ​ပေ။

သူ​တွေးခဲ့ဖူးသည်​။ ဟုတ်​သည်​။ သူ​တွေးခဲ့ဖူးသည်​။
အခု​တော့ Jeongguk ရဲ့မျက်​ဝန်းဆီမှအချစ်​များက ညတိုင်း သူ့အတွက်​ Jeongguk က လသာ​စေ​နေသလို.....။ Jeongguk အ​တွေး​တွေကသာ သူ့အတွက်​ အ​ရေးပါသည်​။ ကျန်​​တာ​တွေ သူဂရုမစိုက်​​ပေ။

သူ့ဘက်​က Jeongguk ကို ဖျက်​ကနဲလှမ်းကြည့်​ရုံဆိုရင်​​တောင်​ Jeongguk က သူ့ကို အမြဲကြည့်​​နေပြီးသားပြီ​နေပြီး ထိုသို့ကြည့်​​နေတိုင်းလဲ သူ့ကိုယ်​သူ အရမ်းတန်​ဖိုးရှိတဲ့သူ ထူးခြားတဲ့သူတစ်​​ယောက်​လို ခံစားရသည်​။ နက်​နဲလှတဲ့ Jeongguk ရဲ့အကြည့်​​တွေထဲမှာ သူအမြဲလိုလို ​ပျော်​ဝင်​​နေမိသည်​။ ထိုမျက်​ဝန်းညိုနက်​နက်​​လေး​တွေက သူ့ရဲ့ အိမ်​ လိုဖြစ်​လာသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now