Chapter 28 : Euphoric

2.9K 290 56
                                    

Zawgyi Font

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှား.....။

Haethon ဟာ ​နောက်​ထပ်​ ခွန်​အားကြီးနိုင်​ငံတစ်​ခုကို သိမ်းပိုက်​နိုင်​ခဲ့ပြီဖြစ်​သည်​။ Eriden ဟာ Haethon ​လောက်​​တော့ ခွန်​အားမကြီး​ပေမဲ့ ခွန်းအားကြီးတိုင်းပြည်​​တွေထဲတွင်​​တော့ တစ်​ခုအပါဝင်​ဖြစ်​သည်​။ ​တော်​ရုံတန်​ရုံ​တောင်​မဟုတ်​တဲ့ တိုင်းပြည်​အချို့က​တောင်​ ရှိန်​ရတဲ့ Eriden တိုင်းပြည်​ကြီးဟာ ယခု​တော့ Haethon ရဲ့လက်​​အောက်​ခံဘဝသို့ ​ရောက်​ခဲ့ပြီိဖြစ်​သည်​။

Jeongguk နှင့်​တခြားသူများမှာ Haethon တို့ချက်​ချင်းပြန်​လို့မရ​သေး​ပေ။ Eriden မှာရက်​အနည်းငယ်​​တော့​နေရဦးမည်​ဖြစ်​သည်​။ ဖမ်းဆီရမိထားတဲ့ သုံ့ပန်း​တွေနဲ့ တိုင်းပြည်​ထဲမှာကျန်​ရှိ​နေတဲ့ ပြည်​သူပြည်​သား​တွေကို ဘယ်​လိုကိုင်​တွယ်​ပြီး အုပ်​ချုပ်​မှုစည်းမျဉ်းစည်းကမ်း​တွေအသစ်​နဲ့ပတ်​သက်​ပြီး ဆုံးဖြတ်​တိုင်​ပင်​​စရာ​တွေ ရှိ​သေးတာ​ကြောင့်ဖြစ်​သည်​။ Eriden ကို Haethon က ဆက်​လက်​ပြီး အုပ်​ချုပ်​မယ်​ဆိုတဲ့ အ​ကြောင်းကိုလဲ တရားဝင်​ဖြစ်​​အောင်​လုပ်​​ဆောင်​ရဦးမည်​ဖြစ်​သည်​။

ဒါ​ပေမယ့်​ Jeongguk က​တော့ Haethon သို့ ပြန်​ချင်​​နေပြီဖြစ်​သည်​။ သူ့ရဲ့ omega ဆီ သူသိပ်​ချစ်​ရတဲ့ Taehyung ဆီကို ပြန်​ချင်​​နေပြီဖြစ်​သည်​။ Taehyung ကို သူအရမ်း​တွေ့ချင်​​နေမိသည်​။ Woojin ကို သူသတ်​ပြီးတဲ့အချိန်​မှာ သူ့ခန္ဓာကိုယ်​အတွင်းပိုင်းမှာခံစားရတဲ့ ​ဝေဒနာ​တွေလဲ လုံးဝ​ပျောက်​ကွယ်​သွားရသည်​။ အပြင်​က ဒဏ်​ရာဒဏ်​ချက်​​တွေကရှိ​ပေမယ့်​ Taehyung က အခုဆိုလွတ်​လပ်​ပြီး သူကလွဲပြီး ဘယ်​သူ့နဲ့မှ သက်​ဆိုင်​​တော့မှာမဟုတ်​ဘူးဆိုတဲ့အ​တွေးက ထိုဒဏ်​ရာ​တွေကို ​မေ့​ပျောက်​သွား​စေသည်​။

🌵🌵🌵🌵🌵🌵🌵🌵🌵🌵

Mark ကလဲ​ပျောက်​သွားပြီး​တော့ Taehyung နှင့်​ Woojin ရဲ့ bond ကလဲ ကျိုးပျက်​သွားပြီဖြစ်​သည်​။
မကြာခင်​ကခံစားခဲ့ရတဲ့ နာကျင်​မှု​ဝေဒနာ​ကြောင့်​ Taehyung သတိလစ်​​မေ့​မြောသွားခဲ့ပြီး သူသတိပြန်​ကလာတဲ့အချိန်​​တွေ တစ်​ဖန်​ထပ်​ပြီး ပြန်​လည်​​မွေးဖွားလာသလိုပင်​ခံစားရသည်​။ နာကျင်​မှု၊ ချုပ်​​နှောင်​ထားမှု ဘာဆိုဘာမှမရှိ​တော့လဲ လွတ်​လပ်​​ပေါ့ပါး​နေခဲ့သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now