Chapter 38: Ignite

1.7K 240 27
                                    

Zawgyi

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ မိမိ၏ အမှားသာ....

ဒီ Chapter က တိုတို​လေးဘဲ။
အထူးသဖြင့်​ Hoseok နဲ့ Yujin တို့ရဲ့အ​ကြောင်း​တွေပိုများပါလိမ့်​မယ်​။

" ဒီနည်းလမ်းကလွဲပြီး​ရွေးချယ်​စရာမရှိခဲ့ဘူး။
ဒီလိုလုပ်​တာကဘဲ မင်းကိုကယ်​နိုင်​မှာမို့လို့..."

Hoseok က Yujin ကို သူ mark ​ပေးခဲ့တဲ့အ​ကြောင်းနဲ့ပတ်​သက်​ပြီးရှင်းပြ​လေသည်​။

Yujin သတိပြန်​လည်​လာတာနဲ့ သူမစပြီး သတိပြုမိသည်​မှာ ဆက်​နွယ်​​နေမှုတစ်​ခုကိုဖြစ်​သည်​။ သူမက တစ်​စုံတစ်​​ယောက်​ရဲ့ mate ဖြစ်​​နေတယ်​ဆိုတာကို သိရတဲ့အချိန်​မှာ ထိတ်​လန့်​သွားရသည်​။ Hoseok က ထိတ်​လန့်​ကာငို​ကြွေး​နေတဲ့သူမအနားတွင်​ရှိ​နေပြီး ဖြစ်​ခဲ့သမျှ အ​ကြောင်းအရာတို့ကို ​ပြောပြ​နေခဲ့သည်​။

" မင်းတခြားတစ်​​ယောက်​ကိုချစ်​​နေတာဆိုတာကို သိပါတယ်​။ ဒါ​ပေမယ့်​ ကိုယ့်​ကိုယုံကြည်​​ပေးပါ
တခြားနည်းလမ်းမရှိခဲ့ဘူး။ ဒီလိုလုပ်​မှဖြစ်​မှာမို့လို့ပါ"

Hoseok သူမကို​သေချာရှင်းပြ​နေသည်​။
Yujin က​တော့ မျက်​ရည်​များပါးပြင်​​ပေါ်တွင်​ တလိမ့်​လိမ့်​စီးဆင်း​နေပြီး ပြတင်း​ပေါက်​ဆီသို့သာ ​ငေးစိုက်​ကြည့်​ရင်း ငြိမ်​သက်​​နေခဲ့သည်​။

" ကိုယ်​​တောင်းပန်​ပါတယ်​ Yujin
မင်းကို နာကျင်​​စေဖို့မရည်​ရွယ်​ခဲ့ပါဘူး "

Yujin သူ့ကို မကြည့်​​သေး​ပေ။
ငို​​နေတဲ့ မိန်းမငယ်​​လေးကို တစ်​ချက်​​စောင်းငဲ့ကြည့်​ပြီး​နောက်​ Hoseok အခန်းထဲမှထွက်​သွား​တော့သည်​။

ထိုအခါမှ Yujin တစ်​​ယောက်​ ကျယ်​​လောင်​စွာ​အော်​ဟစ်​​ငို​ကြွေး​တော့သည်​။ သူမချစ်​ရတဲ့သူနဲ့ သာယာတဲ့ဘဝ​လေးတစ်​ခုကို အတူတူဖြတ်​သန်းဖို့ဆိုတာ သူမ အမြဲစိတ်​ကူးယဉ်​ခဲ့ရတဲ့ အိပ်​မက်​​လေးတစ်​ခုဖြစ်​သည်​။ ဒါ​ပေမယ့်​ ယခု အဲ့ဒီလူက ​သေဆုံးသွားခဲ့ပြီဖြစ်​သည်​။ အခု သူ​မ​တွေ့ရှိခဲ့တဲ့သူကလဲ သူမကိုချစ်​တတ်​လာ​အောင်​ ပြုလုပ်​ခဲ့ပြီး အခန်းထဲကထွက်​သွားတာ​ကြောင့်​ သူမကိုယ်​သူမလဲ စိတ်​ဆိုး​ဒေါသဖြစ်​မိသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)حيث تعيش القصص. اكتشف الآن