Chapter 12 : Snitch

3.2K 406 10
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ......။

" Jeongguk..."

Taehyung မှာ အိပ်​မက်​ဆိုးမှ ​နောက်​ထပ်​တစ်​ဖန်​ လန့်​နိုးလာပြန်​သည်​။ ​ချွေး​တွေလဲ စိုရွှဲ​နေကာ အသက်​ရှူနှုန်း​တွေလဲ မြန်​​နေပြီး သူဘယ်​​ရောက်​လို့
ရောက်​​နေမှန်း​တောင်​သူမသိ​ချေ။

အိပ်​ယာ​ပေါ်တွင်​ထိုင်​ကာ အချိန်​ဖြုန်းမ​နေ​တော့ဘဲ
တုန်​ယင်​​နေတဲ့​ခြေ​ထောက်​ကို အားပြုကာ တံခါးဆီသို့​ပြေးသွားမိသည်​။ Jeongguk အဆင်​​ပြေတယ်​ဆိုတာကို သူ့မျက်​စိနဲ့ကိုယ်​တိုင်​ သူမြင်​ချင်​သည်​။
သူရဲ့ညအိပ်​အဝတ်​စားနဲ့ဆို​ပေမယ့်​လဲ ဒီအချိန်​မှာ​တော့ ဒါက အ​ရေးမကြီး​ပေ။

သူဘယ်​ကိုသွား​နေမှန်းလဲသူမသိဘဲ
သူ​ခြေ​ထောက်​​ခေါ်​ဆောင်​ရာ​နောက်​ကိုလိုက်​ရင်း
Hallway တစ်​​လျှောက်​​ပြေး​နေရင်းပင်
တစ်​စုံတစ်​​ယောက်​နှင့်တိုက်​မိသည်​။

" Taehyung....? "

Hoseok ရဲ့အသံကိုကြား​ပေမယ့်​လဲ ခပ်​မြန်​မြန်​ပင်
ထို​နေရာက​နေသွားမည်​လုပ်​​တော့ Hoseok က
သူ့အားလှမ်းဆွဲလိုက်​သည်​။

" Hoseok ssi ....လွှတ်​​ပေးပါ...
Jeongguk နဲ့​တွေ့ချင်​တယ်​..."

Taehyung မှာ​ပြောရင်းပင်​ တစ်​ရှုံ့ ရှုံ့ နှင့်
ငို​ကြွေး​နေပြီဖြစ်​သည်​။

" စိတ်​​လျှော့ပါဦး "

" ဟင့်​အင်း ဟင့်​အင်း..ကျွန်​​တော့်​ကို သူ့ဆီပို့​ပေး
Jeongguk ဆီ​ခေါ်သွား​ပေးပါ...
သူနဲ့​တွေ့ချင်​- "

" သူ နန်း​တော်​ထဲမှာမရှိ​နေဘူး "

Hoseok စကား​ကြောင့်​ Taehyung မျက်​လုံးတို့ ပြူးကျယ်​လာရသည်​။

" ဘာ...သူ...သူဘယ်​မှာလဲ "

Taehyung မှာ ကတုန်​ကယင်​ ဖြစ်​လာတာ​ကြောင့်​ စိတ်​သက်​သာရ​စေရန်​ Hoseok က သူ့ပုခုံးအား
အသာထိန်းကိုင်​​ပေးသည်​။

" သူ့အ​ဖေနဲ့ မြို့နယ်​ဘက်​ကို လှည့်​လည်​ဖို့
လိုက်​သွားတယ်​ "

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now