Chapter 22 : Morning

3.2K 328 15
                                    

Zawgyi font

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ...။

" ငါမင်းကိုချစ်​တယ်​ Jeongguk "

Taehyung က ထိုကဲ့သို့ ဖွင့်​ဟ​ပြောဆိုသည်​ကို
ကြားရသည့်​အခါ Jeongguk တစ်​ကိုယ်​လုံး
အေးခဲသွားရသွားသည်​။ ပြီး​နောက်​ သူ့နံ​ဘေးတွင်
တိုးတိုး​လေး ​ဟောက်​ကာ အိပ်​​မောကျ​နေတဲ့
Taehyung ကို သူ​​ငေးကြည့်​​နေမိသည်​။

ရုတ်​တရက်​ဆိုသလို ဒီစကား​တွေက သူ့စိတ်​အာရုံကို
လှည့်​စားချင်​ရုံသက်​သက်​ဘဲလို သူ့စိတ်ထဲ​တွေးလိုက်​သည်​။ Taehyung က ဒီစကားကိုမ​ပြောလိုက်​ဘဲ
ဒီတိုင်း သူ သိပ်​ကြားချင်​​နေတာ​ကြောင့်​ ကြားလိုက်​ရသလို​ပေါ့။ ဒါ​ပေမယ့်​ အခုဆို Taehyung က သူ့ရင်​ခွင်​ထဲတွင်​ အိပ်​စက်​​နေပြီး ထိုစကား​တွေကလဲ အစစ်​မှန်​ဖြစ်​​နေကာ ​ပြောလိုက်​သူမှာလဲ Taehyung ဖြစ်​သည်​။

သူဘယ်​လိုတုံပြန်​ရမယ်​ဆိုတာကို မသိခဲ့ဘူး။
အခုသူ့စိတ်​ထဲ ခံစား​နေရတဲ့ ခံစားချက်​​တွေကို ဘာဆိုတာရှင်းပြရခက်​ခဲ​နေပြီး သူငိုချင်​​နေတာဘဲ သိ​တော့သည်​။

Taehyung နဲ့လက်​ထပ်​ပြီိးပြီး

နှစ်​​ယောက်​တူတူ တစ်​ညတာလဲကုန်​ဆုံးခဲ့ပြီး

Taehyung ရဲ့ ဖွင့်​ဟဝန်​ခံချက်

Jeongguk တွက်​​တော့ ထို​နေ့က အ​ကောင်းဆုံး ​နေ့ရက်​ တစ်​ရက်​ဖြစ်​ခဲ့သည်​။

ဒါ​ပေမယ့်​ Taehyung က သူဒီလိုမျိုး​ပြောလိုက်​တာကို မှတ်​မိပါ့မလား

သူမှတ်​မိသင့်​တယ်​။ သူမှတ်​မိမှာပါ...။

အဲ့ခါကျရင်​ ငါဘယ်​လိုခံစားရတယ်​ဆိုတာ သူ့ကို​ပြောပြရမယ်​။

သူ Taehyung ကို အမှတ်​သား​ပေးချင်​သည်​။
ဒါ​ပေမယ့်​ Taehyung ရဲ့ခွင့်​ပြုချက်​မပါဘဲ ဒီအရာကို သူမလုပ်​ချင်​ဘူး။

Jeongguk က​တော့ သူ့အ​တွေးနဲ့သူ တစ်​ညလုံး​သ​ဘော​တွေကျ​နေကာ သူ့နားတွင်​ အိပ်​​မောကျ​နေတဲ့ အလှပ​ဂေးကိုလဲ သ​ဘောကျသည်​ထက်​ ပို၍ ပို၍ ချစ်​မြတ်​နိုးလာရသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now