Chapter 18 : Twisted

3.1K 374 11
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....

Taehyung မှာ Jeongguk ရဲ့ရင်​ခွင်​ထဲတွင်
ကောင်း​မွန်​စွာအိပ်​​ပျော်​​နေခဲ့​ပေမယ့်​ Jeongguk မှာ​တော့ အ​တွေးနယ်​ချဲ့လို့​ကောင်း​နေဆဲပင်​....။
ဒီလိုအိပ်​မက်​​လေးတစ်​ခု​ကြောင့်​နဲ့ ဘာလို့ သူနဲ့
ပတ်​သက်​တဲ့အရာအားလုံးကို ရပ်​တန့်​ပစ်​ဖို့ဆုံးဖြတ်​ခဲ့လဲဆိုတာကို Taehyung အား သူ​မေးချင်​မိသည်​။ ဒါက ဘာရယ်​လို့မဟုတ်​​ချေ။ လူတိုင်း၌ အိပ်​မက်​ဆိုတာ ရှိသည်​။ အခြားသူ​တွေရဲ့ အိပ်​မက်​ဆို Taehyung ရဲ့အိပ်​မက်​ထက်​​တောင်​ ပို၍ ​ကြောက်​ဖို့​ကောင်း​နေ​သေးသည်​။

Taehyung တကယ်​ဘဲ ​ကြောက်​ရွံ​နေခဲ့တာလား
ဒါမှမဟုတ်​ သူနဲ့​ဝေး​ဝေး​နေချင်​လို့သာ ဒီလို​တွေ....
ဘယ်​လိုဘဲဖြစ်​​နေပါ​စေ အမှန်​တရားကို​တော့ သူသိချင်​သည်​။

မဖြစ်​နိုင်​ပါဘူး။ အခုဆို သူက မင်းနဲ့အတူရှိ​နေပြီ​လေ။ မင်းရဲ့​ရင်​ခွင်​ထဲမှာ....။
သူ​တွေးရင်း ရင်​ခွင်​ထဲတွင်​ အိပ်​​ပျော်​​နေရှာ​သော Taehyung ကြည့်​လိုက်​မိသည်​။

ထိုအခိုက်​တန့်​တွင်​ Taehyung မှာ စတင်​၍
လူးလိမ့်​လာပြီး အိပ်​​နေရာမှ နိုးလာပြီဖြစ်​သည်​။
သူ့မျက်​လုံးတို့ကို ပွတ်​သပ်​​နေရင်းမှ သူဘယ်​လို
အိပ်​​ပျော်​သွားသည်​ကို သတိရသည်​နှင့်​ ချက်​ချင်းဆိုသလို Jeongguk အား​မော့ကြည့်​​ပေမယ့်
Jeongguk က​တော့ သူ့ကိုကြည့်​မ​နေခဲ့။

" Good morning "

Jeongguk ရဲ့ အာရုံစိုက်​မှုကို ရနိုင်​မလားဟု
တွေး၍ သူနှုတ်​ဆက်​လိုက်​​ပေမယ့်​ Jeongguk မှာ သက်​ပြင်းသာချ၍ တစ်​စုံတစ်​ရာ တုံ့ပြန်​ခြင်း
မရှိ။ ထို့​နောက်​ သူလဲစိတ်​ရှုပ်​သွားရကာ ရင်​ခွင်​ထဲမှ
တိုးထွက်​၍  ထထိုင်​ကာ အခုချိန်​ထိ သူ့ကို မကြည့်​လာ​သေးသည့်​ Jeongguk အား ကြည့်​​နေမိဆဲ။

" ဘာဖြစ်​​နေတာလဲ ? " သူ​မေးလိုက်​သည်​။
ထိုအခါမှ Jeongguk လဲ ထထိုင်​လာသည်​။

" ဒါက အိပ်​မက်​​လေးတစ်​ခုဘဲ "

Taehyung မျက်​​မှောင်​ကြုတ်​လိုက်​သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now