Chapter 14 : Delighted

3.6K 418 15
                                    

တစ်စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ.....။

" ဒါဆို မင်းက ဘာလို့ စိတ်​ကိုထိန်းချုပ်​ရခက်​​နေတယ်​ဆိုတာရယ်​.... mate အဖြစ်​​ရွေးချယ်​တယ်​ဆိုတာရယ်​ ပြီး​တော့ ​တောင်းပန်​ပြီး ထွက်​လာခဲ့တယ်​​ပေါ့? "

Hoseok ရဲ့အ​မေးကို Jeongguk က
ခေါင်းငြိမ့်​ပြ၍ Hoseok လုပ်​​စေချင်​သလို
သူအားလုံး လုပ်​ခဲ့ပြီးပြီးမို့ သူ့အားဆက်​ပြီး စိတ်​မဆိုး​စေရန်​ ​မျှော်​လင့်​​နေမိသည်​။

" မင်း​တောင်းပန်​တာကို သူလက်​ခံပြီး
မင်းကို​ရော ခွင့်​လွတ်​​ပေးလား "

Hoseok ကထပ်​​မေး​တော့ Jeongguk ခန္ဓာကိုယ်​မှာ ​တောင့်​မတ်​သွားရသည်​။

သေစမ်း!!!! အမြဲတမ်း ​ပြောချင်​ရာ​ပြောပြီး
Taehyung ကိုကျ ဘာမှ​ပြောခွင့်​မ​ပေးဘဲ
ထွက်​လာခဲ့ပြန်​ပြီး....။

" သူမင်းကို ခွင့်​လွတ်​​ပေးလား "

" ကျွန်​​တော်​ ဒီအတိုင်း သူ့ကို​တောင်းပန်​လိုက်​ပြီး
သူဘာမှမ​ပြောခင်​မှာဘဲ ထွက်​လာခဲ့လိုက်​တာ "

Jeongguk မှာ ရှက်​ကိုးရှက်​ကန်းဖြင့်
သူ့ရဲ့ ကုတ်​ပိုးအား လက်​ဖြင့်​ပွတ်​သပ်​ရင်း​ပြောသည်​။

" ah...ငတုံး! "

Jeongguk က​တော့ ​တောင်းပန်​သည့်​ဟန်​ဖြင့်
Hoseok အားပြုံးပြ​နေသည်​။

" ငါ မင်းကိုထိုးတာ မလုံ​လောက်​​သေးတဲ့ပုံဘဲ "

" အဲ့ဒီအတွက်​ ကျွန်​​တော်​ လက်​စားပြန်​​ချေမှာ "

ပြောပြီးသည်​နှင့်​ အ​ရှေ့သို့တိုးလာကာ Hoseok အား ​​မြေပြင်​​ပေါ်သို့လှဲချဖို့လုပ်​​တော့ Hoseok က Jeongguk အားပြန်​တွန်းထုတ်​​နေကာ
ရုန်းရင်းဆန်​ခတ်​ ဖြစ်​​နေကြပြီး Jeongguk က
Hoseok အား အ​ပေါ်စီးမှ​နေ၍ တက်​ဖိထား​တော့သည်​။

" မင်းကိုယ်​လုံးကြီးက ​လေးလိုက်​တာ ဖယ်​စမ်းပါ "

Jeongguk မှာ တုတ်​တုတ်​မျှမလှုပ်​​ချေ။
တစ်​စုံတစ်​​ယောက်​ရဲ့ ​ချောင်းဟန့်​သံကြားတာ​ကြောင့်
သူတို့နှစ်​ဦးလုံးလှည့်​ကြည့်​လိုက်​​တော့ Taehyung အား ​တွေ့ရသည်​။
သူတို့နှစ်​​ယောက်​ရဲ့ အ​နေထားကို​ပြောရမယ်​ဆိုလျှင်
အရမ်းကိုမှ ကိုးရို့ကားယား နိုင်​လွန်းလှသည်​။
Jeongguk မှာ​တော့ Taehyung ကိုသာ
မျက်​​တောင်​မခတ်​ မလှုပ်​မရပ်​ဘဲ​ကြည့်​​နေခဲ့​သော်​လည်း Hoseok မှာ​တော့ သူတို့နှစ်​​ယောက်​ရဲ့
လူမြင်​လို့သိပ်​မ​ကောင်းတဲ့ အ​နေထား​ကြောင့်
Jeongguk ကို ထုရိုက်​ကာ သူ့အ​ပေါ်မှ ဖယ်​ခိုင်း​တော့သည်​။ ထိုအခါမှ Jeongguk က သူတို့နှစ်​​ယောက်​ရဲ့ အရမ်းကိုမှ နီးကပ်​​နေတဲ့ အ​နေအထားကို သတိပြုပြီး ချက်​ချင်းပင်​ ဖယ်​​ပေး​တော့သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now