Chapter 8 : Fond

3.7K 471 8
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ.....

ခရီးတ​ထောင့်​မနားခင်​အထိ Jeongguk ၏
ရင်​ခွင်​ထဲတွင်​ သူ ​​အေးချမ်းစွာ အိပ်​​ပျော်​​နေခဲ့သည်​။
Namjoon က ခနနားရန်​​ပြောတာ​ကြောင့်
Taehyung ကို Jeongguk အသာ​လေး
လှုပ်​​နှိုးလိုက်​​ပေမယ့်​ မနိုး​သေးဘဲ အနည်းငယ်
ညည်းတွား၍ Jeongguk အား ပူးကပ်​​နေ​အောင်
ပိုမိုဖက်​တွယ်​လာတာမို့ Jeongguk ပြုံးမိသည်​။

" Taehyung...ထ​တော့​လေ "

Taehyung ရဲ့​ကျောအား အသာပွတ်​၍
ထပ်​မံ နှိုး​လေသည်​။

" ဟင့်​အင်း မထချင်​ဘူး "

" နည်းနည်းလန်းဆန်းသွား​အောင်​ ​လေ​ကောင်း
လေသန့်​​လေး ​ပေးရှူပါဦး၊ Tae ကိုယ့်​​ပေါင်​​ပေါ်မှာ
အိပ်​​နေတာ အရမ်းကြာ​နေပြီ "

Taehyung ​ခေါင်း​လေး အနည်းငယ်​​မော့လာပြီး
မျက်​လုံးတို့ဖွင့်​ကြည့်​လာသည်​။ သူ တကယ်​ဘဲ
Jeongguk ရဲ့​ပေါင်​​ပေါ်တွင်​​ရောက်​​နေမှန်း
သူ​သေချာသိပြီး​နောက်​ အလျင်​မြန်​ထရပ်​​တော့
ရထားလုံးရဲ့ အမိုးနှင့်​​ခေါင်း​ဆောင့်​မိ​လေ​တော့သည်​။

" ​တောင်းပန်​ပါတယ်​ "

Taehyung အလျင်​မြန်​ပင်​ တံခါးကိုဖွင့်​၍
ရထားလုံး​ပေါ်မှဆင်းသွား​တော့သည်​။
Jeongguk မှာလဲ သက်​ပြင်းသာချ၍
သူ့ဆံပင်​​တွေကို လက်​နှင့်​သပ်​ရင်း သူလဲ
ရထားလုံးမှထွက်​ခဲ့​တော့သည်​။
Taehyung မျက်​လုံးတို့မှတ်​ထားကာ
သဘာဝ​လေကို တစ်​ဝကြီးရှူရှိုက်​ပြီး​နောက်
တစ်​ဖန်​မျက်​ဝန်းတို့ ပြန်​ဖွင့်​လာ၌ ​ကောင်းကင်​ကို
မော့​ကြည့်​​နေသည်​။
ထိုမြင်​ကွင်းက Jeongguk အတွက်​​တော့
ထူးကဲ​နေသည်​။

သူ့ရဲ့အသား​ရေ၊ မျက်​​တောင်​ရှည်​​လေး​တွေ၊
နှာတဲ့မြင့်​မြင့်​နှင့်​ ပြီး​တော့ သူ့နှာတံရဲ့ထိပ်​တွင်
မှည့်​နက်​က​လေးတစ်​ခုရှိ​တာကို​တော့ Jeongguk
တွေ့ထားနှင့်​ပြီဖြစ်​သည်​။
ထိုအရာ​တွေအားလုံးနှင့်​ပြည့်​စုံ​နေတဲ့
Omega Prince က​ Jeongguk တွက်​​တော့ ကမ္ဘာ​ပေါ်တွင်​ အလှပဆုံးလူသားပင်​ဖြစ်​သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now