Chapter 24 : Agony

2.9K 293 40
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

Daniel က Taehyung ကို​ပွေ့ချီကာ သူ့အနားမှာ ဖြတ်​​လျှောက်​သွားသည်​နှင့်​ သူ့ရင်​ဘက်​ကို ဆုတ်​ကိုင်​၍ ​​မြေပြင်​​ပေါ်သို့ Jeongguk ဒူး​ထောက်​လျက်​ လဲကျသွားသည်​။ Hoseok က သူ့အနားသို့ ချက်​ချင်း​ရောက်​လာပြီး ​ဝေဒနာခံစား​နေရတဲ့ alpha ကို နှစ်​သိမ့်​​ပေးရန်​အလို့ငှါ ပုခုံးကိုကိုင်​လိုက်​​ပေမယ့်
ပိုဆိုးသွားရသည်​။ ထိုအချိန်​မှာ Jeongguk အတွက်​ ဘယ်​လိုထိ​တွေ့မှုမျိုးဖြစ်​ဖြစ်​ အတိုင်းအဆ မရှိသည်​အထိ နာကျင်​ခံစားရ​စေသည်​။

" Jeongguk ပြန်​ရ​အောင်​ "

Hoseok က​ပြောသည်​။ Jeongguk က မျက်​လုံးကိုမှိတ်​၍ ဖြစ်ပျက်​သမျှအရာအားလုံးကို ယုံကြည်​ဖို့ရန်​ ငြင်းဆန်​​နေသည်​။

" Jeongguk "

Hoseok က ထပ်ေ​ပြာ​ပေမယ့်​လဲ အခုချိန်​မှာ သူတစ်​​ယောက်​ထဲ​ဘဲ​နေချင်​မိသည်​။

မဟုတ်​ဘူး ငါ Taehyung ကို​တွေ့ချင်​တယ်​။

သူ တခဏ​လောက်​​တော့ တစ်​​ယောက်​ထဲ​နေချင်​ရုံသာ။

" Jeongguk...သွား​ရ​အောင်​ "

" hyung အရင်​သွား။ ကျွန်​​တော်​ ​နောက်​ကလိုက်​ခဲ့မယ်​ "

သူခံစား​နေရတဲ့ နာကျင်​မှု​ဒဏ်​ကို ထိန်းကာ အံကိုကြိတ်​၍ ​ပြော​သော်​လည်း သူဘယ်​​လောက်​ခံစား​နေရတယ်​ဆိုတာ Hoseok ကြည့်​ရုံနဲ့သိသည်​။

" ငါ မင်းကိုတစ်​​ယောက်​ထဲ မထားခဲ့နိုင်​ဘူး။
ငါ မင်းနဲ့​နေ​ပေးမယ်​ မဟုတ်​လဲ ငါနဲ့တူတူပြန်​လိုက်ခဲ့ "

" ကျွန်​​တော်​ အဲ့ဒီ​နေရာကိုမသွားချင်​ဘူး "

သူ့အသံမှာ အက်​ကွဲ​နေ​လေပြီ။

" မရူးစမ်းနဲ့ Jeongguk၊ မင်းသူ့ကို သွား​တွေ့ဖို့လိုအပ်​တယ်​။ သူသတိရလာတဲ့အခါ သူ​တွေ့ချင်​တဲ့သူက မင်းတစ်​​ယောက်​ထဲဘဲ။ "

Jeongguk က သူ့နဲ့အတူ နန်း​တော်​ကိုပြန်​​အောင်
Hoseokကြိုးစား​နေမိသည်​။ Jeongguk ကို တစ်​​ယောက်​ထဲ ထားခဲ့တာက ​အ​မြော်​မြင်​ရှိတဲ့ ဆုံးဖြတ်​ချက်​မှ မဟုတ်​ဘဲ။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now