Chapter 6 : Intuition

3.8K 464 6
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ....

" Taehyung! "

Taehyung လဲကျသွားသည်​နှင့်​ Jeongguk
Taehyung နာမည်​အား ​အော်​​ခေါ်၍
ပြေးသွားမိသည်​။

" Prince Taehyung.. Taehyung! "

သူ အထိတ်​တလန့်​ဖြစ်​ကာ လှုပ်​နှိုး​ပေမယ့်
Taehyung မှာ တစ်​စုံတစ်​ရာတုံ့ပြန်​မှုမရှိ​ချေ။
အလျင်​မြန်​ပင်​ Taehyung အား​ပွေ့ချီ၍
နန်း​ဆောင်​ဆီ​သို့ ပြန်​လာကြပြီး အထိန်း​တော်​တချို့
ကလဲ သူ၏​နောက်​တွင်​ ကပ်​ပါလာသည်​။

" သမား​တော်​သွား​ခေါ်...အခုချက်​ချင်း! "

အ​စေခံ​တွေကို အမိန့်​​ပေးလိုက်​ပြီး​နောက်
Taehyung အား ​သူ၏နူးညံ့တဲ့ အိပ်​ယာ​ပေါ်တွင်
အညှင်​သာချ၍ လှဲ​နေ​စေသည်​။
Taehyung လက်​​တွေက​အေးစက်​​နေ​ပေမယ့်
သူ၏မျက်​နှာက​တော့ ​နွေး​ထွေး​နေဆဲပင်​။
Taehyung ရဲ့ ဖိနပ်​​တွေကိုချွတ်​ပြီး ကိုင်​ကြည့်​​တော့ သူ့​ခြေ​ထောက်​​တွေလဲ ​အေးခဲ​နေသည်​။

သမား​တော်​​ရောက်​လာတာ​ကြောင့်​ သူ​နောက်​ဆုတ်​​ပေးလိုက်​ပြီး Taehyung အား စမ်းသပ်​​စေသည်​။

ဘာ​တွေဘယ်​လိုဖြစ်​ကုန်​တယ်​ဆိုတာလဲ
Jeongguk မသိ။
သူနဲ့ Taehyung စကား​ပြော​နေတဲ့ အချိန်​ခန​လေး အတွင်းမှာတင်​ဖြစ်​ပျက်​သွားတာ​ကြောင့်​ဖြစ်​သည်​။

ဘာ​ကြောင့်​လဲ? ဘာ​တွေဖြစ်​ကုန်​တာလဲ?
ငါ​ပြောလိုက်​တဲ့စကား​တွေ​ကြောင့်​လား?
မဟုတ်​ဘူး မဟုတ်​ဘူး ဒါဘယ်​လိုမှမဖြစ်​နိုင်​ဘူး!

သူ​တွေး​နေတုန်းမှာ သမား​တော်​က
သူ့ဆီ​လျှောက်​လာ၍ အရို​သေ​ပေးကာ

" ဘာဖြစ်​တာလဲ "

" Crown Prince...ကြည့်​ရတာ
Prince Taehyung က ဒီရက်​ပိုင်းအတွင်း
အစား သိပ်​မစားဘူးထင်​တယ်​။
အဲ့ဒါက သူ့ကိုမူး​ဝေအားနည်း​စေပြီး
သတိလစ်​သွားတာပါ "

ထိုအ​ဖြေ​ကြောင့်​ Jeongguk မျက်​​မှောင်​ကိုသာ
ကြုတ်​၍

" သူ့ခန္ဓာကိုယ်​က အခုအားနည်း​နေပါတယ်​။
ကျွန်​​တော့်​အထင်​​ပြောရရင်​ သူ့ရဲ့ pre-heat
ကာလထဲကို ​ရောက်​​နေတဲ့ လက္ခဏာ လို့လဲ
ပြောလို့ရပါတယ်​ "

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now