Chapter 13 : Sentiments

3.3K 392 18
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ......။

" submit "

Jeongguk ​ပြောကာ Taehyung အား
လွှတ်​ချလိုက်​​သည်​။ စကားတစ်​ခွန်းဆိုရုံမျှသာဖြစ်​​ပေမယ့်​ ထိုစကားတစ်​ခွန်းက Taehyung ကို
အမိန့်​နာခံ​​စေခြင်းနှင့်​အတူ နာကျင်​ခြင်းကိုပါ
ခံစားရ​စေသည်​။

Taehyung မှာ နာကျင်​ခြင်းကိုခံစား​နေရပြီး
သူ့ခန္ဓာကိုယ်​အ​ပေါ်ပိုင်းကို တင်းကြပ်​​နေ​အောင်
သူ့လက်​​တွေနှင့်​ဖက်​တွယ်​ထားသည်​။
ခန္ဓာကိုယ်​တစ်​ခုလုံး​လေးလံ​နေကာ မလှုပ်​နိုင်​ဘဲ
သူ့​ရှေ့တွင်​ရှိ​နေတဲ့ alpha ကို​ကြောက်​ရွံတဲ့
စိတ်​​ကြောင့်​ တစ်​ကိုယ်​လုံး ခိုက်​ခိုက်​တုန်​​နေရှာသည်​။

နာကျင်​မှုမှန်​သမျှကိုခံယူပြီး ဒီတစ်​ကြိမ်​​တော့
လုံးဝမငိုဘူး ဟု သူ့ကိုသူ ပြန်​ကတိ​ပေးမိသည်​။
သူ့ကိုသူထပ်​ပြီး ​ပျော့ညံ့ခွင့်​မပြုနိုင်​​ပေ။

Jeonggukရဲ့ စိတ်​အ​ခြေ​နေမှာလဲ ပုံမှန်​မဖြစ်​​နေပါ။ ဒီအချိန်​မှာ သူ့လုပ်​ရပ်​​တွေ မှန်​သည်​ မှားသည်​ဟူ၍ သူမဆုံးဖြတ်​နိုင်​​ဘဲ ထိန်းချုပ်​မှု​အောက်​က လွတ်​ကဲ​နေခဲ့သည်​။ ထိုအရာ​တွေလုပ်​ခဲ့ပြီး​နောက်​ ​နောင်​တရ ရမည့်​အဖြစ်​ကိုလဲ သူမ​တွေးနိုင်​ရှာ​ပေ။

Jeongguk ရဲ့ မျက်​ဝန်း​တွေမှာ နီရဲ​နေခဲ့ပြီး
ခါးကိုကိုင်းကာ သူ့​ရှေ့မှ omega အား ကြည့်​​နေသည်​။

" ငါ့ကိုကြည့်​! "

Jeongguk ​တောင်းဆိုရုံသာ​ပြော​ပေမယ့်
Taehyung ရဲ့ wolf မှာ​တော့ Jeongguk ရဲ့ ထိန်းချုပ်​လွှမ်းမိုးခြင်းကို ခံ​နေရပြီဖြစ်​သည်​။
အဘယ့်​​ကြောင့်​ဆို Taehyung ရဲ့ wolf ကလဲ Jeongguk အ​ပေါ် တိမ်းညွှတ်​ချင်​​နေခဲ့ပြီး
Jeongguk ဆိုသမျှ အလုံးစုံလိုက်​နာရန်
အဆင်​သင့်​ဖြစ်​​နေခဲ့သည်​။

Jeongguk နှစ်​ခါ​ပြောစရာမလို​အောင်​ပင်
Omega မှာ​ခေါင်း​မော့လာ၍ လှပတဲ့ အပြာ​ရောင်​ မျက်​ဝန်း​တွေနှင့်​ Alpha အား ပြန်​ကြည့်​​နေခဲ့သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now