Chapter 5 : Steadfast

4.1K 485 17
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ......

Taehyung က သူ့မိသားစုဝင်​​တွေကလွဲပြီး
ကျန်​တဲ့ သူစိမ်းမည်​သူ့ကိုမှ သူ့ကို ထိခွင့်​မပြုခဲ့​ပေ။
ဒါကလဲ သူ Alpha ​တွေကို​ကြောက်​တာ​ကြောင့်
ဖြစ်​သည်​။ ညီလာခံနှင့်​ တခြားအ​ရေးကြီးတဲ့​နေရာ
တွေမှာ​တောင်​ alpha ဖြစ်​တဲ့ သူ့အ​ဖေကို​တောင်
သူ​ကြောက်​ရသည်​။

ဒါ​ပေမယ့်​ သူဘာလို့ Jeongguk ကို
မတွန်းထုတ်​ခဲ့တာလဲ။
ဒီမှာမ​နေချင်​ဘဲ လက်​မထပ်​ချင်​ဘဲ သူ့​မွေးရပ်​ကိုဘဲ
ပြန်​ချင်​​နေခဲ့တဲ့ Taehyung က ဘာလို့
Jeongguk ကိုမှ.....။

သူ့ရဲ့ ရနံ့​ကြောင့်​လား ?

သူ့ရဲ့ ​ချော​မောခန့်​ညားတဲ့ မျက်​နှာ​ကြောင့်​လား ?

သူ့ရဲ့ သန်​မာလှတဲ့ ခန္ဓာကိုယ်​​ကြောင့်​လား ?

သူ့မှာ ကြင်​နာတတ်​တဲ့နှလုံးသားရှိတာ​ကြောင့်​လား ?

ဒါမှ မဟုတ်​ရင်​ အဲ့အရာ​တွေအားလုံး​ကြောင့်​လား။

ဘာ​ကြောင့်​ရယ်​လို့​တော့ Taehyung ​သေချာမသိ။

ဒီလိုမျိုးခံစား​နေခဲ့ရတာ ဘယ်​ချိန်​ကတည်းကလဲ

မနက်​က နှစ်​​ယောက်​အပြန်​အလှန်​ 
ထွေး​ပွေ့ထားမှု​ကြောင့်​လား ?..... ဒါမှမဟုတ်

သူလဲကျခဲ့တုန်းက Jeongguk က သူ့အနားမှာ
တွဲထူ​ပေးဖို့အတွက်​ အခွင့်​​ရေး​တောင်းခဲ့တုန်းကလား?

ဘယ်​အရာကိုမှ သူ​သေချာမသိ။
ဒါက Taehyung ရဲ့စိတ်​ကိုရှုပ်​​ထွေး​စေသည်​။

Taehyung ဟာ သူစိမ်းတစ်​​ယောက်​နဲ့
တစ်​ခန်းထဲအတူရှိ​နေရင်​​တောင်
ကြောက်​တတ်​​ပေမယ့်​ အခု​တော့
သူနဲ့သိပ်​မရင်းနှီး​သေးတဲ့လူရဲ့ ​ထွေး​ပွေ့မှု​အောက်​မှာ
သူရှိ​နေသည်​။

ဘာအ​ကြောင်းညာအ​ကြောင်းရယ်​လို့ ​သေချာလဲ
စကားမ​ပြောဖူးတဲ့ Alpha တစ်​​ယောက်​ရဲ့
ရှေ့မှာ စိတ်​လွတ်​ကိုယ်​လွတ်​ လွတ်​လပ်​​ပေါ့ပါးစွာပင်
သူ က ခုန်​ခဲ့မိသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now