Chapter 10 : Reason

3.5K 402 16
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​သူ ကိုယ့်​ရဲ့အမှားသာ....။

အခမ်းနားပြီးသည်​နှင့်​ ပင်​ပန်းတာ​ကြောင့်
သူဘာမှမလုပ်​ချင်​​တော့ဘဲ အိပ်​ချင်​​နေမိသည်​။
Jeongguk က​တော့ King ရဲ့ဆင့်​​ခေါ်ခြင်း
ခံရလို့သွား​နေတာ​ကြောင့်​ Hoseok ကဘဲ
သူ့အိပ်​ခန်းဆီသို့ လိုက်​ပို့​ပေးသည်​။

" လက်​ထပ်​ပွဲကိစ္စနဲ့ ပတ်​သက်​ပြီး ​ပျော်​ရွှင်​ဖို့
hyung ​မျှော်​လင့်​တယ်​... "

Hoseok စကား​ကြောင့်​ Taehyung မှာ
ရပ်​လိုက်​ပြီး Hoseok အား ကြည့်​​နေသည်​။

ဒီလက်​ထပ်​ပွဲနဲ့ပတ်​သက်​ပြီး Taehyung
အဆင်​​ပြေတယ်​လို့ သူတကယ်​ထင်​ခဲ့မိသည်​။
အခုဆို Taehyung နဲ့ Jeongguk တို့
နှစ်​ကြိမ်​​တောင်​ နမ်းခဲ့ပြီးပြီဖြစ်​သည်​။ ဒါကိုဘာလို့
Taehyung က တွန့်​ဆုတ်​​နေမှန်း သူမ​တွေးတတ်​​ပေ။ ဘာ​ကြောင့်​ရယ်​လို့​တော့ သူအ​ဖြေရှာမ​တွေ့​ပေမယ့်​ သူ့စိတ်​က​တော့ အလိုလိုသိ​နေသည်​။

" အင်း​ပေါ့.....​ပျော်​တာ​ပေါ့ "

သူ့စကားကို Hoseok ယုံ​အောင်​လို့ ကြိုးစားပြီး
ပြုံးကာသူ​ပြောလိုက်​သည်​။

" ​ကောင်းပါတယ်​... "

ပြီး​နောက်​ Taehyung အား ပြုံးပြကာ
နှုတ်​ဆက်​၍ ထွက်​သွားခဲ့သည်​။
Taehyung မှာ​တော့ သူ့ရဲ့စိတ်​​ရှုပ်​စရာ​ကောင်းတဲ့ အ​တွေးတချို့နှင့်​ကျန်​ရစ်​ခဲ့သည်​။

ဒီလက်​ထပ်​ပွဲနဲ့ပတ်​သက်​ပြီး သူတကယ်​ကို
ပျော်​ရွှင့်​သင့်​သည်​ဟု Taehyung ​တွေးမိသည်​။
သူတကယ်​ဘဲ ​ပျော်​ရွှင်​သင့်​သည်​မဟုတ်​ပါလား။
Jeongguk ဟာ ​ကောင်းတဲ့ သူတစ်​​ယောက်​၊
သန်​မာတယ်​၊ ဂရုစိုက်​တတ်​တယ်​၊ တခြား​သော
Alpha ​တွေနှင့်​လဲမတူ​ပေ။ ဒါ​ပေမယ့်​.....
Jeongguk နှင့်​လက်​ထပ်​ဖို့ အဆင်​သင့်​ဖြစ်​​နေပြီးဆိုတာကို ဝန်​ခံဖို့ သူဘာလို့တွန့်​ဆုတ်​​နေရတာလဲ။

ထို့အပြင်​.....

Jeongguk သာ သူနဲ့လက်​ထပ်​လိုက်​ရင်
Jeongguk အန္တရာယ်​ဖြစ်​မယ်​လို့ သူဘာ​ကြောင့်
ခံစား​နေရတာလဲ။
ထိုစိတ်​ခံစားချက်​က Minister Lee နှင့်
သူ​တွေ့ဆုံပြီးကတည်းက သူ့ကို အ​နှောင့်​အယှက်
ပေး​နေ​တော့သည်​။
ဒီလက်​ထက်​ပွဲက သူနဲ့ Jeongguk အ​ပေါ်
မ​ကောင်းတာ တစ်​စုံတစ်​ခုဖြစ်​​စေလိမ့်​မည်​ဟု
သူခံစား​နေရသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)حيث تعيش القصص. اكتشف الآن