Chapter 19 : Threshold

3K 380 10
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

" ​နောက်​တစ်​ကြိမ်​ မင်းတို့ငါ့​ရှေ့​ရောက်​လာပြီဆိုတာနဲ့ ဒီကိစ္စကို ဘယ်​သူလုပ်​လဲဆိုတာကို သိချင်​တယ်​။
အဲ့ဒီမျိုးမစစ်​​ကောင်​က ဘယ်​သူလဲဆိုတာ အမြန်​ဆုံး သိချင်​တယ်​။ ဘာဘဲလုပ်​ရ လုပ်​ရ ပြသနာမရှိဘူး "

Jeongguk သူ့စိတ်​ကိုသူ အတတ်​နိုင်​ဆုံးထိန်း၍
အံကိုသာ ခပ်​တင်းတင်းကြိတ်​၍​ပြောလိုက်​သည်​ကို
Daniel ၊ Hoseok နှင့်​ Yugyeom တို့က
နာခံစွာ ​ခေါင်းငြိမ့်​ပြကြသည်​။

ဒီ​နေ့က သုံးရက်​​မြောက်​​နေ့ရှိပြီဆို​ပေမယ့်
Taehyung မှာ သတိလစ်​​နေဆဲဖြစ်​သည်​။
အသက်​ရှူနှုန်း နှင့်​ နှလုံးခုန်​နှုန်းတို့ ပုံမှန်​ဖြစ်​​နေပြီး
ဖြစ်​​​သော်​လည်း သတိမရ​သေးတာ​ကြောင့်​ Jeongguk မှာ​ဆောက်​တည်​ရာ မရဖြစ်​​နေ​တော့သည်​။ အခုချိန်​ထိ တရားခံကိုရှာမ​တွေ့​သေးကာ
နန်း​တော်​ထဲမှာဘဲ ဖြစ်​သွားရတဲ့အချက်​က Jeongguk အား ပို၍ စိတ်​ဆိုး​ဒေါသဖြစ်​​စေသည်​။
ဒီလူတစ်​​ယောက်​​လေးကို​တောင်​ သူဘာလို့မရှာနိုင်​ရတာလဲ...?။

ဒီတ​လော Taehyung ရဲ့အနားမှာဘဲ ​နေဖြစ်​ပြီး အစာ​တောင်​ သိပ်​မစားဖြစ်​​ပေ။ အိပ်​ယာ​ပေါ်တွင်​ လဲ​လျောင်း​နေတဲ့ Taehyung ကိုသာ အနားမှ​နေ၍ ​စောင့်​ကြည့်​ရှာသည်​။ Taehyung ရဲ့အသံကိုမကြားရတာ၊ Taehyung ရဲ့ အပြုံး​တွေကိုမမြင်​​တွေ့ရတာ၊ Taehyung ကိုမထိ​တွေ့နိုင်​တာက
သူ့အား ဒီ​လောက်​ထိ ခံစားရခက်​​စေလိမ့်​မယ်​လို့
သူဘယ်​တုန်းကမှ မထင်​မှတ်​မိခဲ့။

ဘုရင်​မင်းမြတ်​နဲ့ ဘုရင်​မ မှာ​တော့ Yoongi နှင့်
Jimin အား ​ညီငယ်​ဖြစ်​သူကို ​ကောင်း​ကောင်း ဂရုမစိုက်​နိုင်​ခဲ့တာ​ကြောင့်​ ​တောင်းပန်​​လေသည်​။
Seokjin လဲ နန်း​တော်​ဆှသို့ပြန်​လာပြီး Taehyung ရဲ့ မိခင်​ဖြစ်​သူ Alpha Queen မှာလဲ အလွန်​မှ စိတ်​ဆိုး​ဒေါသဖြစ်​​နေ​တော့သည်​။
သူမ ဘာ​ကြောင့်​ စိတ်​မဆိုးဘဲ​နေနိုင်​မှာလဲ...။
သူမ ​ရောက်​လာတဲ့အချိန်​ထိ သားဖြစ်​သူမှ သတိမရ​သေး​ပေ။ ​ပြီး​နောက်​ မင်္ဂလာပွဲကျင်းပဖို့ရက်​ကလဲ သုံးရက်​သာကျန်​ရှိ​တော့သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now