Chapter 39: Slumber

1.8K 229 10
                                    

Unicode

Unicode ပြောင်းလိုက်ပြီဆိုတော့ Unicode က အပေါ်ရောက်လာပြီး Zawgyi font က အောက်ရောက်သွားမယ်နော်

တစ်စုံတစ်ရာမှားယွင်းခဲ့သည်ရှိသော်
ဘာသာပြန်ဆိုသူ မိမိ၏အမှားသာ....။

အခမ်းအနားငယ်လေးဆိုပေမယ့် Haethon ရဲ့ နန်းတော်ကကြယ်လေးတွေပြည့်နှက်နေသလို တဖိတ်ဖိတ်တောက်ပနေသည်။ ထိုအခမ်းအနားငယ်လေးက Yujin နဲ့ Hoseok တို့ရဲ့ လက်ထပ်ထိမ်းမြားပွဲဖြစ်သည်။

ယခုဆိုလျှင် ဘုရင်တစ်ပါးဖြစ်ရတာ မလွယ်ကူဘူးဆိုတာကို Taehyung နားလည်လာသည်။ ဒါကို ဘုရင်တစ်ပါးဖြစ်တဲ့ Jeongguk က ကိစ္စအ၀၀ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသည်ကို သူတွေးမိသည်။

Jeongguk ပြီးရင် ဒီနန်းတော်ကြီးက Taehyung နဲ့လဲ သက်ဆိုင်သည်။ Taehyung က Jeongguk ရဲ့ ညာလက်ရုံးသကဲ့သို့။ နန်းတော်ကို Taehyung က ထိန်းချုပ်ပြီး ဘုရင်တစ်ယောက်တည်းက လုပ်ကိုင်ခွင့် ရှိတာမျိုးကိုတော့ Jeongguk ကဘဲ ကိုင်တွယ်ဖြေရှင်းသည်။

ထို့အပြင် ပွဲသဘင် အခမ်းနားတွေအတွက် နန်းတော်ကိုပြင်ဆင်ခင်းကျင်းတာကို Jihyun ထက်ကို Taehyung ကပိုသဘောကျနေသေးသည်။ လွန်ခဲ့တဲ့ ရက်အနည်းက နန်းတော်ကိုရောက်လာကြတဲ့ က်ုယ်စားလှယ်အဖွဲ့ကြောင့် Jeongguk သာမက သတို့သားဖြစ်သူ Hoseok ကိုယ်တိုင်ကပါ အလုပ်များနေကြတာမို့ ပြင်ဆင်မှု အားလုံးကို Taehyung ကသာတာ၀န်ယူ ဦးစီး၍ဆောင်ရွက်ပေးသည်။

တော်၀င်မျိုးနွယ်တစ်ယောက်ရဲ့ မင်္ဂလာပွဲမဟုတ်ပေမယ့်လဲ အပြင်ဆင်က တော်၀င်သူတစ်ယောက်ရဲ့ပွဲနဲ့တူနေလေသည်။ မင်္ဂလာပွဲမှာ Hoseok ဘက်က ဆွေမျိုးတွေရယ်လို့ မရှိပေ။ Hoseok က မိဘမဲ့ဖြစ်ပြီး သူ့အသက် ၈ နှစ်အရွယ်မှာ မိဘမဲ့ဂေဟာမှ နန်းတော်သို့ အခေါ်ခံရခဲ့ခြင်းကြောင့်ဖြစ်သည်။ Yujin ဘက်မှာလဲ သူမရဲ့ အမေဖြစ်သူနှင့် အစ်ကိုဖြစ်သူသာရှိသည်။ ဆိုတော့ ဒီအတိုင်း ခမ်းနာတဲ့ ပွဲလေးဖြစ်နေသည်။

"မင်းသားလေး Hansol က နေလို့မကောင်းဘူးထင်တယ် "

Jihoon က မင်္ဂလာပွဲအတွက် ငိုနေတဲ့ hansol လေးကိုအင်္ကျီလဲပေးရင်းပြောလိုက်သည်။ Taehyung ကိုယ်တိုင်လဲအ၀တ်စားလဲပြီးလို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
အပေါ်ကအင်္ကျီအဖြူနဲ့အောက်က အမဲရောင် ဘောင်းဘီရှည်ကို၀တ်ဆင်ထားပြီး ဆံပင်ကတော့ raspberry ရောင်နှင့် ခါတိုင်းလိုပင် သူမတူတဲ့အလှမျိုးနှင့် လှမြဲ လှလို့နေသည်။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now