Chapter 26 : Drifted

2.5K 285 30
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

အဝတ်​ဗလာနှင့်​ အိပ်​ယာ​ပေါ်တွင်​ ​စောင်​ကိုခြုံကာ လှဲ​နေရင်း Jeongguk အဝတ်​အစား ဝတ်​​နေသည်​ကို ဝမ်းနည်းဆုံးပြုံးရင်း သူကြည့်​​နေမိသည်​။

Mark အ​ပေးခံလိုက်​ရတဲ့အချိန်​ Taehyung တစ်​​ယောက်​ဘယ်​လိုများခံစား​နေရမလဲဆိုတာကို ဘယ်​သူကများသိရှိနိုင်​မှာလဲ? သူ​သေချင်​​လောက်​​အောင်​ကို ခံစားခဲ့ရသည်​။ ဒီအမှားတစ်​ခု​ကြောင့်​ Jeongguk အမြဲလိုလို ခံစား​နေရတာကို သူ​တွေ့​နေရသည်​။ သူလုပ်​ခဲ့တဲ့ ဒီအမှားကဘဲ သူတို့နှစ်​​ယောက်​ရဲ့ သာယာလှပတဲ့ ဆက်​ဆံ​ရေးကို ဒီလို​တွေဖြစ်​​စေခဲ့တာဖြစ်​သည်​။

သူ့ကိုယ်​​သူ ဘယ်​​တော့မှ တစ်​ပါး​သူအတွက်​ ​ကောင်းခြင်း​တွေ ယူ​ဆောင်​လာ​ပေးတဲ့သူလို့ တစ်​ခါ​လေးမှမခံယူထားခဲ့။ ဆိုးရွားတဲ့အ​ခြေ​နေအရပ်​ရပ်​ကိုသာ ဖြစ်​​ပေါ်​စေလာတဲ့သူ။ တစ်​ပါးသူတစ်​​ယောက်​ရဲ့ ဘဝကို ဖျက်​ဆီးမိလို့ သူ့ကိုသူ အမြဲတမ်း ပြန်​မုန်း​နေမိခဲ့သည်​။ သူ့အ​ဖေ ​သေဆုံးခဲ့ရခြင်းအ​ကြောင်းရင်းက သူကိုယ်​တိုင်​ပင်​ ဖြစ်​​နေခဲ့ပြီး Jeongguk ကို နာကျင်​​စေတာကလဲ သူကိုယ်​တို​င်​ပင်​။

Jeongguk စိတ်​ထဲ အ​တွေးထဲမှာ ဘယ်​​လောက်​​တောင်​ ခံစား​နေရတယ်​ဆိုတာကို သူသိသည်​။ Jeongguk ကိုယ်​တိုင်​​ရော Jeongguk ရဲ့ wolf ​ရော ဘယ်​​လောက်​​တောင်​ နာကျင်​ခံစား​နေရလိမ့်​မလဲ။ သူ့ရဲ့ နာကျင်​ခံစားရမှု​တွေက Jeongguk ​ရှေ့မှာဆို သူ ခံနိုင်​ရည်​ရှိ​ပေမယ့်​ Jeongguk ခံစား​နေရတာကို​တော့ သူမကြည့်​​နေနိုင်​​တော့​ပေ။ ဒါ​တွေအားလုံးကို သူတစ်​​ယောက်​ထဲကဘဲ ခံစားသင့်​တာ။ Jeongguk မခံစားသင့်​ဘူး။ Jeongguk က ဘယ်​လို နာကျင်​ ပူ​ဆွေးမှုမျိုးကိုမှ မခံစားသင့်​ဘူး။

" ​တောင်းပန်​ပါတယ်​ Gukkie "

Taehyung ရဲ့ ရုတ်​တရက်​ဆန်​တဲ့ စကားလုံး​တွေ​ကြောင့်​ အဝတ်​ ဝတ်​​နေရင်း Jeongguk ရပ်​တန့်​သွားရသည်​။ ပြီး​နောက်​ မျက်​​မှောင်​ကိုကြုတ်ပြီး Taehyung အား ကြည့်​ကာ

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now