Chapter 30 : Song

2.8K 276 7
                                    

Zawgyi Font

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

Taehyung တစ်​​ယောက်​ စိတ်​ထဲတွင်​ မ​ကျေမနပ်​ဖြစ်​​နေမိသည်​။

သူတို့ အားလုံးမနက်​စာ စားပြီးသည်​အထိ Jeongguk နှင့်​ ​တော်​ဝင်​တပ်​သားသုံး​ယောက်​တို့မှာ
Taehyung အား ဘာ​တွေဖြစ်​ခဲ့တယ်ဆိုတာကို မ​ပြောပြခြင်း​ကြောင့်​ဖြစ်​သည်​။ အားလုံးလဲ ​ရှော့ခ်​ရကာ အံ့သြ​နေကြသည်​။ Jihyun ကိုယ်​တိုင်​ကလဲ Taehyung က သာမန်​မဟုတ်​ဘဲ ထူးခြားတယ်​ဆိုတာကို ​ပြောဖူးသည်​​လေ။ အခု ဒါဟာအမှန်​ဘဲဆိုတာကို သက်​​သေပြလိုက်​ပြီဖြစ်​သည်​။ သူဟာ ​လူတစ်​​ယောက်​ရဲ့​သေခြင်းတရားကို ကြိုပြီးသိမြင်​​နိုင်​တယ်​ဆိုတာကို တစ်​နည်းနည်းနဲ့​တော့ Taehyung သိရှိထားပြီဖြစ်​သည်​။ အဲ့ဒီစွမ်းရည်​​ကြောင့်​လဲ သူနာမည်​အသစ်​တစ်​ခုကိုလဲ လက်​ခံရရှိထားတာကိုလဲသိ​နေသည်​။
ပြီး​တော့ သူ့ရဲ့ အိပ်​မက်​၊ Jeongguk ကိုမက်​တဲ့ အိပ်​မက်​။ ဒီအရာကို သူ့ရဲ့ ကိုယ်​တွင်း အရိုးထဲထိစိမ့်​​နေ​အောင်​ ​ကြောက်​ရွံ​စေသည်​။ ဒါ​တွေကို သိ​နေတာ​တောင်​ Jeongguk က ဘာလို့ အရမ်းတည်​ငြိမ်​​နေရလဲဆိုတာကို​တော့ သူလုံးဝ မသိ​ပေ။

Taehyung အခုချိန်​မှာ သိပ်​ကိုစိတ်​ဆိုး​နေပြီဖြစ်​သည်​။ ဘာ​ကြောင့်​ဆို သူ့ခင်​ပွန်းဖြစ်​သူ၊ သူ့အစ်​ကို၊ သူ့ရဲ့​ယောက်​ဖနဲ့ ​တော်​ဝင်​တပ်​သားသုံး​ယောက်​မှာ သူ့အား ဒီတိုင်းသာ စိုက်​ကြည့်​​နေကြ​သော​ကြောင့်​ဖြစ်​သည်​။ ကြာလာတာနဲ့အမျှ စိတ်​ပို၍ဆိုးလာကာ ​ဒေါသပင်​ထွက်​လာရသည်​။

" ကျွန်​​တော့်​ကို ဒီလိုမျိုး ကြည့်​​နေတာကို ရပ်​လိုက်​ပါ​တော့! "

စားပွဲခုံကို လက်​နှင့်​ရိုက်​ကာ Taehyung ​အော်​​ပြောလိုက်​သည်​။ Seokjin ခမျာ ရုတ်​တရက်​ထိတ်​လန့်​သွားပြီ နှလုံးသားတစ်​ခုလုံး ပြုတ်​ကျသွား​တော့မလိုပင်​။ Jeongguk နှင့်​ကျန်​တဲ့သူများမှာလဲ ခန္ဓာကိုယ်​​လေး တစ်​ချက်​တွန့်​သွားပြီး Taehyung ကိုဆက်​ပြီး မကြည့်​​နေ​တော့​ပေ။ သူတို့ဘာမှမလုပ်​ထားသလိုသာ ဟန်​​ဆောင်​၍ ​နေ​နေကြသည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now