Chapter 40: Reign

3.6K 267 21
                                    

Unicode

တစ်စုံတစ်ရာမှားယွင်းခဲ့သည်ရှိသော်
ဘာသာပြန်ဆိုသူ မိမိ၏အမှားသာ.....။

"သားလေးက အရွယ်ရောက်နေပြီးလေ၊ ကလေးလိုလုပ်မနေနဲ့တော့"

အသက် ၁၀ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ သားဖြစ်သူကို Taehyung ပြောလိုက်သည်။
Hansol က သူ့ရဲ့အိပ်ယာပေါ်တွင် နှုတ်ခမ်းလေးဆူကာ ထိုင်နေပြီး သူ့ရဲ့ပုံစံလေးက အိမ်ရှေ့စံတစ်ယောက်၊ True blood တစ်ယောက်ဖြစ်နေပေမယ့်လည်း သိပ်ကိုချစ်ဖို့ကောင်းနေသည်။

"သားက ကလေးလိုလုပ်နေတာမဟုတ်ပါဘူး၊ သူက သားကို အမြဲအဆင်မပြေအောင်လုပ်နေတာ။"

"ဒါပေမယ့် သားက သူ့ကိုအမြဲရန်စနေတာလေ။ သူ့ဘက်ကလဲတောင်းပန်လည်း သားကထပ် စနေတာကိုး"

"Nayeon က အကျင့်ပုတ်တယ်"

"Hansol!! ဒါဘယ်လိုအပြောအဆိုမျိုးလဲ? သားရဲ့ ညီမလေး Haneul တောင် ဘယ်လိုပြောဆိုရမလဲဆိုတာ သားထက်ပိုသိတယ်နော်"

Taehyung က အနည်းငယ်ထပ်ဆူလိုက်တော့ အိမ်ရှေ့စံလေးက ပို၍ နှုတ်ခမ်းဆူလားသည်။

Nayeon ဆိုတာက Daniel ရဲ့ ၇နှစ်အရွယါရှိပြီးဖြစ်တဲ့ သမီးလေးဖြစ်သည်။ သူမရဲ့ အမေက မိဘမဲ့က မိဘမဲ့ တစ်ယောက်ဖြစ်သည်။ သို့ပေမယ့် Nayeon လေး ၂နှစ်အရွယ်မှာဘဲ ဆုံးပါးသွားခဲ့သည်။ ထိုအချိန်က Daniel မှာအရမ်းကို ယူကျုံးမရဖြစ်ခဲ့ပြီး ဘယ်မိန်းကလေးကိုမှ ထပ်ပြီးစိတ်၀င်စားခြင်းမရှိတော့ပေ။ Taehyung က သူမရဲ့သေဆုံးခြင်းကိုတွေ့ရှိခဲ့ပေမယ့် သူမကို ကယ်တင်နိုင်မဲ့နည်းလမ်းမရှိခဲ့ပေ။ သူမရဲ့ရောဂါကို ဘယ်လိုမှကုသမနိုင်ခဲ့ပေ။

၅နှစ်ကြာပြီးနောက် Yujin နှင့် Hoseok တို့လဲ သားလေးတစ်ဦးဖွားမြင်ခဲ့သည်။ Haneul နဲ့အသက်အတူတူပင်ဖြစ်သည်။ နောက်ပိုင်းမှာ Yujin က ထပ်ပြီးကိုယ်၀န်မဆောင်နိုင်တော့ သူတို့သိခဲ့ရပြီး သားလေးကသာ သူတို့နှစ်ယောက်ရဲ့ ကမ္ဘာငယ်လေးဖြစ်ခဲ့သည်။

Hansol က ကလေးဆိုးလေးဖြစ်သည်။ သူက အမြဲ Nayeom ကို နောက်ပြောင်တတ်ပေမယ့် Nayeom ကတော့ ဘာမှမပြောပေ။
ဒါပေမယ့် ဒီနေ့တော့ သူမက တစ်ခုခုလုပ်လိုက်ပြီးဖြစ်သည်။ သူမက Hansol ကို ဆေးရည်တွေပက်ကာ ထွက်ပြေးသွားခဲ့ပြီး အခုဆို Hansol လေးက Taehyung ရဲ့ရှေ့မှာ တစ်ကိုယ်လုံးပန်းရောင်ဖြစ်ကာ ထိုင်နေခြင်းဖြစ်သည်။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now