Chapter 21 : Beautiful

4K 386 36
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

Jeongguk ​ဆေးကုသမှုခံယူပြီး​နောက်​တွင်
Namjoon နှင့်​အတူ အခြား​တော်​ဝင်​တပ်​သားတို့လဲ ​ဆေးကုသမှုခံယူကြသည်​။ Jeongguk မှာ Taehyung ရဲ့အိပ်​မက်​ကို ​တွေးရင်းစိတ်​ရှုပ်​လာရသည်​။ ဒီအိပ်​မက်​က တကယ်​ဘဲ မှန်​​နေတာလား။
အမြဲတ​စေ ဂရုစိုက်​​နေရ​အောင်​ လက်​​တွေ့ဘဝမှာ
တကယ်​ဘဲအ​ရေးကြီးကိစ္စဖြစ်​​နေခဲ့ပြီလားဆိုတာ​တော့ သူကိုယ်​တိုင်​ ​သေချာမသိ​သေး​ပေ။

အန္တရာယ်​ဖြစ်​မှာကို Taehyung ကသိ​နေတာ​ကြောင့်​ သူ့အားမသွားရန်​​တောင်းဆိုခဲ့​သော်​လည်း Taehyung ရဲ့အ​တွေး​တွေ မှား​နေတာဆိုတာကို သူ သက်​​သေပြချင်​ခဲ့တာ​ကြောင့်​ မဖြစ်​ ဖြစ်​​အောင်​ သူသွားခဲ့သည်​။ အဆုံးသတ်​မှာ​တော့ သူကိုယ်​တိုင်​မှား​နေတာကို သက်​​သေပြပြီး​နေပြီဖြစ်​သည်​။ Taehyung က ဖခင်​ဖြစ်​သူ ​သေဆုံး​သွားသည်​ကိုပင်​ သူ့အိပ်​မက်​ထဲမှာ မြင်​မက်​ဖူးခဲ့သည်​။ အခု သူက ​သေမယ်​ ပြိး​တော့.....

အခုချိန်​ Jeongguk သူ့ရဲ့ဘဝဆိုတာကို ဂရုမစိုက်​နိုင်​ဘဲ Taehyung က ဘယ်​လိုအရာမျိုးလဲဆိုတာကို သူပို၍စိတ်​ဝင်​စားလာခဲ့သည်​။ Taehyung က ဘာ​တွေထပ်​ပြီး ဖုံးကွယ်​ထား​သေးတာလဲ။ Jeongguk အတွက်​​တော့ Taehyung မှာ ပုံမှန်​မဟုတ်​ဘဲ အမှန်​တကယ်​ပင်​ ထူးခြားမှုရှိ​နေသည်​။

သူအ​တွေးလွန်​​နေစဉ်​တွင်​ ဘုရင်​မ Jihyun ​ရောက်​လာကာ သားဖြစ်​သူနှင့်​ နှစ်​​ယောက်​ထဲစကား​ပြောချင်​တာ​ကြောင့်​ အခြားသူများအား ထွက်​သွား​စေရန်​ အမိန့်​​ပေးလိုက်​သည်​။

" ဒဏ်​ရာ​တွေက နာ​နေတုန်းလား "

သားဖြစ်​သူက healing လုပ်​ပြီးသည်​ကိုသိ​သော်​လည်း မိခင်​တို့ရဲ့ သဘာဝအတိုင်း စိုးရိမ်​ပူပန်​ကာ
မေးလိုက်​သည်​။

" မနာ​တော့ပါဘူး " ပြုံးပြ၍ သူ​ပြန်​​ဖြေလိုက်​သည်​။

" Taehyung က သားကို အရမ်းစိတ်​ပူ​နေတာ
သားသူ့ကို သွား​တွေ့သင့်​တယ်​ "

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now