Chapter 23: Forced

2.8K 290 15
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

Taehyung နိုးလာတဲ့အချိန်​ အနားတွင်​ Jeongguk မရှိ​နေခဲ့​ပေ။ သူ အထိတ်​တလန့် ဖြစ်​သွားရကာ Jeongguk သူ့အနားမှာမရှိတဲ့ အခိုက်​တန့်​​လေးက သူ့အတွက်​ အိပ်​မက်​ဆိုးတစ်​ခုလိုပင်​ဖြ်း​သည်​။ သူ ထထိုင်​လိုက်​ပြီး စိတ်​ငြိမ်​​အောင်​ ကြိုးစား​နေ​တော့သည်​။

တစ်​ခုခုအ​ရေးကြီးတာရှိလို့ သူထွက်​သွားတာ​နေမှာ။

သူက crown prince ​လေ သူ့မှာ တာဝန်​​တွေ အများကြီးရှိတယ်​။

စိတ်​မပူပါနဲ့ မနက်​စား စားကြရင်​ သူ့ကို​တွေ့ရမှာဘဲကို။

သူနဲ့​တွေ့ပါ့မလား ?

Taehyung အသက်​ကိုပြင်းပြင်းရှူကာ သူ​ခေါင်းကို ရှင်းထုတ်​လိုက်​သည်​။ ဒါ​တွေကို သူဆက်​မ​တွေးချင်​ပါ။ သူဆက်​​တွေး​နေရင်​ သူရူးသွားလိမ့်​မယ်​။

ထမင်းစားခန်းဘက်​ကိုသူသွား​တော့ အထဲတွင်​ ဘုရင်​၊ ဘုရင်​မနှင့်​ သူ့အစ်​ကိုဖြစ်​သူ Seokjin ကိုသာ ​တွေ့လိုက်​ရတာ​ကြောင့်​ Taehyung တစ်​​ယောက်​ ​ရှော့ခ်​ရသွား ရသည်​။ ​ကြောက်​ရွံ့မှု​တွေက သူ့ကို လွမ်းမိုးလာသည်​။ Jihyun က သူ့ကို သတိထားမိသွားပြီး​နောက်​ ပြုံးပြကာ လက်​ယက်​​ခေါ်ပြီး လာထိုင်​ခိုင်း​လေသည်​။

စားပွဲဝိုင်းဆီသို့ ​ဖြည်းညင်းစွာ​လျှောက်​သွားကာ ထိုင်​လိုက်​သည်​။ သူ ထိုင်​လိုက်​သည်​နှင့်​ Seokjin က သူ့အားပြုံးပြလာသည်​။ ထိုအပြုံးက ပုံမှန်​မဟုတ်​ဘူးဆိုတာကို Taehyung ရိပ်​မိ​နေသည်​။

" တခြားသူ​တွေ​ရော ဘယ်​​ရောက်​​နေကြတာလဲ "

မတတ်​နိုင်​​တော့။ သူ​မေးလိုက်​မိသည်​။ ဘယ်​သူမှလဲ သူ့ကို ဘာမှမ​ပြောကြဘူး​လေ။

" သူတို့​တွေ တ​လောကမှ အနိုင်​ရထားတဲ့ အိမ်​နီးချင်း ​ဒေသဘက်​ကိုထွက်​သွားကြတာ "

Jihyun ရဲ့စကားဆုံးသည်​နှင့်​ Taehyung ရဲ့ ခံစားချက်​​တွေလဲ မ​ကောင်း​တော့​ပေ။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now