Chapter 34 : Tender

2.5K 277 31
                                    

တစ်​စုံတစ်​ရာမှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ....။

Taehyung ထိုအတိုင်းမ​နေ​နေဘဲ Taeyong ၏ ထိန်းကိုင်​​ပေးခြင်းဆီက​နေ ရုန်းထွက်​လိုက်​သည်​။
ထိုအခါ Taeyong ကလဲ သူ့အပြုမူကိုပြန်​လည်​ ပြင်​ဆင်​ပြီး ချက်​ချင်းပင်​ အ​နောက်​သို့အ​နည်းငယ်​ ဆုတ်​သွားသည်​။

" ​တောင်းပန်​ပါတယ်​။ ကျွန်​​တော်​ လမ်းကို​သေချာကြည့်​ပြီး မသွားလိုက်​မိဘူး "

Taeyong ရဲ့စကား​ကြောင့်​ Taehyung မျက်​​မှောင်​ကြုပ်​လိုက်​မိသည်​။

" မင်းကဘာလို့​တောင်းပန်​​နေရတာလဲ?
တကယ်​ လမ်းကိုမကြည့်​ဘဲသွား​နေတဲ့လူက ငါပါ။
ငါက ​တောင်းပန်​ရမဲ့သူပါ "

တကယ်​ဆို Taehyung က Taeyong ကို တိုက်​မိခဲ့တာပါ။ ဒါကို ဘာလို့ Taeyong က​တောင်းပန်​​နေရတာလဲ?

" oh..မဟုတ်​တာဘဲ...။ မ​တောင်းပန်​ပါနဲ့
ဒီလိုလုပ်​ရင်​ ကျွန်​​တော်​​နေလို့​ကောင်းမှာမဟုတ်​ဘူး "

ဒီတစ်​ခါ​တော့ Taeyong က ​ပြောရင်း ဦးညွတ်​ထား​လေသည်​။

" ဒါ​ပေမယ့်​ ​ကျေးဇူးတင်​ပါတယ်​။
မင်း​ကြောင့်​ငါမပြုတ်​ကျသွားတာ "

Taehyung က ပြုံးကာ​ပြော​တော့
Taeyong က သူ့ကို တအံ့တသြနှင့်​​မော့ကြည့်​လာသည်​။ ပြီး​နောက်​ Taehyung ကိုပြန်​ပြုံးလိုက်​သည်​။

" တကယ်​လို့စိတ်​မရှိဘူးဆိုရင်​ ကျွန်​​တော်​​မေးပါရ​စေ
ဘယ်​က​နေပြီး​တော့ အလျင်​စလိုဖြစ်​လာရတာလဲ
အနားယူသင့်​တယ်​​လေ..."

Taehyung ကသက်​ပြင်းချလိုက်​ပြီး​နောက်
ပြန်​​ဖြေသည်​။

" Jeongguk ကို​တွေ့ဖို့သွားတာပါ....
ဒါ​ပေမယ့်​ သူက သူ့ရဲ့ တစ်​ဝမ်းကွဲညီမဆိုတဲ့သူနဲ့
ရှိ​နေတယ်​...."

Taehyung ပြုံးဖို့ကြိုးစား​ပေမယ့်​ မ​အောင်မြင်​ခဲ့ပါ။
Taeyong ကလဲ မျက်​​မှောင်​ကြုပ်​လျက်​သားဖြင့်

" အရှင်​ Jeongguk က Yujin နဲ့ ? "

Taeyong က​မေး​တော့ Taehyung ​ခေါင်းသာ
ငြိမ့်​ပြလိုက်​သည်​။
ထို့​နောက်​ Taeyong အံကြိတ်​လိုက်​မိသည်​။
Taehyung က​တော့ သတိမထား​မိ​ပေ။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now